"ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့ မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၅)မှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ မိတ္ထီလာမြို့မှ မအေးစန္ဒာလှိုင်က ငယ်စဉ်ကတည်းက အမှတ်တရရှိနေတဲ့ ရိုးရာဓလေ့တွေ၊ မထင်မှတ်ထားတဲ့ ဘ၀တစ်ဆစ်ချိုး အပြောင်းအလဲနဲ့အတူ မမေ့နိုင်တဲ့ သင်္ကြန်ရဲ့ ရဿစုံကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
လာမယ့် မဟာသင်္ကြန် အတက်နေ့ နံနက် ၁၀ နာရီမှာလည်း ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ရိုးရာသင်္ကြန်ရဲ့ သဘောတရားတွေကြားမှာ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မမေ့နိုင်တဲ့ ရဿစုံကို ဆက်လက် ဝေမျှပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော် နားဆင်နိုင်ပါပြီ။
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
https://www.facebook.com/MyanmarCinemAbilityNetwork
https://myanmarcinemabilitynetwork.wordpress.com
https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
https://t.me/mcanetwork
: myanmarcinemability@gmail.com
: 09261256493, 09941559897
Information
- Show
- FrequencyUpdated Weekly
- PublishedApril 15, 2022 at 11:30 AM UTC
- Length19 min
- Season1
- Episode24
- RatingClean