ဒီနေ့အတွက်စကား

Padamyar FM

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

  1. 15H AGO

    If you know the benefits you can get if you spend less than you can earn,

    ရှာနိုင်တာထက် လျှော့သုံးဖို့ဆိုတာက ပြောဖို့ထက် လုပ်ဖို့ခက်ပါတယ်။ ရေရှည်အကျိုးစီးပွားအတွက် လက်ငင်းပျော်ရွှင်မှုကို စွန့် လွှတ်နိုင်ဖို့ လိုပါတယ်။ ငွေကြေးကို သုံးစွဲဖို့ထက် စုဆောင်းဖို့ ဦးစားပေးရမှာပါ။ အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ မိမိကိုယ်ကို စည်း ကမ်းကြပ်မတ်ဖို့လည်းလိုပါတယ်။ဒါပေမယ့် ရှာနိုင်တာထက် လျှော့သုံးနိုင်မယ်ဆိုရင် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကို သိထား မယ်ဆိုရင် လက်ငင်းပျော်ရွှင်မှုတွေကို စွန့်လွှတ်ရတာထိုက်တန်တယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုအကျိုး ကျေးဇူး တွေ ရနိုင်မလဲ။         ကြွေးမြီကင်းစေတယ်။ရှာနိုင်တာထက် လျှော့သုံးနိုင်မယ်ဆိုရင်အကြွေးတင်တော့မှာ မဟုတ်ပါဘူး။ လက်ငင်းငွေပေးချေ နိုင်တာ တွေကိုပဲ ဝယ်ပါ။တတ်နိုင်သမျှ စိစစ်ချွေတာပါ။ လိုချင်တာတွေထက် လိုအပ်တာတွေကိုပဲဝယ်ပါ။အကြွေးမတင်တော့တဲ့အတွက် အကြွေးအတွက်ပေးရတဲ့ အတိုးနှုန်းထားတွေအတွက်ပါသက်သာသွားစေနိုင်ပါတယ်။ စိတ်ဖိစီးမှု နည်းစေတယ်။ ရှာနိုင်တာထက် လျှော့သုံးဖို့ဆုံးဖြတ်ထားတဲ့အခါမှာ ဝယ်ချင်ခြမ်းချင်စိတ်တွေ နည်းသွားပါလိမ့်မယ်။ ဒါ့အပြင်ငွေတစ်ကျပ်တစ်ပြားစီတိုင်းက ရည်ရွယ်ချက်ရှိနေနိုင်ပါတယ်။ လစဉ်ဝင်ငွေကို သိထားပြီးသုံးစွဲမှုကို စနစ်တကျစီမံခန့်ခွဲနိုင်တဲ့အခါမှာ ငွေကြေးပူပင်သောကနဲ့စိတ်ဖိစီးမှုတွေ လျော့နည်းသွားပါလိမ့်မယ်။ ငွေတွေ ဘယ်လိုကုန်သွားလဲဆိုတာအံ့သြမနေရပဲ ပေးစရာရှိတာတွေကို ပေးနိုင်တဲ့ အတွက် စိတ်ပူပင်မှုတွေနည်းသွားမှာပါ။

    3 min
  2. 1D AGO

    Invest in yourself. Find the right job. Don't settle for ordinary. Create more revenue streams. Spend less than you can earn.

    ချမ်းသာကြွယ်ဝဖို့အတွက် နည်းလမ်းအမျိုးမျိုးကို ဖတ်ဖူးလေ့လာဖူးကြမှာပါ။ ဒါပေမယ့် ဘယ်နှစ်ခုကိုလက်တွေ့လုပ်ဖူးပါသလဲ။ နည်းလမ်းအများစုကလည်း သဘောတရားအားဖြင့် ဟုတ်သလိုရှိပေမယ့် လက်တွေလုပ်ဖို့ အလှမ်းဝေးနေတတ်ပါတယ်။ ဒါဆိုရင် ချမ်းသာကြွယ်ဝလာဖို့ လက်တွေ့ကျကျလုပ်ဆောင်နိုင်တဲ့နည်းလမ်း မရှိဘူးလား။ ရှိပါတယ်။ ဘာတွေဖြစ်မလဲ။    မိမိကိုယ်ကိုယ်ရင်းနှီးမြုပ်နှံပါ။ အောင်မြင်သူတိုင်းဟာ သူတို့ရဲ့အရည်အချင်းတွေ တိုးတက်လာဖို့ အချိန်၊ ခွန်အားနဲ့ ငွေကြေးတွေကို ရင်းနှီးမြုပ်နှံလေ့ရှိကြပါတယ်။ အခြားသူတွေကို ကူညီနိုင်ဖို့ မိမိကိုယ်ကိုယ် အကူအညီမလိုအပ်သူတစ်ယောက်ဖြစ်အောင် အရင် လုပ်ဖို့လိုပါတယ်။ လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ဆည်းပါ။ အရည်အချင်းတွေ ပြည့်စုံနေမှ အခွင့်အလမ်းပေါ်လာချိန်မှာ အမိ အရဖမ်းဆုပ်ရယူနိုင်မှာ ဖြစ်ပါတယ်။

