ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

  1. 2시간 전

    AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရခိုင်ရိုးမအစပ် အမ်း-ပဒါန်းလမ်းမပေါ် မကွေးတိုင

    - အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ဂျူးအခြေစိုက်စခန်းသစ်တွေ ထပ်ဖွင့်ဖို့ အစ္စရေး လုံခြုံရေးကက်ဘိနက် အတည်ပြု - AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရခိုင်ရိုးမအစပ် အမ်း - ပဒါန်းလမ်းမပေါ် မကွေးတိုင်းထဲက စခန်းတချို့ကို စစ်တပ်ဘက်က ပြန်သိမ်း - စစ်ကိုင်းတိုင်း ခင်ဦးမြို့အတွင်း ပြီးခဲ့တဲ့ရက်က စစ်ရှောင်တွေနဲ့ ခရီးသွားယာဉ်တန်း ပိတ်မိချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ တစ်ဒါဇင်ကျော်ရှိပြီလို့ ဒေသခံတွေပြော - လုပ်ကိုင်ခွင့် ပေးထားပြီးဖြစ်တဲ့ လုပ်ငန်းနဲ့ စီမံကိန်းတွေကို အထောက်အထား မခိုင်လုံဘဲ ဝေဖန်ကန့်ကွက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ စစ်ကော်မရှင်ထုတ်ပြန် - ဆော်ဒီအာရေဗျမှာ အခုနှစ်အတွင်း လူပေါင်း ၃၅၀ နီးပါးကို အစိုးရက စံချိန်တင် ကွပ်မျက်စီရင်ခဲ့ - သြစတြေးလျနိုင်ငံ ဘွန်ဒိုင်ကမ်းခြေ ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သူ ၁၅ ဦးကို အောင်းမေ့ သတိရတဲ့ အခမ်းအနား ဆစ်ဒနီမြို့မှာ ကျင်းပ - ထိုင်းနိုင်ငံနဲ့ အခုနောက်ဆုံး နယ်စပ်ဖြတ်ကျော် ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် လူ ငါးသိန်းကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကမ္ဘောဒီးယား အစိုးရပြော - တောင်အာဖရိကနိုင်ငံ ဂျိုဟက်နက်စ်ဘာ့ဂ်မြို့မှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုအတွင်း လူ ကိုးဦး သေဆုံး

    15분
  2. 1일 전

    ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နဲ့ လက်ပံလှရွာကို စစ်တပ်က ပြန်ထိန်း

    - ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နဲ့ လက်ပံလှရွာကို စစ်တပ်က ပြန်ထိန်းချုပ်လိုက် - ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ခံထားရသူပေါင်း ရာနဲ့ချီ ရှိနေပေမဲ့ ဒေသတချို့မှာတော့ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေဆဲ - မြန်မာနိုင်ငံက အင်တာနက် ပြတ်တောက်မှု အခြေအနေ - လိင်ကိစ္စကျူးလွန်ခဲ့သူ ဂျက်ဖရီ အပ်စတီးန်ရဲ့ အမှုနဲ့ ပတ်သက်တဲ့ ဖိုင်တွဲတွေ အားလုံး ထုတ်ပြန်ပေးဖို့ ကျူးလွန်ခံရသူတွေထဲက တချို့က တောင်းဆိုနေပါတယ်။ - လုပ်ကြံခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ကျောင်းသား ခေါင်းဆောင်ရဲ့ စျာပန လူသိန်းသောင်းချီတက်ခဲ့၊ ဆန္ဒပြမှုတွေ ဆက်ရှိနေ - ရွေးကောက်ပွဲ မတိုင်ခင် ဘင်္ဂလားဒေ့ရှ်မှာ အကြမ်းဖက်ဆူပူမှုတွေ တိုးလာနေ - ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်းနဲ့ ဇနီး ကို နိုင်ငံတော်ပိုင် လက်ဆောင်တစ်ခုကနေ အကျိုးအမြတ်ယူခဲ့မှုနဲ့ ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ်

    15분
  3. 12월 14일

    ဘွန်ဒိုင်းကမ်းခြေက ဂျူးဘာသာရေး အခမ်းအနားတခုကို ပစ်မှတ်ထား တိုက်ခိုက်ခံရတာကြောင့် လူ ၁၂ ယေ

    - ရွှေကုက္ကိုလ်က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို ရှင်းလင်းရာမှာ နယ်ခြားစောင့်တပ် BGF တချို့ မပူးပေါင်းတာရှိပြီး အဲဒီလို မပူးပေါင်းသူတွေကို ခွဲခြားအရေးယူမယ်လို့ စစ်တပ်ပြောခွင့်ရ သူက ပြော - ရုရှားနဲ့ ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးရေး ခြေလှမ်း - ထိုင်းနဲ့ ကမ္ဘောဒီးယား အပြန်အလှန် တိုက်ခိုက်နေပေမယ့် သမ္မတထရမ့်ကတော့ အပစ်ရပ်ဖို့ သဘောတူထားပြီးပြီလို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြော - သြစတြေးလျက ဂျူးအခမ်းအနား ပစ်ခတ်မှုအတွင်း သေဆုံးသူ ဆယ်ဂဏန်းချီရှိ - မြောက်ကိုရီးယားနဲ့ တင်းမာမှု ဖြေလျော့ဖို့ ကြိုးစားတဲ့ တောင်ကိုရီးယားဟာ လွှတ်တော်မှာ ဥပဒေကြမ်းတရပ်ကို အတည်ပြုခဲ့တဲ့ သတင်းတွေ အပြင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်းတွေ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    15분
4.3
최고 5점
122개의 평가

소개

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

BBC의 콘텐츠 더 보기

좋아할 만한 다른 항목