ကောင်းကင်ကြီးက ကြည်လင်နေကာ ကြယ်ကလေးများ တလုံးနှစ်လုံးပင်မြင်နေရသည်။ မူ့ဖော်ကတော့ နေ့လယ်က အဖြစ်အပျက်ကို တွေးမိကာ ငြိမ်နေမိသည်။ ထို့နောက်မှ သတိရသွားကာ “ဂျရာ့ဖ်ဆိုတာဘာလဲသိလား” ဟူ၍ ဘူးမြာကို မေးမိသည်။ ဘူးမြာကတော့ အဝေးရှိ အမှောင်ထုကို ငေးလျက်နှင့်ပင် “သစ်ကုလားအုတ်ကိုခေါ်တာ”ဟု ခပ်လေးလေးပြောသည်။ မူ့ဖော်၏ ပါးနှစ်ဖက်တွင် ပူခနဲဖြစ်သွားသည်။
Information
- Show
- Published23 October 2025 at 04:00 UTC
- Length8 min
- Episode76
- RatingClean
