Dawei Watch Podcast

စက်တင်ဘာလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ဘုတ်ပြင်းမှာ စစ်အာဏာရှင်တပ်က အမျိုးသမီးတစ်ဦးကို ဖမ်းသွားပြီးနောက် အကြိမ်ကြိမ် မုဒိမ်းကျင့်တဲ့ အခြေအနေ

- သရက်ချောင်းမှာ မသန်စွမ်းအဘွားတစ်ဦးကို စစ်အာဏာရှင်တပ်သားက မုဒိမ်းကျင့်တဲ့ သတင်း

- ထားဝယ်မှာ Application နဲ့ သုံးဘီးငှားနိုင်တဲ့စနစ် စတင်စမ်းသပ်တဲ့ အကြောင်း

- လမိုင်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီး မြို့ခံတစ်ဦး ဒဏ်ရာရတဲ့ အခြေအနေ

- ကန်ချနဘူရီမှာ ကားမှောက်ပြီး တရားမဝင် ဝင်လာတဲ့ မြန်မာ ၂၈ ဦး ဖမ်းဆီးခံရတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။