ဥာဏ်သူပုန် ရေဒီယို

BurmaPodcastNetwork
ဥာဏ်သူပုန် ရေဒီယို

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာသည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။ မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ။

  1. ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား?

    6月7日

    ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား?

    အပိုင်းသစ် မတင်သေးဘူးလားလို့ အမေးများနေတဲ့ ဉာဏ်သူပုန် မိတ်ဆွေများ ခင်ဗျာဒီတစ်ပတ်မှာတော့ လက်ရှိခေတ်ရဲ့ ဘာသာရေးဓလေ့တွေနဲ့ မောင်ရင်တို့ကို ချုပ်ခြယ်မောင်းသွင်းခဲ့ကြတဲ့အကြောင်းအရာတွေ၊ မိရိုးဖလာလုပ်လာတာ မဖျက်ကောင်းဘူးဆိုပြီး ရပ်တန့်နေရတဲ့ အကြောင်းတွေကို ဉာဏ်သူပုန်ထထားပါတယ်။ နောက်ပြီးတော့ လူကြီးတွေနဲ့ ဘာသာရေး အကြောင်းကို မျက်ခွက်ပြောင် ပြောမိလို့ မောင်ရင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးတွေကိုပါ မျှဝေထားတာမို့ တဒင်္ဂစိတ်အပန်းပြေနိုင်စေမယ့် Podcast တစ်ပုဒ်လည်းဖြစ်ပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ရေရှည်ရပ်တည်နိုင်ဖို့ပံ့ပိုးကူညီနိုင်ပါတယ်ခင်ဗျာ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    15 分钟
  2. Special_EP: ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင်

    4月16日

    Special_EP: ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင်

    ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့က Fmaj7 မှ ကို မာကျူရီ ရဲ့"သင်္ကြန်သီချင်းများ" Podcast ကို နားထောင်ခဲ့ကြတာ ကြိုက်နှစ်သက်မယ်မျှော်လင့်ပါတယ်။​ နားမထောင်ရသေးရင် Comment မှာ Link ရှိပါတယ်။ဒီနေ့အတွက်ကတော့ ဥာဏ်သူပုန် ဗားရှင်းပေါ့။ သင်္ကြန်ယဥ်ကျေးမှု၊ ဂီတ၊သံချပ်နဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွေအထိ နားထောင်သူတွေ လိုက်ပါခံစားနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ သင်္ကြန်မှာ ရေကစားဖို့ အခွင့်မသာရင်တောင် သင်္ကြန်အငွေ့အသက်လေး ရနိုင်ဖို့ ဥာဏ်သူပုန် နဲ့ Fmaj 7 တို့ကနေ သင်္ကြန် Podcast အထူးထုတ် နှစ်ပုဒ်ကို ကိုယ်တိုင်လဲ နားဆင်၊ မိတ်ဆွေများနဲ့လဲ ဝေမျှနိုင်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်လေးစားစွာတင်ဆက်လိုက်ရပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    25 分钟
  3. စာကြည့်တိုက် နဲ့ AI

