ဒီနေ့အတွက်စကား

Padamyar FM

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

  1. 14h ago

    Always have a target and ambition.

    လူ့ဘဝမှာကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုအတွက်တိကျတဲ့ရည်ရွယ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချမှတ်ဖို့ဆိုတာ ဘယ် လောက်အထိ အရေးကြီးတယ်လို့ထင်ပါသလဲ။ ကိုယ်လိုချင်တဲ့ အရာကို တိတိကျကျ သတ်မှတ်ထားပြီးတော့ အဲ့ဒီအရာကိုရရှိနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေရတာဟာ တကယ့်ကို အဓိပ္ပါယ်ရှိပါတယ်။ အဓိပ္ပာယ်ရှိတဲ့ကြိုးစားဆောင်ရွက်မှုကနေ ရလာတဲ့ အောင်မြင်မှုဆိုတာကလည်း သိပ်ကိုမှချိုမြိန်လှပါတယ်။ အဓိကျတဲ့ ရည်ရွယ်ချက် တိတိကျကျ မရှိတဲ့သူတစ်ယောက်ဟာ လမ်းပြအိမ်မြှောင်မပါရှိတဲ့ သင်္ဘောတစ်ဦးလိုပဲ အားကိုးရာ မဲ့နေပါလိမ့်မယ်။ တက်မ မရှိတဲ့ သင်္ဘောနဲ့ရည်ရွယ်ချက် ကင်းမဲ့နေသူတို့ဟာ နောက်ဆုံးမှာတော့ လူသူကင်းမဲ့ တဲ့ သောင်ပြင်ပေါ် မှာသောင်တင်နေသွားတက်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းက ကိုယ့်ဘဝအတွက် တကယ်ကိုအရေးကြီးမယ့် ရည်မှန်းချက် ရည်ရွယ်ချက်တစ်ခုကို ချမှတ်ပြီး ကိုယ်ချမှတ်လိုက်တဲ့ရည်ရွယ်ချက်တွေ ပြည့်မြောက် လာအောင် ကြိုးစား ဆောင်ရွှက်သွား သင့်ပါတယ်။

  2. 1d ago

    Everythings happen for a reason.

    လမ်းလျှောက်ရင်းလမ်းပျောက်သလိုလိုဖြစ်တာ၊တစ်ယောက်တည်းနေများလို့လူက ဟုန်သွားတာ၊ နေရာတစ်နေရာထဲ ကြာကြာ နေထိုင်ရတဲ့အခါမွန်းကျပ်သွားတာ။ ဘေးမှာစကားပြောဖော်မရှိ၊ ဖုန်းခေါ်ဖို့ ဖုန်းကိုင်ပေးမဲ့လူမရှိ၊မိသားစု၀င်တွေတောင် အလှမ်း ဝေးနေတဲ့အခါ သူတို့နဲ့ ချိတ်ဆက်ဖို့က စာပို့ရုံကလွဲလို့အချိန်လုယူနေရတာ၊ စတဲ့ဘ၀မှာ အဖော်မဲ့တစ်ယောက်တည်း ဖြစ်နေရ တာမျိုးကြုံဖူးကြမယ်လို့ထင်ပါတယ်။ကြောက်စရာမကောင်းဘူးလား? ဘ၀ရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေကို တစ်ယောက်တည်း ဖြတ်သန်းနေရတဲ့ခံစားချက်ကအတော်လေးခံရခက်တယ်ဆိုတာ နားလည်မိပါတယ်။ ဒီလိုမျိုးဘယ်သူမှ ဖြတ်သန်းချင်ပါ့မလဲ။ကန့်သတ်တဲ့ဘ၀အချိန်တွေကို အရည်အသွေးရှိစွာနှင့် ဖြတ်သန်းဖို့မထိုက်တန်ဘူးလား။                                                                                        ဘ၀ကမွန်းကျပ်လာပြီးဆိုတဲ့အခါ များသောအားဖြင့် စိတ်ဓာတ်တွေ ကျသွားတယ်၊စိတ်တွေပျက်သွားတယ်၊ မလိုချင် တာတွေ ရှိတယ်။ ဒီရဲ့အခြား တစ်ဖက်မှာလည်းသတင်းကောင်းရှိနေတယ်ဆိုတာရော ယုံမှာလား?တကယ်တော့ မွန်းကျပ်တာဟာ အဆိုး တွေချည်းရင်ဆိုင်ရတော့မှာထက်အပြောင်းအလဲစတင်ဖို့ သတင်းစကားတွေ ရလာပြီးဆိုတာပါ။ ပိုမကောင်းဘူးလား?

