အခုလို Stay Home ကာလမှာ ဘာသာစကားအသစ်တွေ လေ့လာနေတဲ့ / လေ့လာချင်တဲ့ သားသားမီးမီးတို့ ရှိလား 🙋
အခုခေတ် လူငယ်တွေ၊ သားသားမီးမီးတို့ဟာ ဘာသာစကားတစ်မျိုးထက် ပိုမိုပြောတတ်လာကြတယ်။
ဒါကြောင့် တခြားနိုင်ငံတွေ ၊လူမျိုးတွေနဲ့ ဘာသာစကားဖလှယ်ပြီး သူငယ်ချင်းအသစ်တွေလည်း တိုးပွာလာကြတယ်။
သားသားမီးမီးတို့ရော အကျိုးကျေးဇူးတွေ အများကြီးရရှိမယ့် ဘာသာစကားအသစ်တွေကိုလေ့လာချင်ကြလား 👀
စူးစမ်းလေ့လာ ဥဥကုကုတို့ကမ္ဘာ ရဲ့ အပိုင်း (၉) လေးမှာဆိုရင်တော့ သားသားမီးမီးတို့အတွက် " " နဲ့ ပတ်သက်ပြီး ဥဥ နဲ့ ကုကု ဇီးကွက်နှစ်ကောင်က ပြောပေးသွားမှာဖြစ်ပါတယ်။
ဒီနေ့ Podcast Episode လေးမှာဆိုရင်တော့
- ဥဥ နဲ့ ကုကု သူငယ်ချင်းဇီးကွက် ၂ ကောင်ကရော အခုတလော ဘာတွေလုပ်နေလဲ
- ဘယ်လို ဘာသာစကား အသစ်တွေကို သင်ယူလေ့လာနေတာလဲ
- ဘာသာစကားတွေ သင်ယူရခြင်းရဲ့ အကျိုးကျေးဇူးတွေကရော ဘာတွေလဲ
- ဒါ့အပြင် သိပ္ပံ Hub က "အခမဲ့" ပြုလုပ်သွားမယ့် "စိတ်၀င်စားစရာ Language ကမ္ဘာ" ဆိုတဲ့ ပွဲ ကနေ ဘာတွေကို လေ့လာနိုင်မလဲ
ဆိုတာ ဥဥ နဲ့ ကုကု ဇီးကွက်နှစ်ကောင်က အကြံပေး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် "စိတ်၀င်စားစရာ Language ကမ္ဘာ" ပွဲကို တက်ရောက်ဖို့ စိတ်၀င်စားတဲ့ ဖေဖေမေမေသားသားမီးမီးတို့ရော ၊ ဘာသာစကားတွေ အများကြီးလေ့လာချင်ကြတဲ့ သားသားမီးမီးတို့ရော၊ ကိုယ့်ရင်သွေးလေးတွေကိုတိုးတက်စေချင်ကြတဲ့ဖေဖေမေမေတို့ရော ဒီနေ့အပိုင်းလေးကိုမဖြစ်မနေ နားထောင်သင့်ပါတယ်နော်။ 🤫
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Information
- Show
- PublishedNovember 14, 2021 at 3:05 PM UTC
- Length11 min
- Season1
- Episode9
- RatingClean