    4月5日

    စာကြည့်တိုက် နဲ့ AI

    ဉာဏ်သူပုန်မိတ်ဆွေတွေအားလုံး အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေတွေ့ပြီး ဖြေသာနိုင်ကြပါစေလို့ မောင်ရင်က နှုတ်ခွန်းဆက်လိုက်ပါတယ်။"သိပ္ပံကို စိတ်ဝင်စားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝစာသင်ခန်းထဲ မှာတော့ အဲ့လိုမဟုတ်နေပါဘူး။ မောင်ရင်တို့ လီပေါင်းတွေကို ဘုန်းကြီးစာကျက်သလိုကျက်ခဲ့ရတာ။ ပြီးတော့ ၁၁ ၁၁ လီနဲ့ ၁၁ ၁၂ လီဆို ဝါးတားတားပဲ။ ခုနေခါ လီပေါင်းဖြောင့်အောင်ဆိုတတ်တာတောင် ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေရတဲ့ မဟာသိပ္ပံပညာရှင်ကြီးတွေပေါ့ဗျာ။အဟုတ်ကို ဘွဲ့ရစာမတတ်ခေတ်။ မောင်ရင်တို့မျိုးဆက်ဟာ ခင်ညွှန့်ထရိန်းဆိုပြီးတောင် စကြသေးတယ်။ ခုခေတ်မျိုးဆက်ဆို မင်းအောင်လှိုင်ထရိန်းပေါ့AI ဆိုတာပေါ်လာတော့ အာဏာနဲ့ နည်းပညာဆိုတာ ပေါင်းစပ်ပြီး စိတ်ကူးယဉ်သိပ္ပံကား မပြောနဲ့ လက်တွေ့ဘဝမှာ နှစ်ခုပေါင်းစပ်ပြီး ပြဿနာပိုကြီးလာပါတယ်။ "ဥပမာပြောရရင် စကစရဲ့ တန်ပြန်ဒရုန်းနဲ့ ထောက်လှမ်းရေးကိရိယာ တွေဟာ အခုတဖန် ခေါင်းပြန်ထောင်လာတာကို ကိုယ့်လူတို့မြင်ကြရမှာပါ။ တစ်ဖက်မှာလည်း ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံကြောင့် အချိန်မရွေး တစ်ရွာလုံးပြာကျသွားနိုင်တယ်။ စေတနာကနေ ဝေဒနာကို ရုတ်ချည်းပြောင်းသွားနိုင်တယ်။ ကိုယ်တင်တဲ့ ကောင်းသတင်းကို ဆိုးသတင်းဖြစ်စေချင်တဲ့အင်အားစု လည်းရှိတယ်။ ကိုယ်က သူပုန်ထနေရတာဆိုတော့ ကိုယ်ကသတိမထားတဲ့အခါ ကိုယ့်လုပ်ရပ်တွေကို လူတွေက အလွယ်တကူနဲ့ စကစလေသံငှားပြီး ကိုယ့်ကို လူယုတ်ဇာတ်သွင်း ပစ်နိုင်တယ်ဆိုတာ မမေ့ကြဖို့ လက်တို့ချင်တယ်။ တော်လှန်ရေးကို တော်လှန်ရေးပုံစံနဲ့ မသွားရင် နှောင့်နှေးကြန့်ကြာတာ ပျက်စီးရတာတွေ ဖြစ်ကြလေ့ရှိတယ်။"မောင်ရင်ရဲ့ ငယ်ဘဝ အကြောင်းလိုမျိုး မိတ်ဆွေတို့ရဲ့ ငယ်ဘဝမှာ မှတ်မှတ်ရရ အကြောင်းလေးတွေရှိရင်လည်း ပြောခဲ့ကြပါဦးနော်Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    19 分钟
  4. သက်ရှိဥာဏ်သူပုန် ဗားရှင်း ၂၀၂၄

    2月1日

    သက်ရှိဥာဏ်သူပုန် ဗားရှင်း ၂၀၂၄

    "ဒီအာဏာသိမ်းမှု ၄ နှစ်ရှိသွားတဲ့ကိစ္စကို ဘယ်လိုခေါင်းစဉ်တပ်မလဲ စဉ်းစားရတာ အတော်ခွကျတဲ့ကိစ္စပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စည်းရုံးဆော်ဩတာတွေ လုပ်တဲ့အခါ ဘယ်လို ခေါင်းစဉ်တပ်ရမလဲ စဉ်းစားရတာက အလွန်ခွကျကြောင်း ဒီထဲမှာ ပါဝင်နေသူတိုင်း ကြုံကြရပါတယ်။ ဟုတ်တယ်လေ… အာဏာသိမ်း ၄ နှစ်ပြည့်လား၊ အာဏာသိမ်း နှစ်ပတ်လည်လား၊ အာဏာသိမ်း ရတုလား ဘာလား၊ ဒီကိစ္စဟာအနိဌာရုံကိစ္စကြီးဗျာ။ ဘယ်သူက မင်္ဂလာခေါင်းစဉ်တပ်ချင်မလဲ။ တပ်ရင် ကိုယ့်လူတို့ လည်း ကြံခိုင်ရေးက ခင်ရီတို့၊ မဘသက ဝီရသူတို့၊ ပျူစောထီးခေါင်း ဝါသဝတို့ စစ်တပ်လော်ဘီအောက်တန်းစား တစ်အုပ်တို့နဲ့ တန်းညီသွားမှာ။"အပေါ်ကစကားက စစ်အာဏာသိမ်း ၄ နှစ်ပြည့် အတွက် မောင်ရင်ရဲ့ "ဥာဏ်သူပုန်ဗားရှင်း ၂၀၂၄" ပေါ့ကတ်စ်ထဲက ဥာဏ်သူပုန်ထမှု အချို့ ဖြစ်ပါတယ်။ Burma Podcast Network ရဲ့ Platforms တွေကနေ ပေါ့ကတ်စ်အပြည့်အစုံကို နားသောတဆင်နိုင်ပါပြီ။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    23 分钟
  5. သဘာဝဘေးမှတ်စု

