အစိမ်းရောင်ချစ်သူ

Padamyar FM

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အသိပညာပေးအကြောင်းအရာများ

Episodes

  1. SEP 8

    လူသားများအတွက် ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါမှု

    ဂေဟစနစ် (Ecosystem)တစ်ခုဆိုတာကသက်ရှိ (Living Components) တွေ (တိရိစ္ဆာန်တွေ၊ အပင်တွေ)နှင့်သက်မဲ့ (Non-living Components) တွေ(ကျောက်ဆောင်တွေ၊ မြေကြီးတွေ) တစ်ခုနှင့်တစ်ခုရှုပ်ထွေးပြီးချိတ်ဆက်နေတဲ့ ကွန်ယက်ကြီးတစ်ခု။  အဲ့လိုရှုပ်ထွေးမှုကြောင့်ဂေဟစနစ်ကြီးတစ်ခုအလုပ်လုပ်ပုံကိုလူတွေရဲ့ သာမှန်မျက်စိနဲ့ကြည့်ရင်မမြင်ဘူး၊မသိနိုင်ဘူး။လေ့လာသူတွေနဲ့ ပညာရှင်တွေရဲ့ လေ့လာမှုတွေ၊ စမ်းသပ်မှုတွေ၊စောင့်ကြည့်မှုတွေလုပ်မှဘဲဂေဟစနစ်အလုပ်လုပ်ပုံကိုသိမြင်နိုင်မယ်တဲ့။ပျားတွေကနဲ့ပန်းပင်သစ်ပင်တွေဆက်စပ်နေသလိုပေါ့၊ပျားတွေကပန်းဝတ်မှုံတွေကိုစုတ်ယူစားသောက်တယ်၊အဲ့လိုပန်းဝတ်မှုန်တွေကိုစုပ်ယူစားသောက်သယ်ဆောင်ရင်း၊ပျားတွေရဲ့ခန္ဓာကိုယ်မှာကပ်ပါသွားတဲ့ ပန်းဝတ်မှုန်ဝတ်ဆံတွေကနေတစ်ဆင့် သူတို့သွားရာလမ်းတလျှောက်နဲ့အခြားနေရာတွေမှာပန်းပင်တွေကိုမျိုးပွားပျံ့နှံ့စေတယ်။လူသားတွေဆိုလည်းပျားရည်ကိုအစာအဟာရအဖြစ်ရောကျန်းမာရေးအတွက်ပါ မှီဝဲလို့ရတယ်။ပြီးတော့ဌက်ကလေးတွေ၊ပုရွက်ဆိတ်လေးတွေကအစသူ့နေရာနဲ့သူအရေးပါတယ်။)အဲ့လိုဂေဟနစ်ကြီးတစ်ခုရဲ့အလုပ်လုပ်ပုံကိုပထမဦးဆုံးရှာဖွေတွေ့ရှိခဲ့သည့်သူကတော့ ဂရိရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်တဲ့Theophrastus တဲ့။အစ်ကိုတို့ကသတိမထားမိ‌ပေမယ့်လည်းဒီကမ္ဘာတစ်ဝန်းမှာရှိတဲ့ဂေဟစနစ်ကြီးကိုကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအားလုံးကအနည်းနှင့်အများမှီတင်းနေထိုင်နေကြတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ့ဂေဟစနစ်တွေကလူသားတွေအတွက် ဂေဟစနစ်ဝန်ဆောင်မှုတွေလို့ခေါ်တဲ့ EcosystemServices တွေကိုအခကြေးငွေမယူပဲထောက်ပံ့ပေးနေတာကြောင့်ဘဲ။ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို တင်ဆက်ပေးလျှက်ရှိတဲ့ အစိမ်းရောင်ချစ်သူ အစီအစဉ်ကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်ပညာရှင် တွေမှာရှိသင့်တဲ့ ကျင့်ဝတ်များ အကြောင်းကို ဝေမျှပေးထားပါတယ်.....

    10 min

About

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အသိပညာပေးအကြောင်းအရာများ