  3. 2d ago

    When You Do Something, Do It Till The End With Full Effort.

    အသက်ငယ်ရွယ်စဉ်မှာပဲ၊ အလုပ်လုပ်တာနဲ့ပတ်သက်ပြီးခေါင်းထဲမှာ သံမှိုစွဲ သလို စွဲဝင်နေတဲ့ စကားလုံးတစ်လုံး ရှိခဲ့ပါတယ်။အဲသည့်စကားလုံးက “လက်ကြောတင်းအောင် လုပ်” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ငယ်ငယ်ရွယ်ရွယ်မှာ အလုပ်လုပ်ခဲ့ရခြင်းဟာ အလုပ်ရဲ့ တန်ဖိုးကို သိလာသလို၊ ငွေရဲ့တန်ဖိုးကိုလည်းသိအောင် လုပ်ပေးတယ်။ လောကကြီးတဲ့တိုးဝင်တဲ့အခါမှာလည်း အလုပ်တစ်ခုကိုခွန်စိုက်အားစိုက်ဘယ်လို လုပ်ရတယ်ဆို တာ သိလာတယ်။ အဖေ အမေ ရဲ့သွန်သင်မှုကြောင့် ကျနော် ငယ်စဉ် ကတည်းကအလုပ်တစ်ခုလုပ်ရင် လက်ကြောတင်းတင်း လုပ်ရတယ်ဆိုတဲ့အတွေး စိတ်ထဲမှာ နှစ်ဝင်နေတယ်။                    အလုပ်တစ်ခုကိုပြီးစလွယ် မလုပ်ဖို့၊ ပြီးကပစ် မလုပ်ဖို့၊ ပြီးပြီးရော မလုပ်ဖို့၊ ပေါ့ပေါ့တန်တန်မလုပ်ဖို့ စိတ်ထဲမှာ အမြဲ စွဲနှစ်ဝင် နေပါတယ်။ဒါ့ကြောင့်လည်း အခုအချိန်မှာ ကိုယ်က အလုပ် သိပ်မရှာရဘူး၊ အလုပ်က ကိုယ့်ကိုလာရှာပါတယ်။ ဒါဟာ ကံကောင်းခြင်းတစ်မျိုးပါပဲ။ ကံဆိုတာလည်း ကိုယ့်ရဲ့အားထုတ်ခဲ့မှုကနေ အကျိုး ပေးလာတာ မဟုတ်လား။ ဒီသဘောပါပဲ။

  4. 3d ago

    To Improve Your EQ, Beware Your Thoughts, Beware Your Words.