    2024/09/28

    သဘာဝဘေးမှတ်စု

    ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာဟာ မူရင်းစွဲရှိတဲ့ ဒုက္ခတွေရဲ့ စံချိန်ကိုကျော်လွန်ပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းကျော်က အကူအညီလိုအပ်နေတဲ့ ဘဝကို ရောက်နေပါတယ်။ ဒီလိုရေကြီး၊ မြေပြို၊ မုန်တိုင်းတိုက်၊ မိုးခေါင်၊ မိုးကြီး၊ အပူလိုင်းဖြတ် စတဲ့ဘေးတွေဟာ မောင်ရင်တို့ ခေတ်သစ်ကမ္ဘာရဲ့ သာမန်နေ့တွေပါပဲ All friend ဆိုတဲ့သဘောတွေ ဖြစ်လာမှာမို့ ဒါတွေနဲ့ လိုက်လျောညီထွေ နေသားကျအောင် ကြံဖန်အသက်ရှင်ကြရမယ့် အခြေအနေတစ်ခုဖြစ်နေပြီလို့ ပညာရှင်တွေက ပြောနေကြပြီ ဖြစ်ကြောင်း မောင်ရင်က “သဘာဝဘေးမှတ်စု” ဆိုပြီး ဉာဏ်သူပုန်ထထားပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    20 分钟
  6. ရေဘေးသင့်ခြင်း

