ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

  1. 17 小時前

    - ဒေါ်စု အသက် ၈၀ ပြည့် မွေးနေ့အမှတ်တရ လန်ဒန်မှာ လူ အယောက် ၈၀ နဲ့ ပုံဖော်

    - ပဲခူးတိုင်း မင်းလှမြို့ အရှေ့ခြမ်း၊ ရန်ကုန်- ပြည်လမ်းပေါ်မှာ ရှိတဲ့ စစ်ကွင်း တာဆုံဂိတ်နဲ့ ဆင်အိုင် ချောင်းပေါက် ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်တချို့ သေဆုံး၊ လက်ရှိ ပဲခူးတိုင်းအနောက်ခြမ်းက စစ်ရေး အခြေအနေတွေ အကြောင်း ဘီဘီစီ သတင်းထောက်ရဲ့ သတင်းပေးပို့ချက် - တခါ၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်တွေ ဘက်မှာ စစ်တပ်နဲ့ ပီဒီအက်ဖ်တို့ စစ်ရေးတင်းမာနေပြီး စစ်ရှောင်နေသူတွေ များတဲ့အပြင် ကျောင်းဆရာမတချို့ ဖမ်းဆီးခံရ၊ သတ်ဖြတ် ခံရတာရှိတယ်လို့ သတင်းထွက်ပေါ်၊ ငလျင်ကြောင့် စာမေးပွဲ ပြန်ဖြေရတဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတချို့ ပြန်သွားရတယ်လို့ စစ်တပ်က စာထုတ်ပြန် စွပ်စွဲချက်တွေလဲ ရှိနေ - နိုင်ငံတကာဘက်မှာတော့ ….. အစ္စရေး စစ်တပ် ရဲ့ လတ်တလောအကျ ဆုံး တိုက်ခိုက်မှုတွေ အတွင်း အီရန်ရဲ့ နျူကလီယာ အစီအစဉ်အတွက် အရေးကြီးတဲ့ စက်ရုံ နှစ်ခု ကို ထိမှန်ခဲ့တယ်လို့ နျူကလီယာ စောင့်ကြည့်ရေး ကုလသမဂ္ဂ အဖွဲ့ IAEA က ပြော၊ ယူရေနီယမ် သန့်စင်တဲ့ စက် အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်ရာ မြို့တော် တီဟီရန်နဲ့ ကာရာ့ဂျ်က နေရာနှစ်ခု ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဆို - အီရန်ကလည်း ဒုံးကျည်တွေ အမြောက်အများ လက်တုံ့ပြန် ပစ်ခတ် နေပေမယ့်၊ အများစုကို အစ္စရေးရဲ့ လေကြောင်းရန်ကာ စံနစ်က ခုခံ ဖျက်စီးနိုင်တာ တွေ့ရ၊ ဒါပေမယ့်လည်း လေကြောင်းရန်ကာ စနစ်ရဲ့ ကုန်ကျစရိတ်က တစ်ညကို ဒေါ်လာ သန်း ၂၅၀ လောက် ရှိ - ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ကို ရုရှားက တနင်္လာည ကနေ အင်္ဂါနေ့ထိအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ အတွက်၊ လူ ၂၃ ယောက် သေဆုံး၊ ဒဏ်ရာရသူ အယောက် ၁၃၀ ကျော်လည်း ရှိ၊ သေဆုံးသူတွေ အတွက် ဝမ်းနည်းပူဆွေးဖွယ်နေ့ အဖြစ် ကိယက်ဗ်မှာ ဒီကနေ့ ကြေညာထား - ဒီ အချိန်မှာပဲ၊ ကနေဒါမှာ ထိပ်သီး အစည်းအဝေး လုပ်နေကြတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G7 ခေါင်းဆောင်တွေက ယူကရိန်းကို ပိုမို ထောက်ပံ့ ကူညီမယ် ဆိုပြီး ကတိပြု - အင်ဒိုနီးရှားနိုင်ငံ ဖလောရက်စ် ကျွန်းပေါ်မှာ ရှိတဲ့ လီဝိုတိုဘီ လာကီ-လာကီ ဆိုတဲ့ မီးတောင်ဟာ မနေ့ အင်္ဂါနေ့က စပြီး ပြာပူတွေကို ကောင်းကင်ထက် မှုတ်ထုတ်နေ၊ အပန်းဖြေ ခရီးသွားတွေ အလာများရာ ဘာလီကျွန်း အနီးမှာ ဖြစ်တဲ့ အတွက် လေယာဉ် ခရီးစဉ် တော်တော်များများ ဖျက်သိမ်း ထားရ - ထိုင်ဝမ် ကိုယ်တိုင်လုပ်တဲ့ ပထမဆုံး ရေငုပ်သင်္ဘော ကနဦး စမ်းသပ်မှု အားလုံး ပြီးဆုံးသွားပြီလို့ ထိုင်ဝမ်က ကြေညာ၊ အဲဒီ ရေငုတ်သင်္ဘောကို ဝေလငါး တစ်မျိုးရဲ့ နာမည် နာဝယ်လ် Narwhal လို့ နာမည်ပေးထား .... စတဲ့ ထိပ်တန်း မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် https://bbc.in/36H8bsY ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် https://bbc.in/2TSNLYZ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 分鐘
  2. 1 天前

    အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အီရန်စစ်ဦးစီးချုပ်နေရာမှာ ထပ်ခန့်ထားတဲ့ နောက်ဗ

    ဇွန်လ ၁၇ ရက်၊ အင်္ဂါ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - ဖားကန့်မှာ အရပ်သားတွေ သတ်ဖြတ်ခံရမှု သီတင်း နှစ်ပတ်အတွင်း အယောက် ၂၀ ကျော်ရှိလာပြီ … ဘယ်သူတွေရဲ့ လက်ချက်လဲ …. ဘာကြောင့် သတ်ဖြတ်ခံနေရတာလဲ … ဘီဘီစီ သတင်းထောက်ရဲ့ သတင်းပေးပို့ချက် - နိုင်ငံရေးအကျဥ်းသားတွေ ဖြစ်တဲ့ ကိုဝေမိုးနိုင်၊ ကိုမန်ဇာမြေမွန်တို့ကို ထောင်ပြာင်းစဥ် ရိုက်နှက်တာတွေ ရှိတယ်လို့ အကျဥ်းသားအရေး လှုပ်ရှားသူတွေ ပြော၊ အကျဥ်းထောင်တွင်းက NLD အစိုးရလက်ထက် ဝန်ကြီးချုပ်တွေနဲ့ ဦးဝင်းထိန်တို့ရော ဘယ်လိုအခြေအနေ ရှိနေလဲ …. နီးစပ်သူတွေရဲ့ ပြောပြချက် - တအာင်းတပ် TNLA ပါဝင် ဖွဲ့စည်းထားတဲ့ တအာင်းပြည် ကောင်စီက ဒီနှစ်အတွင်းမှာ တအာင်းပြည် တော်လှန်ရေးကာလ ပြည်သူ့ အစိုးရတရပ် ဖွဲ့စည်းမယ်လို့ ကြေငြာ လာခဲ့တဲ့ နောက် .... အဲဒီ ကြေငြာချက်အပေါ် ရှမ်းအဖွဲ့အစည်းတချို့က ကန့်ကွက်နေ၊ ရှမ်းအဖွဲ့အစည်းတွေ အနေနဲ့ ဘယ်လို အခြေခံ အကြောင်းတွေနဲ့ အခုလို ကန့် ကွက်တာလဲ။ တအာင်းပြည် ကောင်စီကရော ဘယ်လိုတုံ့ပြန်သလဲ ... ဘီဘီစီ သတင်းလွှာ - အစ္စရေးက သူတို့ အီရန်မြို့တော် တီဟီရန် မြို့လယ်ကို ပစ်မှတ်ထား လုပ်ဆောင်တဲ့ တိုက်ခိုက်မှု အတွင်း လက်ရှိ အီရန် စစ်ဦးစီးချုပ် အဖြစ် တာဝန်ပေးခံထားရတဲ့ အလီ ရှတ်ဒ် မာနီ ဆိုတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကို ရှင်းလင်း ပစ်နိုင်တယ်လို့ ထုတ်ပြန်၊ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ စစ်ဦးစီးချုပ် နေရာမှာ အစားထိုး ခန့်ထားတဲ့ သူကိုပါ အခု အစ္စရေးက ပစ်မှတ်ထား ရှင်းလင်း ပစ်တာ ဖြစ် - အခုလို အီရန် ရဲ့ ထိပ်ဆုံးပိုင်းကို အတိတကျ ပစ်မှတ်ထားပြီး အစ္စရေးက တိုက်ခိုက် နိုင်စွမ်း ရှိတာကို ကြည့်ရင် အစ္စရေးဟာ အီရန်ရဲ့ ထောက်လှမ်းရေး အတွင်းပိုင်းထဲထိ ထိုးဖောက် ဝင်ရောက် နေပြီး၊ အရေးကြီး သတင်းတွေကို ရရှိနေတာ ထင်ရှားလှတယ်လို့ ဘီဘီစီ သတင်းထောက်ကပြော - အစ္စရေးဟာ ပြီးခဲ့တဲ့ ည တုန်းကလည်း တဟီရန်မြို့တော် အနောက်ဘက်ခြမ်း ပစ်မှတ်တွေကို တိုက်ခိုက်နေခဲ့ပြီး၊ အီရန်ကလည်း မစ်ဆိုင်းဒုံးတွေနဲ့ ပြန်လည် ပစ်ခတ် နေ - အစ္စရေးမှာ ရှိနေတဲ့ မြန်မာ တစ်ဦးနဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက် .... စတဲ့ ထိပ်တန်း မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် https://bbc.in/36H8bsY ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် https://bbc.in/2TSNLYZ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 分鐘
  3. 2 天前

