ကဗျာမရှိဘဲ ကျနော် မနေနိုင်ဘူး။ အသက်ရှုသလို ရေသောက်သလို ထမင်းစားသလိုပဲ ကဗျာက ကျနော်ရဲ့ အစိတ်အပိုင်းတခုပဲ။ ကဗျာရေးဖို့ တကူးတက ကြိုးစားမနေရဘူး။ ကဗျာတွေ ကသာ သူ့အလိုလို ကျနော် ခေါင်းထဲကို ရောက်လာတာ။ အဲ့ဒါက ကံဆိုးတာလား ကံကောင်းတာလားတော့မသိဘူး။ ကျနော့်ရဲ့ ကြမ္မာပဲ။ ကျနော်အရင်ဘဝက ကဗျာဆရာ ဖြစ်ခဲ့လိမ့်မယ်။ နောက်ဘဝလည်း ကဗျာဆရာပဲ ဖြစ်ချင်တယ်။ မေး – ဒီနေ့ခေတ် မျိုးဆက်သစ် ကဗျာဆရာတွေကို ဘာများပြောချင်လဲ။ ဖြေ – မင်းတို့ရဲ့ ကဗျာတွေ နေ့တိုင်းတိုးတက်နေရမယ်။ ရှိပြီးသားနဲ့ မကျေနပ်နဲ့။ မင်းတို့ ဖန်တီးထားတာထက် ပိုကောင်းတဲ့အရာတွေ ရှိနေသေးတယ်ဆိုတာ သိထားပါ။ ကဗျာတပုဒ်ပြီး တိုင်းမှာ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် ကြိုးစားပါ။
Information
- Show
- PublishedJanuary 27, 2022 at 9:39 AM UTC
- Length11 min
- RatingClean