ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

  1. 2 HR AGO

    ငဖဲမြို့နယ်တွင်း နတ်ရေကန် ဗျူဟာ စခန်းက ဘယ်လောက် အရေးပါတဲ့ စခန်းလဲ

    အောက်တိုဘာ ၁၃ ရက်၊ တနင်းလာနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - ငဖဲမြို့နယ်တွင်း နတ်ရေကန် ဗျူဟာ စခန်းက ဘယ်လောက် အရေးပါတဲ့ စခန်းလဲ - အရှေ့အလယ်ပိုင်း ဒေသတွင်း အရုဏ်ဦးအသစ် စပေါ်လာတော့မယ်လို့ သမ္မတ ထရမ့်ကပြော ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။ လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့ Satellite Thaicom 6 Orbital position 78.5° East Frequency 12687MHz Polarisation Vertical Symbol rate 30.000Msym/s FEC 5/6 Modulation DVB-S #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    16 min
  2. 1 DAY AGO

    ဂါဇာအပစ်ရပ်အစီအစဉ်အရ အထင်ကရ ပါလက်စတိုင်းအကျဉ်းသား ခုနှစ်ဦးထဲက အနည်းဆုံး နှစ်ဦး ပြန်လွှတ်

    - ဂါဇာအပစ်ရပ်အစီအစဉ်အရ စာရင်းပေးထားတဲ့ အထင်ကရ ပါလက်စတိုင်းအကျဉ်းသား ခုနှစ်ဦးထဲက အနည်းဆုံး နှစ်ဦး ပြန်လွှတ်ပေးဖို့ အစ္စရေးကို ဟားမတ်တောင်းဆို - မြန်မာနိုင်ငံက လူငယ် ဆယ်ဦးမှာ လေးဦးဟာ စိတ်လုံခြုံမှု မရှိတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂ UNDP က အစီရင်ခံစာထုတ်ပြန် - လူငယ်တွေ ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်လိုက်တဲ့နောက်ပိုင်း အလုပ်သမားအေဂျင်စီတွေမှာပါ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရ - ထားဝယ်မြို့နယ်ထဲက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနေရာကို စစ်တပ်က အင်အား အများအပြား တိုးချထား - ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံတွေ ထပ်မံပျက်စီးခဲ့ - တရားမဝင် နိုင်ငံထဲ ဝင်လာမှု တားဆီးဖို့ အီးယူနိုင်ငံတွေမှာ ဒစ်ဂျစ်တယ် ခြေရာခံစနစ်သစ်တစ်ခု စတင်ကျင့်သုံး - တရုတ်ပို့ကုန်တွေအပေါ် အမေရိကန်က ၁၀၀ ရာခိုင်နှုန်း အခွန် ထပ်ဆောင်း ချမှတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်လက်စားချေမယ်လို့ တရုတ်ပြော - ဘင်္ဂလားဒေ့ရှ်မှာ ဆေးယဉ်ပါးမှုတွေ တိုးလာနေတဲ့ တိုက်ဖွိုက်ရောဂါကနေ ကလေးငယ် သန်းပေါင်းများစွာကို ကာကွယ်ဖို့ နိုင်ငံတဝန်း ကာကွယ်ဆေး ထိုးမှုတွေ စတင်လုပ်ဆောင်

    16 min
  3. 2 DAYS AGO

    တိုက်ပွဲဖြစ်ရာ အညာဒေသက နေရာအများစုမှာ စစ်တပ်က ပါရာ မော်တာ၊ ဂျိုင်ရို ကော်ပတာ စတဲ့ စက်တပ်လေ

    - အပစ်ရပ်ထားတဲ့ ဂါဇာဒေသမှာ ပါလက်စတိုင်း သိန်းပေါင်းများစွာ နေအိမ် ပြန်နေ - တိုက်ပွဲဖြစ်ရာ အညာဒေသက နေရာအများစုမှာ စစ်တပ်က ပါရာ မော်တာ၊ ဂျိုင်ရို ကော်ပတာ စတဲ့ စက်တပ်လေထီးတွေ အသုံးပြုတိုက်ခိုက်လာနေ - သံတွဲနဲ့ ဂွမြို့နယ်တွေထဲ စစ်တပ်က ရေပြင်ကနေရော ဝေဟင်ကနေပါ တိုက်ခိုက်တာတွေ ရှိလာနေတာမို့ စစ်ရေး သတိရှိကြဖို့ ဒေသခံတွေကို အေအေက အသိပေးထုတ်ပြန် - မန္တလေး - မတ္တရာလမ်း၊ ကျောက်ပန်းတောင်း - ညောင်ဦးလမ်းမကြီးတွေကို စစ်တပ်က စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်လာနေ - လွန်ခဲ့တဲ့ နှစ်နှစ် ဟားမတ်ရဲ့ စီးနင်းတိုက်ခိုက်မှုကနေ အသက်ရှင်လွတ်မြောက်ခဲ့သူတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင် - လက်ဘနွန်နိုင်ငံ တောင်ပိုင်းက အရပ်ဘက် အဆောက်အအုံတွေအပေါ် အစ္စရေးတိုက်ခိုက်ခဲ့မှု လက်ဘနွန်သမ္မတ ရှုတ်ချ - အိန္ဒိယမှာ ရောက်နေတဲ့ တာလီဘန် နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲ အမျိုးသမီးသတင်းထောက်တွေ တက်ရောက်ခွင့် မပြုတဲ့အတွက် အခြေအတင်အငြင်းပွားစရာ ဖြစ်နေ - တရုတ်ရဲ့ ပို့ကုန်တွေအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ထပ်ဆောင်း ချမှတ်မယ်လို့ သမ္မတထရမ့် ခြိမ်းခြောက်

    15 min

Ratings & Reviews

4.8
out of 5
4 Ratings

About

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

More From BBC

You Might Also Like