အပိုင်း(၁၁) - ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ် ++++++++++++++++++++++++++++++++++++ ခင်ဗျားတို့ နေ့စဥ်ဘဝရဲ့ အချိန်တိုင်းမှာ တရားကျင့်စဥ် တွေ ကျင့်နေလို့ ရပါတယ်။ မနက်စာ စားဖို့ တန်းစီနေတုန်း ဖြစ်စေ၊ ညအိပ်ခါနီး လူရေဖို့ တန်းစီနေတုန်း ဖြစ်စေ သတိနဲ့ အသက်ရှုတာ ကို လေ့ကျင့်လို့ရတယ်။ အချိန်တိုင်းဟာ တည်ကြည်မှု၊ ငြိမ်းချမ်းမှု ရဖို့ လေ့ကျင့်နိုင်တဲ့ အချိန်ကောင်းတွေပါ။ ဘဝရဲ့ အချိန်ကောင်းတွေကို မဖြုန်းသင့်ပါဘူး။ သတိကျင့်စဥ် တွေကို ကျင့်လို့ ရက်အနည်းငယ် အတွင်းမှာပဲ ခင်ဗျားရဲ့ မိတ်ဆွေတွေဟာ ခင်ဗျားရဲ့ ထူးခြားမှုတွေကို သတိထားမိလာပါလိမ့်မယ်။ ခင်ဗျား ရှိနေရင် အေးချမ်းမှု ရတာမျိုးပေါ့။ သူတော်စင် တယောက် အနားရောက် နေသလိုပဲ လို့တောင် ပြောကြတာ ကြုံရလိမ့်မယ်။ . ကျနော် ခင်ဗျားတို့ကို ပုံပြင်လေး တခု ပြောပြမယ်။ ဒီပုံပြင်လေးကို ကျနော် အသက် ၇နှစ်သား ကိုရင် စဝတ်တုန်းက ဖတ်ဖူးတာ။ ဒီပုံပြင်တွေကို ဇတက (ဇာတ်တော်) တွေလို့ ခေါ်တယ်။ ဗုဒ္ဓရဲ့ အတိတ်ဘဝ ဇာတ်လမ်းတွေပေါ့။ ဘဝတခုမှာ ဘုရားလောင်းဟာ ငရဲ ကျနေတယ်။ သူကျတဲ့ ငရဲမှာ ငရဲသားတွေဟာ ကျောက်တုံးကြီးတွေကို ရွှေ့ရတယ်။ သူတို့ အမှားတခုခု လုပ်ရင် သူတို့ကို စောင့်တဲ့ ငရဲစောင့်က ခရင်းခွနဲ့ ရင်ဝကို ထိုးသတ်တယ်။ အဲဒီ အခါမှာ ငရဲသားဟာ အကြီးအကျယ် နာကျင်ပေမဲ့ မသေဘူး။ ဒါဟာ သူတို့ရဲ့ ပြစ်ဒဏ် တမျိုးပေါ့။ . တနေ့မှာတော့ ငရဲစောင့် တယောက်ဟာ သူတို့တွေ ကျောက်တုံးတွေ ရွှေ့နေတာကို နှေးတယ် ဆိုပြီး နောက်ကနေ လိုက်တွန်းတယ်။ ငရဲသားတယောက်က အားနည်းပြီး သူသယ်ရမဲ့ ကျောက်တုံးကို ကောင်းကောင်း မသယ်နိုင်ဘူး။ အဲဒီတော့ ငရဲစောင့်က ငရဲသားကို ခရင်းခွနဲ့ ထိုးမယ် လုပ်တယ်။ ဒါကို မြင်တဲ့ ဘုရားလောင်းရဲ့ ရင်ထဲမှာ တစုံတရာသော ခံစားမှု ဖြစ်လာတယ်။ သူဝင်ပြောရင် သူ့ကို ခရင်းခွနဲ့ အထိုးခံရမယ်၊ သေလုနီးပါး