    3 min
  3. 2D AGO

    Do I really need it? How much time did I work to earn this money? Can I get it at a cheaper price?

    လကုန်ခါနီးရင် ပိုက်ဆံပြတ်သွားတာက ထုံးစံတစ်ခုလို့ ဖြစ်နေပြီလား။ တစ်လတစ်လ အလျင်မှီဖို့ မနည်းကြိုးစားနေရပါသလား။ ငွေစုချင်ပေမယ့်စုဆောင်းစရာ ငွေပိုငွေလျှံ မရှိဖြစ်နေပါသလား။ဒါဆိုရင်တော့ ငွေသုံးစွဲမှုကိုပြန်လည်ဆန်းစစ်ဖို့ လိုနေပါပြီ။ ငွေကို စိစစ်ချွေတာသုံးစွဲပြီးစုဆောင်းနိုင်ဖို့အတွက် ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။                                                 တကယ် လိုအပ်လား? မလိုအပ်တာတွေကို ဝယ်တာက ကိုယ့်အိတ်ထဲကကိုယ်ပြန်ခိုးနေတာပါပဲ။ နောက်တစ်ခါ တစ်ခုခုကို ဝယ် ချင်စိတ်ဖြစ်လာရင် “တကယ်လိုအပ်လို့လား”ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ငွေကြေးကိုထိန်းချုပ်နိုင်ဖို့အတွက် လိုအပ် တာနဲ့ လိုချင်တာကို ကွဲပြားဖို့ လိုပါတယ်။မရှိရင်မဖြစ်တဲ့ လိုအပ်တာတွေအတွက် ငွေသုံးတာက အမှားမဟုတ်ပါဘူး။ မလိုအပ်ပဲလိုချင်တာတွေအတွက် သုံးတာကတော့ ငွေကြေးအကြပ်အတည်းတွေနဲ့ ကြုံရစေနိုင်ပါတယ်။အခန့်မသင့်ရင် အကြွေးတောင် တင်နိုင်ပါသေးတယ်။

    3 min
  4. 3D AGO

    If you don’t try hard after reaching the age of 30, you won’t be able to achieve success

    အသက်၃၀ဆိုတဲ့အရွယ်ဟာဘဝရဲ့ ပျှမ်းမျှတစ်ဝက်အချိန်လို့ဆိုနိုင်သလို တစ်ဆစ်ချိုးကာလလို့လည်းပြောနိုင်သလို အောင်မြင်တိုးတက်ရေးအတွက်မဖြစ်မနေစတင်လုပ်ဆောင်ရတော့မယ့်အချိန်လည်းဖြစ်ပါတယ်။ အသက်၃၀အရွယ် မှာမှကြိုးစားတာမျိုးမလုပ်ခဲ့ရင် ကျန်သေးတဲ့ ဘဝအသက်တာမှာ ဘယ်လိုအကြောင်းအရာတွေဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ပေးသွားတော့မှာပါ။                                                                                                                                အရွယ်မှာ ပိုက်ဆံကို ရေလိုမသုံးသင့်တော့ပဲ နောင်ရေးအတွက်စုဆောင်းသင့်ပါတယ်။ တစ်ယောက်ထဲနေဖို့ဖြစ်ဖြစ်၊ ကိုယ်ပိုင် ဘဝတစ်ခုဆိုထူထောင်ဖို့အတွက် ဖြစ်ဖြစ် ရေရှည်ကို ကြိုတွေးပြီး စုဆောင်းသင့်ပါပြီ။ ပြီးတော့မိသားစုကို အချိန်ပိုပေးဖို့ လည်း မမေ့ပါနဲ့။ မိသားစုဆိုတာက အဖေ၊ အမေ ညီအစ်ကိုမောင်နှမတွေအပြင် ဆွေမျိုးတွေဖြစ်တဲ့ တူ၊ တူမတွေအထိ ပါဝင်ပါတယ်။ ကိုယ်ကဒီအချိန်မှာ ပေးကမ်းစွန့်ကျဲထားမှ တချိန်ကျရင် သူတို့က ကိုယ့်အပေါ် ကျေးဇူး သိတတ်တာတွေခံစားရမှာပါ။

    3 min
  5. 4D AGO

    Perfectionism Is The Main Enermy of Happiness.