    မြန်မာမှာပြင်ပရွှေပေါက်စျေးတစ်ကျပ်သားကျပ်သိန်း၈၀အထိ စံချိန်တင်မြင့်၊ ဆိုင်တချို့ပိတ်ထ

    မေ လ ၂၃ ရက်၊ သောကြာ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - မြန်မာနိုင်ငံထဲမှာ သမိုင်း တလျှောက် ရွှေစျေး အမြင့်ဆုံး ရောက်လာပါတယ်၊ ပြင်ပ ရွှေပေါက်စျေး တစ်ကျပ်သားကို ကျပ်သိန်း ၈၀ အထိ ရှိနေပြီး ရွှေလုပ်ငန်းရှင် အသင်းက သတ်မှတ်စျေးနဲ့ အရောင်းအဝယ် မလုပ်နိုင်တဲ့ ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင် အများစု ရပ်နားထားရ၊ စစ်ကောင်စီကလည်း ရွှေလုပ်ငန်းရှင်တချို့ကို ခေါ်ယူစစ် ဆေး အရေးယူနေတဲ့ အကြောင်း ဘီဘီစီ သတင်းလွှာ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က တပ်ရင်း အ လိုက် လက်နက်ချတာ၊ ဗိုလ်မှူးချုပ် အဆင့်ထိ သေဆုံးတာနဲ့ ဗိုလ်မှူးအဆင့် အရာရှိတွေပါ စနိုက်ပါထိပြီး သေဆုံးတာ တွေ ဖြစ်နေ၊ မြို့နဲ့ ၅ မိုင်လောက်ပဲ ဝေးတဲ့ ရဲတပ်ရင်း ၃၂ ကို သိမ်းဖို့ အေအေ က ထိုးစစ်ဆင်နေ၊ မြို့ နဲ့ ထိစပ် ဧရိယာမှာတော့ စစ်ကောင်စီ တပ်ရင်း ၂ ခု ကျန်နေတယ်လို့ စစ်ရေး နီးစပ်သူတွေ ပြော - နှစ်ရက်အတွင်းမှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျောင်းအုပ် ဆရာမတစ်ဦးနဲ့ ခင်ပွန်း ဖြစ်သူတို့ ကျောင်းဝင်း အတွင်းမှာ သတ်ဖြတ် ခံခဲ့ရသလို မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကျောင်းဆရာမတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်လာပါတယ်။ Non - CDM ဝန်ထမ်းတွေကို အရေးယူမယ်လို့ CRPH က ဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း အခုလို ဖြစ်စဥ်တွေ ပေါ်ပေါက်လာခဲ့၊ CRPH ကို ဦးဆောင်သူ ဦးအောင်ကြည်ညွန့် ဘီဘီစီကို ဘယ်လို တုံ့ပြန် ဖြေဆိုသလဲ ဆိုတာနဲ့ ... - ကရင်နီပြည်နယ်အတွင်း ထိုင်းနယ်စပ်က ရွာတရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတခုဖြစ်ခဲ့၊ ည ၁၀ နာရီကျော်ရင် ဝိုင်ဖိုင် သုံးခွင့် ပိတ်ပင်ထားတဲ့ စည်းမျဉ်းကို ဖောက်ဖျက်လို့ ဆိုပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လူတချို့ကို ရိုက်နှက်သလို အမျိုးသမီးတယောက်ကိုလည်း ပါးရိုက် ခဲ့၊ စည်းမျဉ်းဖောက်လို့ လက်နက်ကိုင်တပ်ဖွဲ့က လူထုကို အရေးယူတဲ့အခါ ဒီလို ကိုယ်ထိ လက်ရောက် ကျူးလွန်တာတွေ ဘာကြောင့် ရှိနေတာလဲ ..... လူထုကို စစ်ကောင်စီတပ်က ဖိနှိပ်လို့ တော်လှန်ကြတယ် ဆိုတဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေက ဒီလို ပြုမူနေကြတာမျိုးက သူတို့ ရည်ရွယ်ချက်တွေနဲ့ ဘယ်လောက် လွဲချော်နေပါသလဲ .... အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဘီဘီစီမေးမြန်းခန်း …… - နိုင်ငံတကာ သတင်းတွေမှာတော့ အီရန်နဲ့ အစ္စရေး အပြန်အလှန် တိုက်ခိုက်မှုတွေရဲ့ နောက်ဆုံး အခြေအနေ အကြောင်း အပါအဝင် ထိပ်တန်းရောက် သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် https://bbc.in/36H8bsY ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် https://bbc.in/2TSNLYZ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -

    30 分鐘
  4. 5 天前

    ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ လုပ်နေတဲ့ အေအေနဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေး ရည်ရွယ်ချက

    ဇွန်လ ၁၃ ရက်၊ သောကြာနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - အစ္စရေးက အီရန်ကို တိုက်ခိုက်နေပြီး အီရန်ကလည်း လက်တုံ့ပြန်တိုက်ခိုက် - ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ လုပ်နေတဲ့ အေအေနဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေး ရည်ရွယ်ချက်က ဘာပါလဲ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။ လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့ Satellite Thaicom 6 Orbital position 78.5° East Frequency 12687MHz Polarisation Vertical Symbol rate 30.000Msym/s FEC 5/6 Modulation DVB-S #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 分鐘
  5. 6 天前

    မြန်မာမှာ အကြမ်းဖက်တာတွေမရပ်ဘဲ အားလုံးပါဝင်မှုမရှိဘဲ ရွေးကောက်ပွဲ လုပ်ရင် မတည်ငြိမ်မှုတ

    ဇွန်လ ၁၂ ရက်၊ ကြာသပတေးနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - မြန်မာမှာ အကြမ်းဖက်တာတွေမရပ်ဘဲ အားလုံးပါဝင်မှုမရှိဘဲ ရွေးကောက်ပွဲ လုပ်ရင် မတည်ငြိမ်မှုတွေသာ ထပ်တိုးလာနိုင် - UN - အဲ အိန္ဒိယလေကြောင်းလိုင်းက ဘိုးရင်း 787 – 8 လေယာဉ် ပျံတက်ပြီး တမိနစ်အတွင်း ပျက်ကျခဲ့ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။ လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့ Satellite Thaicom 6 Orbital position 78.5° East Frequency 12687MHz Polarisation Vertical Symbol rate 30.000Msym/s FEC 5/6 Modulation DVB-S #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    31 分鐘
4.3
(滿分 5 顆星)
121 則評分

簡介

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

「BBC」的更多內容

你可能也會喜歡

若要收聽兒少不宜的單集,請登入帳號。

隨時掌握此節目最新消息

登入或註冊後,即可追蹤節目、儲存單集和掌握最新資訊。

選取國家或地區

非洲、中東和印度

亞太地區

歐洲

拉丁美洲與加勒比海地區

美國與加拿大