စစ်မှုထမ်း ဇာတ်လမ်းများ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ဥပဒေအရ ၁၈ နှစ်ကနေ ၃၅ နှစ်အကြား အမျိုးသားတွေ၊ ၁၈ နှစ်ကနေ ၂၅ နှစ်အကြား အမျိုးသမီးတွေ စစ်မှုထမ်းရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းမှာ လူငယ်အများအပြား နိုင်ငံပြင်ပကို ထွက်ပြေးသွားကြပြီး စစ်ကောင်စီကလည်း လူငယ်တွေ ပြည်ပထွက်ခွာခွင့်ကို တင်းကျပ်လိုက်ပါတယ်။  စစ်မှုထမ်းဥပဒေကြောင့် ပျက်စီးသွားတဲ့ အနာဂတ်တွေ၊ ပြိုကွဲသွားတဲ့ မိသားစုတွေ၊ ရုန်းကန်နေရတဲ့ ဘဝတွေအကြောင်း ဒီအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။ Hosted on Acast. See acast.com/privacy for more information.

  1. အသေခံတပ်သားအဖြစ် စေခိုင်းခံနေရတဲ့ စစ်မှုထမ်းများ

    03/01/2025

    အသေခံတပ်သားအဖြစ် စေခိုင်းခံနေရတဲ့ စစ်မှုထမ်းများ

    ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၇) မှာတော့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းက နယ်မြေရှင်းလင်းရေးတွေမှာ စစ်မှုထမ်း သင်တန်းဆင်းလာသူတွေကို ရှေ့ဆုံးမှာတာဝန်ချထားတဲ့အကြောင်းနဲ့ စစ်တပ်ယူနီဖောင်း ဝတ်ထားသူကလွဲလို့ မြင်မြင်သမျှကို ရန်သူလို့ သတ်မှတ်ပြီး တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့ရတဲ့အကြောင်းတွေကို  ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက် ကူးပြောင်းလာခဲ့တဲ့ ကိုပိုင်လေးက ပြောပြထားပါတယ်။  Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKmLoRXe8e570LGGU Apple Podcasts: https://podcasts.apple.com/us/podcast/ရေဆန်လမ်း/id1760546967 Hosted on Acast. See acast.com/privacy for more information.

    22 min
  2. ထိုင်းမှာ ဖမ်းဆီးခံရသူတွေ မြန်မာဘက်ပြန်ပို့ချိန် စစ်သားစုဆောင်းခံရ

    02/22/2025

    ထိုင်းမှာ ဖမ်းဆီးခံရသူတွေ မြန်မာဘက်ပြန်ပို့ချိန် စစ်သားစုဆောင်းခံရ

    ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၆) မှာတော့ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့ချိန် စစ်ကောင်စီတပ်မှာ စစ်မှုထမ်းဖို့ စုဆောင်းခံလိုက်ရတဲ့သူတွေအကြောင်းကို ကြားရမှာပါ။    တရားမဝင် မြန်မာတွေကို ဖမ်းဆီးဖို့ ထိုင်းနဲ့ မြန်မာစစ်ကောင်စီအကြား ဘယ်လိုအပေးအယူတွေ ရှိနေသလဲ၊ ထိုင်းဘက်က ပြန်ပို့လာသူတွေကို စစ်ကောင်စီက ဘယ်လို စစ်သားစုဆောင်းနေသလဲ စတဲ့အကြောင်းအရာတွေ အပါအဝင် စစ်သားစုဆောင်းခံရသူတွေရဲ့ စိတ်ခံစားမှုတွေကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ပြောပြထားပါတယ်။  Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKmLoRXe8e570LGGU Apple Podcasts: https://podcasts.apple.com/us/podcast/ရေဆန်လမ်း/id1760546967 Hosted on Acast. See acast.com/privacy for more information.

    28 min

Ratings & Reviews

5
out of 5
4 Ratings

About

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ဥပဒေအရ ၁၈ နှစ်ကနေ ၃၅ နှစ်အကြား အမျိုးသားတွေ၊ ၁၈ နှစ်ကနေ ၂၅ နှစ်အကြား အမျိုးသမီးတွေ စစ်မှုထမ်းရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းမှာ လူငယ်အများအပြား နိုင်ငံပြင်ပကို ထွက်ပြေးသွားကြပြီး စစ်ကောင်စီကလည်း လူငယ်တွေ ပြည်ပထွက်ခွာခွင့်ကို တင်းကျပ်လိုက်ပါတယ်။  စစ်မှုထမ်းဥပဒေကြောင့် ပျက်စီးသွားတဲ့ အနာဂတ်တွေ၊ ပြိုကွဲသွားတဲ့ မိသားစုတွေ၊ ရုန်းကန်နေရတဲ့ ဘဝတွေအကြောင်း ဒီအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။ Hosted on Acast. See acast.com/privacy for more information.

More From RFA

You Might Also Like