    2024/09/19

    ရေဘေးသင့်ခြင်း

    ရေဘေးသင့်ခြင်း ----------------- မုန်တိုင်းက အခြားနိုင်ငံတွေကိုလည်း ဖြတ်သွားပေမယ့် အနှစ် ၆၀ကျော် အကုသိုလ်တွေကတော့ ကမ္ဘာပေါ်က မြေနိမ့်ရာ နိုင်ငံတစ်ခုဆီကိုပဲ စုပြုံပြီး စီးဝင်လာတယ် ။ ငါတို့ရဲ့ အတိတ်ကံကတော့ မဆလနဲ့ နဝတခေတ်ဖြစ်ပြီး ၂၀၀၈မှာကတည်းက ငါတို့ တခါသေဖူးပြီးသား ။ ငယ်ငယ်တုန်းက မြန်မာ့ရုပ်မြင်သံကြားထဲမှာတော့ ရေက တခါမှ မကြီးခဲ့ဖူးသလိုပဲ ၊ မရှိတော့တဲ့ ဒီရေတောနဲ့ သစ်တောတွေကို စေတီအဆူဆူနဲ့ ကာလိုက်တယ် ။ ပျောက်ကွယ်သွားတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းက ရွာတွေဆိုတာ ပေါ်လစီကားတွေမှာ ပါလေ့မရှိတော့ နဂိုကတည်းက တည်ရှိမှန်းလည်း ဘယ်သူမှ မသိခဲ့ပါဘူး ။ အခုတော့ တောင်ပေါ်တွေရော အညာတွေရော စေတီတွေရော မုန်တိုင်းနဲ့အဝေးကြီးမို့ စိတ်ချလက်ချအိပ်စက်နေသူတွေရဲ့ အိမ်ထဲအထိပါ ရေက ဝင်လာနေခဲ့ပြီ ။ ခုနစ်လွှာက လူငယ်တစ်ယောက်တောင် ရေစီးနဲ့ မျှောပါပြီး ချင်းမိုင်ရောက်လိုရောက် ကွန်ဒိုနဲ့နေတဲ့ လုပ်ငန်းရှင်တစ်ယောက်လည်း ရေစီးနဲ့ ပါသွားပြီး စစ်ကြောရေးကို ရောက်လိုရောက် ရိုးရှင်းတဲ့ ကျေးလက်ဘဝမှာပဲ အေးအေးဆေးဆေးနေတော့မယ်ဆိုတဲ့ ရွာလေးလည်း မြေပြိုတဲ့အထဲ ပါသွားပြီ ။ ရေဘေးသင့်နေသူတွေဟာ ဘာသာရေးတရားခွင်က ပြစ်ဒဏ်ကြောင့် နှစ်ခါသေနေရတယ် ။ ဝေသာလီပြည်ထဲ ဝင်လာတဲ့ ဘီလူးက ဆရာတော်ဘုရားကိုယ်တိုင်ပဲဆိုတာ လူငယ်တွေက အနံ့ခံမိသွားတယ် ။ ဒီကာလမှာ သူတို့တတွေအားလုံး မိဂဒဝုန်ထဲ ရောက်နေတဲ့ ကောင်တွေချည်းပဲလေ ။ သုံးနှစ်အတွင်းမှာ အားလုံး ဆူးခက်သရဖူတွေ ကိုယ်စီနဲ့ပဲလေ ။ ရေက မြို့နေကလေးတွေရဲ့ခေါင်းထဲမှာပါ စီးဝင်နေတော့ တော်လှန်ရေးကလည်း တောထဲမှာလောက်ပဲ မဟုတ်ဘူး ။ ငါ ဒုက္ခခြေကျင်းတန်းလန်းနဲ့ ဖြစ်တုန်းကတော့ စိတ်ငြိမ်ဆေးတစ်ကဒ်ကို ပါဠိစာသားတွေနဲ့ ရေးထားတဲ့ စာအုပ်ထက် ပိုယုံကြည်ဖူးတယ် ။ အခုလည်း ကိုယ်တိုင် ရေထဲမျှောနေရာကနေ ရေနစ်နေသူကို လှမ်းကယ်နေသူတွေ ငါမြင်နေရတယ် ။ ငါ သူတို့ အရေပြားကို မမြင်ဘူး ၊ ငါ မြင်တာ မြန်မာတစ်ယောက်က မြန်မာတစ်ယောက်ကို ကယ်နေတာ ။ ငါ့လူငယ်ဘဝမှာတင် ရေဘေးအတွက် ဗော်လန်တီယာလုပ်ဖူးတာ အကြိမ်ကြိမ် ၊ ငါလှူသလို နိုင်ငံတော်ကလည်း ရေဘေးဆို ဘုရားဆင်းတုတွေပါ ပျော်ပျော်ကြီး လှူကြတယ် ၊ လှူချင်လွန်းလို့ နောက်နှစ်တွေမှာ ကပ်မဆိုက်မှာကိုတောင် သူတို့ စိုးရိမ်ပူပန်ကြတယ် ။ သူတို့ တိုက်လေယာဉ်တွေနဲ့ တိုင်းပြည်ကို အပေါက်တွေ မပြတ်ဖေါက်ပေးဆဲပဲ ။ ရေကြီးနေတဲ့ ဗီဒီယိုအောက်မှာ မီးလောင်နေတဲ့ စစ်ရှောင်စခန်း ဗီဒီယို တက်လာတယ် ။ ကဗျာဆရာတွေလည်း ဒုက္ခဝဲဂယက်ထဲ ရွှံ့နွံလို အထပ်ထပ်ဖြစ်နေတဲ့ နိမိတ်ပုံတွေကို မနည်းရွေးထုတ်နေရပုံပဲ ။ ရေဘေးအလှူခံနေတဲ့ ဘယ်သူမှလည်း We are the world ကို မဆိုတော့ဘူး ။ ကမ္ဘာကြီးနဲ့ သူတို့ အဝေးကြီးမှန်းလည်း သိသွားကြပြီ ။ အေအိုင်ကတော့ မြန်မာ့ရုပ်မြင်သံကြားနဲ့ ပြောင်းပြန် ငါတို့နိုင်ငံကို မီးလောင်နေတဲ့ တဲအိမ်တွေ အဖြစ် သိထားတယ် ။ ငိုယိုပြေးလွားနေတဲ့ ကလေးတွေအဖြစ် သိထားတယ် ။ (မြန်မာကလေးတွေရဲ့မျက်နှာကိုတော့ မြင်ဖူးပုံမရလို့ ထိုင်းကလေးတွေ မျက်နှာပဲ ထည့်လေ့ရှိတယ် ) ပြီးတော့ အလွန်အကျွံရွှေရောင်သန်းနေတဲ့ စေတီတွေ ရှိရာအရပ်အဖြစ် သိထားတယ် ။ လူမှုကွန်ယက်ကြောင့် လူမျိုးရေးပြဿနာတက်တဲ့ နိုင်ငံအဖြစ် အထူး သိထားတယ် ။ ကမ္ဘာကြီးရဲ့ မျက်လုံးထဲမှာတော့ ငါတို့အားလုံး ဘာနားနားတွေ ဖြူဖြူထွေးတွေချည်းပဲ ။ ဘာတတ်နိုင်မလဲ ရေပြန်ကျသွားတဲ့ တစ်နေ့တော့ အားလုံး အရှိအတိုင်း တွေ့ရမယ် ။ ဒီမြေပေါ်မှာ လက်သီးဆုပ်ထားတဲ့ အရိုးစုတွေ ၊ အမြဲတမ်းပူနွေးနေမယ့် ကျည်ခွံတွေ ၊ ဂရင်းကင်ညွန်ချောက်နက်တမျှ စိတ်ဒဏ်ရာတွေနဲ့ အဖြစ်အပျက်တွေ စီထပ်ထားတဲ့ ပိရမစ်ကြီးတွေ ၊ ကြေကွဲလွမ်းဆွတ်ဖွယ်အပြည့်နဲ့ တာ့ချ်မဟာတွေ ဓမ္မနဲ့ အဓမ္မ နယ်မြေကို ပြတ်ပြတ်သားသားပိုင်းခြားထားတဲ့ လူငယ်တွေရဲ့အသက်တစ်ခုစီနဲ့ တည်ဆောက်ခဲ့သော မဟာတံတိုင်းကြီးတစ်ခု ပြီးတော့ ကမ္ဘာကြီးကို လှောင်ရယ်နေမယ့် ဝိညာဉ်တွေ ၊ ပြီးတော့ သင်တို့ စိုက်ပျိုးခဲ့သမျှ လွတ်လပ်ငြိမ်းချမ်းသော တောအုပ်လည်း မပါမဖြစ်ပေါ့ ။ လောလောဆယ် ရေပြန်မကျသရွေ့တော့ ရေတွေသာ ငါ မြင်နေရတယ် ။ အိပ်မက်ထဲအထိ စီးဝင်နေတဲ့ ရေတွေ ။ M.Y.P

