Dawei Watch Podcast

အောက်တိုဘာ ၆လရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- စစ်ကော်မရှင်အဖွဲ့က ဖွင့်လှစ်ပေးခဲ့တဲ့ ထားဝယ်သပိတ်မျှောပွဲရဲ့ အခြေအနေ

- တနင်္သာရီမြို့နယ် ကမ်းတိုရွာမှာ စစ်အာဏာရှင်တပ်ဖမ်းသွားတဲ့ ဒေသခံ ၂၀ ဦး လေးရက်ကြာတဲ့အထိပြန်မလွတ်သေးတဲ့ သတင်း

- သရက်ချောင်းက သဲချောင်းကြီးရွာကို တိုက်လေယာဉ်နဲ့ဗုံးကြဲလို့ ကလေးတစ်ဦးအပါ အရပ်သားလေးဦးဒဏ်ရာရ

- ထားဝယ်မှာ ကထိန်ပဒေသာပင်အရောင်းသွက်ပြီး ဖိတ်စာရိုက်သူများတဲ့အကြောင်း

- ထားဝယ်ထောင်မှာ နိုင်ကျဥ်းတစ်ဦးသေဆုံးတဲ့အခြေအနေ

- အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး ဘတ်အသစ် အမည်စာရင်းလျှောက်ထားဖို့ ထိုင်းအစိုးရထုတ်ပြန်တဲ့အကြောင်း

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။