    လောကမှာ မချမ်းသာချင်တဲ့သူ၊ မအောင်မြင်ချင်တဲ့သူ ရှိချင်ရှိမယ်။ဒါပေမဲ့ မပျော်ချင်တဲ့သူဆိုတာ မရှိဘူး။ သူများနဲ့ နည်းတူ မပျော်နိုင်ဘူးဆိုရင်တော့ကိုယ့်တစ်ကိုယ်ရည် စိတ်ထဲမှာတော့ စိတ်ချမ်းမြေ့ချင်ကြတာ လူ့သဘာဝပဲ။ လူ့ဘဝမှာပျော်ရွှင်မှု ဆိုတာ အရေးအကြီးဆုံး အခန်းကဏ္ဍထဲမှာ ပါပါတယ်။ လူအားလုံးကလည်းပျော်ရွှင်ဖိုပဲ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပျော်ရွှင်မှုဆိုတာဟာတစ်ဖက်သူဆီမှာ သွားရှာဖွေရမယ့် ပျော်ရွှင်မှု မဖြစ်သင့်ပါဘူး။ ပျော်ရွှင်မှု ဆိုတာကိုယ့်ကိုယ် ကိုယ်မှာပဲ ရှိတာမျိုးပါ။ လူအများစုကကိုယ်ပျော်ရွှင်ရင်ပြီးရော တစ်ဖက်လူ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုပြီးပျော်တတ်ကြတယ်။ တကယ်တော့ အဲ့လို ပျော်ရွှင်မှုမျိုးကလည်း ပျော်ရွှင်မှုအစစ်မဟုတ်ပါဘူး။ နောက်ပြီး လူတစ်ယောက်ပျော်ရွှင်ဖိုအတွက်ဆိုရင် ဘယ် အတိုင်း အတာထိရောက်မှ ပျော်ရွှင်ရမယ် ဆိုတာမျိုးလည်း မရှိပါဘူး။ တစ်ခုခုစားရလို့ စိတ်ကျေနပ်သွားတာ၊ တစ်ခုခု သွားရလို့ စိတ် ချမ်းသာသွားတာ၊ တစ်ခုခုလုပ်လိုက်လို့ပီတိဖြစ်သွားတာဟာ ပျော်ရွှင်မှုပဲ ဖြစ်ပါတယ်။ အရာအားလုံး ပြီးပြည့်စုံသွားမှပျော်ရွှင်ရမယ်ဆိုရင် ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်တော့ဘူး။

    3 min
  6. 5D AGO

    Complimenting Another Person Is Free.

    ဒီနေ့အတွက်စကားနေ့စဉ်ဘဝကိုဖြတ်သန်းရာမှာ ဘယ်အရာမဆို စိတ်ထဲ ဝမ်းနည်းရတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုး မှာစိတ်ကြည်လင်လန်းဆန်းလာဖို့ အကောင်းဆုံးနည်းလမ်းက တစ်ယောက်ယောက်ကို ချီးကျူးစကားပြောလိုက်တာပါပဲ။ တစ်ခြား သူတွေကို ချီးကျူးစကားပြောတာကသင့်ရဲ့စိတ်ခံစားမှုကိုလည်း ကြည်လင်လန်းဆန်းစေနိုင်တာဖြစ်ပါတယ်။ ဒါတင်မက သေးပါ ဘူး။ချီးကျူးစကားပြောခြင်းရဲ့ အခြားအကျိုးကျေးဇူးတွေရှိပါသေးတယ်။                                                                          တစ်နေ့တာ အလုပ်တွေ၊ စိတ်ညစ်စရာတွေနဲ့ များပြီး စိတ်သောကရောက်နေရခြင်းကနေ သက်သာသွားဖို့ တစ်ယောက်ယောက်ကို ချီးကျူးစကားပြောကြည့်လိုက်ပါ။ချီးကျူးစကားပြောတဲ့အခါမှာ တစ်ဖက်သားအပေါ်မှာ အာရုံစိုက်ရတာကြောင့် ကိုယ်ပိုင် သောကတွေ ခဏလောက် မေ့လျော့သွားစေပါတယ်။ ချီးကျူးခံရသူအနေနဲ့လည်း ကျေနပ်ပီတဖြစ်သွားစေနိုင်ပါတယ်။ဒီအခြေအနေက နှစ်ယောက်စလုံးအတွက် စိတ်တွေ ပေါ့ပါးလန်းဆန်းစေတဲ့အလှည့်အပြောင်းတစ်ခုပါပဲ။

    3 min
  7. 6D AGO

    You teach people how to treat you by what you allow, what you stop, and what you reinforce.