    လူတိုင်းပြောကြတယ်၊ EQ ဟာ အလွန်အရေးကြီးတယ်တဲ့၊ ဘဝအောင်မြင်ဖို့ အတွက် EQ ဟာ IQ ထက်တောင်မှ ပိုမို အရေးကြီး ပါသတဲ့၊အကြမ်းအားဖြင့် ဆက်ဆံရေး ကောင်းမွန်တဲ့သူများကို EQ ကောင်းတယ်လို့ပြောကြပါတယ်။  ဒါပေမဲ့ ဆက်ဆံရေး ကောင်းဖို့အပြောကောင်းရုံတင်နဲ့ မရဘူး၊ လူအကြောင်းပါ သိရပါတယ်။ အထူးသဖြင့် လူ့ ခံစားမှုကိုကောင်းကောင်းသိရပါ တယ်။ ဒါဆိုရင် EQ ဆို တာဘာလဲ?                                                                                                                                    တကယ်လို့ IQ လို့ခေါ်တဲ့ Intelligencequotient ကို ဥာဏ်ရည်ဥာဏ်သွေး လို့မြန်မာလိုပြန်လိုက်မယ်ဆိုရင်၊ Emotional quotient လို့ခေါ်တဲ့ EQကိုတော့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည် လို့ဘာသာပြန်ရပါလိမ့်မယ်။ ကိုယ်ဟာ သူတစ်ပါးရဲ့ခံစားမှုကို သိရှိနားလည်ပြီး အဲဒီခံစားမှုနဲ့ အဆင်ပြေမဲ့ ပြောဆိုပြုမူပုံကိုပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ခဲ့ရင်၊ EQ အလွန်မြင့်မားသူ ဖြစ်ပြီး၊စီးပွားရေးပဲလုပ်လုပ်၊နိုင်ငံရေးပဲ ၀င်၀င်၊ ကြီးကြီးမားမား အောင်မြင်သူဖြစ်လာပါလိမ့်မည်။ ပညာရှင်များရဲ့ အဆိုအရ EQ ဆိုတာမွေးရာပါ အရည်အချင်း မဟုတ်ပါဘူး၊ လေ့ကျင့်ယူလို့ ရတယ်လို့ဆိုပါတယ်။

  5. 4d ago

    To Improve Your EQ, Never Decide At The Moment, Try To Forgive Others.

    လူတိုင်းပြောကြတယ်၊ EQ ဟာ အလွန်အရေးကြီးတယ်တဲ့၊ ဘဝအောင်မြင်ဖို့ အတွက် EQ ဟာ IQ ထက်တောင်မှ ပိုမို အရေးကြီး ပါသတဲ့၊အကြမ်းအားဖြင့် ဆက်ဆံရေး ကောင်းမွန်တဲ့သူများကို EQ ကောင်းတယ်လို့ပြောကြပါတယ်။  ဒါပေမဲ့ ဆက်ဆံရေး ကောင်းဖို့အပြောကောင်းရုံတင်နဲ့ မရဘူး၊ လူအကြောင်းပါ သိရပါတယ်။ အထူးသဖြင့် လူ့ ခံစားမှုကိုကောင်းကောင်းသိရပါ တယ်။ ဒါဆိုရင် EQ ဆိုတာဘာလဲ?                                                                                                                                    တကယ်လို့ IQ လို့ခေါ်တဲ့ Intelligencequotient ကို ဥာဏ်ရည်ဥာဏ်သွေး လို့မြန်မာလိုပြန်လိုက်မယ်ဆိုရင်၊ Emotional quotient လို့ခေါ်တဲ့ EQကိုတော့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည် လို့ဘာသာပြန်ရပါလိမ့်မယ်။ ကိုယ်ဟာ သူတစ်ပါးရဲ့ခံစားမှုကို သိရှိနားလည်ပြီး အဲဒီခံစားမှုနဲ့ အဆင်ပြေမဲ့ ပြောဆိုပြုမူပုံကိုပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ခဲ့ရင်၊ EQ အလွန်မြင့်မားသူ ဖြစ်ပြီး၊စီးပွားရေးပဲလုပ်လုပ်၊နိုင်ငံရေးပဲ ၀င်၀င်၊ ကြီးကြီးမားမား အောင်မြင်သူဖြစ်လာပါလိမ့်မည်။ ပညာရှင်များရဲ့ အဆိုအရ EQ ဆိုတာမွေးရာပါ အရည်အချင်း မဟုတ်ပါဘူး၊ လေ့ကျင့်ယူလို့ ရတယ်လို့ဆိုပါတယ်။

  6. 5d ago

    To Improve Your EQ, Know Your Feelings And Also Others, Know The Differences.