    6 分钟
  7. သိုက်ကြိုးဖြတ်ရင် တကယ်ပြတ်လား။

    2024/08/12

    သိုက်ကြိုးဖြတ်ရင် တကယ်ပြတ်လား။

    မြန်မာ့လူ့အဖွဲ့စည်းမှာ "အောင် လံ ထူ စစ် သူ ကြီး ပွဲ" ဆိုပြီး တတွတ်တွတ်ရွတ်ကြတဲ့ မဟာဘုတ်ဗေဒင်အရ သိုက်ဖွားလို့ သတ်မှတ်ခံရသူ‌တွေကို သိုက်က လာခေါ်တတ်တယ်လို့ ပြောကြတယ်။ တကယ့်သိုက်ဖွားအဟောမှာ ဒါတွေမပါ‌‌ပေမဲ့ လုပ်စားတွေရဲ့ အဟောမှာ သိုက်ကလာမခေါ်ချင်ရင် သိုက်ကြိုးဖြတ်ပေးရတယ်လို့ ဆို‌ကြတယ်။ ဒီအပိုင်းမှာ သိုက်ကြိုးဖြတ်ဖူးတဲ့ မောင်ရင့် အတွေ့အကြုံတချို့ကို ဖောက်သည်ချထားပါတယ်။ ပြီးတော့ လူတကာသတ်မှတ်တဲ့ အနက်ရောင်ဟာ တကယ့် အမင်္ဂလာ အရာင်လားဆိုတဲ့ အကြောင်းလည်း ဆွေးနွေးတင်ပြ ဉာဏ်သူပုန်ထ ထားပါ‌သေးတယ်။Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။YouTube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    16 分钟

评分及评论

5
共 5 分
2 个评分

关于

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာသည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။ မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ။

你可能还喜欢

若要收听包含儿童不宜内容的单集,请登录。

关注此节目的最新内容

登录或注册,以关注节目、存储单集,并获取最新更新。

选择国家或地区

非洲、中东和印度

亚太地区

欧洲

拉丁美洲和加勒比海地区

美国和加拿大