    ပေါင်းသင်းဆက်ဆံရေးဆိုတာသိပ်ကိုမှခက်ခဲတဲ့ဘာသာလို့လူတိုင်းကလက်ခံထားကြတယ်။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့ သူကစီးပွားဥစ္စာရှာဖွေတဲ့အခါမှာပဲဖြစ်ဖြစ် အကူအညီလိုတဲ့အခါမှာပဲဖြစ်ဖြစ် အထောက်အကူရနိုင်ချေပိုပြီးများတတ်တယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးတိုင်းဟာ ကြည်လင်တဲ့ကန်ရေပြင်လိုထွင်းဖောက်မြင်နိုင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် လူတစ်ယောက်ရဲ့ အတွင်းစိတ်အခြေအနေကိုဖောက်ထွင်းသိမြင်နိုင်ဖို့ ဘယ်ပညာရပ်ကမှ အလုံးစုံအသုံးမတည့်နိုင်ဘူး။ ဆိုရိုးစကားတစ်ခုရှိတယ်။ ကိုယ်ပြုသည့်ကံပဲ့တင်သံကိုယ့်ထံပြန်လာမည်တဲ့။ဆိုလိုတာကတော့ သူများဆီကနေကောင်းတာ လိုချင်တယ်ဆိုရင် ကိုယ့်အနေနဲ့လည်းကောင်းအောင်နေရမယ်။ကောင်းကောင်းမွန်မွန် ဆက်ဆံရေးကိုလိုချင်ရင် ကိုယ့်ဘက်က လည်းအောက်ကျို့သင့်တာအောက်ကျို့ချိုသာသင့်တာချိုသာ၊ လိုက်လျောသင့်တာလိုက်လျောရမယ်။ ထို့အတူပဲဘယ်အချိန်မှာ ကိုယ့်ရဲ့အနစ်နာခံမှုတွေကိုရပ်တန့်ရမလဲဆိုတာကိုကိုယ်တိုင်သိနိုင်ရမယ်။ သိတဲ့အချိန်မှာပဲသိတဲ့အတိုင်းဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချမှတ်ပြီးပြောင်းလဲသင့်တာကိုပြောင်းလဲရမယ်။

    3 min
  8. NOV 9

    Place your hand over your heart… Feel That? That’s called purpose. You’re alive for a reason. Find time for the things that make you feel happy to be alive today.

    သင်ဘာလို့ ဒီနေ့အသက်ရှင်နေတာလဲ။ ဒီမေးခွန်းကိုမေးကြည့်ဖူးပါသလား။ဒီနေ့မှာလူတွေ လောကထဲကိုရောက်လာသလို ဒီနေ့မှာတချို့လူတွေ လောကထဲကနေလက်ပြနှုတ်ဆက်သွားကြပြီ။သင်ကတော့ အခုထိအသက်ရှင်နေသေးတယ်။ သင် ဘာကြောင့် ဒီနေ့အသက်ရှင်နေတာလဲ။ ရှင်ခြင်းနဲ့ သေခြင်းသိပ်ကိုမှ နီးစပ်တဲ့ ဒီလောကကြီးထဲမှာရှင်သန်နေတဲ့သူတွေ၊ သေဆုံးသွားတဲ့သူတွေ၊ ရှင်လျှက်သေနေတဲ့သူတွေ အများကြီးပါ။သင်ကရောပထမအမျိုးအစားလား၊ တတိယအမျိုးအစားလား။ အသက်ရှင်နေရင်းနဲ့ ဘာလို့ရှင်နေမှန်းမသိအောင်ရော ဘဝက ခက်ခဲလွန်းလား။ တကယ်တမ်းတော့ ခက်ခဲတယ်။ လွယ်ကူတယ်ဆိုတာပညတ်ချက်တွေပါ။ ကိုယ်လိုချင်တာဆိုရင်ဘယ်လောက်ခက်ခက် ရအောင်ယူကြတဲ့သူတွေချည်းပါပဲ။ မရတော့ဘူးဆိုပြီးလက်လျော့လိုက်တာကတကယ်မလိုချင်တော့လို့ပါ။ ဒါဆိုရင် သင်ဘာလို့ ဒီနေ့အသက်ရှင်နေတာလဲ။

    3 min

About

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။