    လူတိုင်းပြောကြတယ်၊ EQ ဟာ အလွန်အရေးကြီးတယ်တဲ့၊ ဘဝအောင်မြင်ဖို့ အတွက် EQ ဟာ IQ ထက်တောင်မှ ပိုမို အရေးကြီး ပါသတဲ့၊အကြမ်းအားဖြင့် ဆက်ဆံရေး ကောင်းမွန်တဲ့သူများကို EQ ကောင်းတယ်လို့ပြောကြပါတယ်။  ဒါပေမဲ့ ဆက်ဆံရေး ကောင်းဖို့အပြောကောင်းရုံတင်နဲ့ မရဘူး၊ လူအကြောင်းပါ သိရပါတယ်။ အထူးသဖြင့် လူ့ ခံစားမှုကိုကောင်းကောင်းသိရပါ တယ်။ ဒါဆိုရင် EQ ဆိုတာလဲ?                                                                                                                                    တကယ်လို့ IQ လို့ခေါ်တဲ့ Intelligencequotient ကို ဥာဏ်ရည်ဥာဏ်သွေး လို့မြန်မာလိုပြန်လိုက်မယ်ဆိုရင်၊ Emotional quotient လို့ခေါ်တဲ့ EQကိုတော့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည် လို့ဘာသာပြန်ရပါလိမ့်မယ်။ ကိုယ်ဟာ သူတစ်ပါးရဲ့ခံစားမှုကို သိရှိနားလည်ပြီး အဲဒီခံစားမှုနဲ့ အဆင်ပြေမဲ့ ပြောဆိုပြုမူပုံကိုပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ခဲ့ရင်၊ EQ အလွန်မြင့်မားသူ ဖြစ်ပြီး၊စီးပွားရေးပဲလုပ်လုပ်၊နိုင်ငံရေးပဲ ၀င်၀င်၊ ကြီးကြီးမားမား အောင်မြင်သူဖြစ်လာပါလိမ့်မည်။ ပညာရှင်များရဲ့ အဆိုအရ EQ ဆိုတာမွေးရာပါ အရည်အချင်း မဟုတ်ပါဘူး၊ လေ့ကျင့်ယူလို့ ရတယ်လို့ဆိုပါတယ်။

  7. 6d ago

    Use The Money. Don’t Waste It.

    အလုပ်အရ ဝင်ငွေပုံသေဖြစ်နေတဲ့သူတွေဟာ လကုန်ရင်ဒီလစာသာရမှာဖြစ်လို့ ဝင်ငွေတိုးမလာနိုင်တဲ့အခါ ဖြုန်းတာတွေကို တော့တက်နိုင်သမျှလျှော့ချကြည့်ပါ။ လူတော်တော်များများဟာ မလိုလားတာတွေအတွက်ဖြုန်းတီးခဲ့ကြရင်း အသက်တွေ ကြီးလာတဲ့ အခါ စီးပွားရေးလည်းမလုပ်တက် ရင်းနှီးမြှပ်နှံမှုလည်းမရှိနဲ့ ဆင်းဆင်းရဲရဲအသက်ကြီးသွားကြတာကို မြင်ဖူးကြမှာပါ။ အဲဒီလို မဖြစ်အောင်ခုသတိပြုမိတဲ့အချိန်ကစပြီး ငွေမဖြုန်းပါနဲ့တော့။                                                                               တစ်သောင်းဆယ်ခါဟာ တစ်သိန်းဖြစ်ပြီး တစ်သိန်းဆယ်ခါဟာဆယ်သိန်းဖြစ်ပါတယ်။ ဒါကြောင့် ငွေတစ်သောင်းလောက်နဲ့ ဘာမှမဖြစ်ဘူးလို့မတွေးပါနဲ့။ ငွေတစ်သိန်းဆိုတာအေးဆေးပါလို့မတွေးပါနဲ့။ အဲဒီ ငွေတစ်သောင်းငွေတစ်သိန်းရဖို့ ကိုယ့်ထက် အများကြီးပင်ပန်းခံပြီး ရှာဖွေနေရသူတွေအများကြီးရှိနေတယ်ဆိုတာ သတိပြုပါ။ ဆင်းရဲလွန်းတဲ့အဖိုးအဖွားတွေအတွက် ငွေတစ်သောင်း ငွေတစ်သိန်းဟာ အလွန်တန်ဖိုးရှိတယ်ဆိုတာမမေ့ပါနဲ့။

  8. Sep 2

    If You Can’t Earn More Money, Spend Less.

    ပိုက်ဆံမဖြုန်းပါနဲ့။ အားနေရင်စျေးဝယ်ထွက်ချင်နေတဲ့စိတ်ကိုအရင်ပြုပြင်ပါ။ ခြင်းတောင်းအပြည့်စျေးဝယ်လာပြီး လိုအပ်တာ တွေရလာလို့စိတ်ပျော်ရွှင်ရပေမယ့် တခါတလေငွေတွေအရမ်းကုန်သွားလို့ ဝယ်ပြီးမှစိတ်ဆင်းရဲနေရတဲ့အခါတွေလည်း လူအား လုံးမှာရှိတတ်ကြပါတယ်။ ခြင်းထဲကပစ္စည်းတွေကိုပြန်ကြည့်ပါ။ တခါတလေမဝယ်လည်းရတဲ့ပစ္စည်းတွေ ပါလာတတ်ပါတယ်။ တချို့ပစ္စည်းတွေကအိမ်မှာအရင်ထဲကရှိပြီးသားပစ္စည်းတွေလည်း ဖြစ်နေတတ်ပါတယ်။ လိုရမယ်ရဝယ်ထားလိုက်ပြီး ဝယ်ပြီး ၆လတစ်နှစ်အထိ မသုံးရတဲ့ပစ္စည်းတွေလည်းဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့်ဈေးဝယ်စင်တာတွေ  ပေါများလွန်းတဲ့ခေတ်မှာလိုအပ်တဲ့အရာကိုပဲ ဝယ်ပါ။                                                                                                         ခြင်းတောင်းတလုံးနဲ့ပတ်ကြည့်နေပြီး ဝယ်ချင်တာကိုကောက်ထည့်ပြီး မိမိစိတ်နောက်  ငွေလိုက်သွားတာမျိုးတွေကိုရှောင်ရှားပါ ခြင်းတောင်းအပြည့်နဲ့ဝယ်လာတာကိုကိုယ့်ဘာသာ ဂုဏ်ယူနိုင်ပေမယ့် နောင်တချိန်မှာငွေမစုမိခဲ့လို့ ဆင်းရဲဒုက္ခရောက်နေချိန်မှာကိုယ့်ဘေးမှာဘယ်သူမှရှိမနေနိုင်ပါဘူး။ ဒါကသိထားရမယ့် အမှန်တရားဘဲ။ ချက်ပြီးသားတွေရှိလျက်နဲ့ အပြင်ထွက်စားခြင်းကို တတ်နိုင်သမျှလျှော့ပါ။ အပြင်မှာ စားမယ်အစီအစဉ်ရှိရင် အိမ်မှာမချက်ပါနဲ့ နေ့စဉ်နဲ့အမျှလွှင့်ပစ်ရတဲ့ဟင်းတွေ ရေခဲသေတ္တာထဲ ကနေ dateကုန်လို့ အမှိုက်ပုံးထဲ ရောက်သွားတဲ့အစားအစာတွေဟာ ပိုက်ဆံနဲ့ဝယ်ယူထားရတာတွေပါ ဒါ့ကြောင့်’ ဥစ္စာပြို စားဖိုက’တဲ့ ရှေးစကားပုံတောင် ရှိပါ တယ်။

About

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

You Might Also Like