နာကျင်ပြီး မသေဘူး ဆိုတာလည်း သိတယ်။ ဒါပေမဲ့ ဟိုငရဲသား အထိုးမခံရရင် တော်ပြီ ဆိုတဲ့ စိတ်နဲ့ ငရဲစောင့်ကို ပြောလိုက်တယ်။ "ခင်ဗျားမှာ နှလုံးသား မရှိဘူးလား၊ သူ့ကို အချိန်နည်းနည်း ပေးလိုက်ပါလား" လို့ ပြောလိုက်တယ်။ အဲဒီမှာပဲ ငရဲစောင့်က သူ့ရင်ဝကို ခရင်းခွနဲ့ ထိုးလိုက်တယ်။ ခရင်းခွနဲ့ ထိုးခံရတဲ့ ဘုရားလောင်းဟာ ချက်ချင်းသေသွားပြီး ငရဲကလွှတ်သွားတယ်။ လူအဖြစ် တဖန် ဝင်စားတယ်။ (ဘာသာပြန်သူ မှတ်ချက်။ ။ ဤဇာတ်တော် သည် မဟာယန ဇာတ်တော် တပုဒ် ဖြစ်သည်။ ) . ဘုရားလောင်းဟာ သေမလောက် နာကျင်မယ် မှန်း သိရက်နဲ့ ငရဲစောင့်ကို သူ့အဖော် ငရဲသားအတွက် ဝင်ပြောပေးခဲ့တယ်။ သူဒီလို လုပ်ရင် ငရဲက လွတ်မယ် ဆိုတာလည်း မသိဘူး။ မျှော် လင့် ချက်လည်း မရှိဘူး။ သူဟာ မတရားမှုကို တွေ့တယ်။ မတရားမှုကြောင့် သူတပါး ဒုက္ခရောက်ရမှာ မလိုလားဘူး။ သူ့မှာ ကြင်နာမှု တရား (ဂရုဏာ) ရင်ထဲ ပေါ်လာတယ်။ ဒီကြင်နာခြင်းကပဲ သူ့ကို ငရဲကလွှတ်ပြီး လူဖြစ်အောင် လုပ်ပေးလိုက်တာပဲ။ အဲဒီ အချိန်က စပြီး ဘုရားလောင်းဟာ ဘဝ ဆက်တိုင်း ကြင်နာမှုကို ဦးစီးပြီး တရားတွေ ကျင့်လိုက်တာ နောက်ဆုံး ဘဝမှာ ဘုရား (ဗုဒ္ဓ) ဖြစ်လာတယ်။ ငရဲလည်း ထပ်မကျတော့ဘူးတဲ့။ ဒီတော့ ဗုဒ္ဓ တောင်မှ ငရဲလို အဆိုးဆုံး ဒုက္ခကို ကြုံခဲ့ဖူးတယ်။ သူ့ရဲ့ ကြင်နာမှု ကြောင့်သာ ငရဲကနေ လွှတ်မြောက်ခဲ့ရတာ။ ဒါကြောင့် ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ်လို့ ဆိုချင်ပါတယ်။ . ကျနော်တို့ ဗုဒ္ဓ စာပေ မှာ အလွန်ကြင်နာမှုကြီးပြီး အများအတွက် အမြဲ နားစွင့်နေတဲ့ "အဝလောကိတေသွာရ" ဆိုတဲ့ ဗောဓိသတ်ဘုရားလောင်း တဆူ ရှိတယ်။ (ဘာသာပြန်သူ မှတ်ချက်။ ။ ထေရဝါရ အယူအရ လောကနတ် ခေါ်ပြီး မဟာယန အယူအရ ကွမ်ယင် ဟုလည်းခေါ်သည်။) သူက ပုံစံ အမျိုးမျိုးကို အသွင်ယူ ပြောင်းနိုင်တယ်။ ယောကျ်ား၊ မိန်းမ၊ ကလေး၊ နာနာဘာဝ စသဖြင်ပေါ့။ သူက ဘယ်လိုပဲ အသွင်ယူပြီးနေနေ သူရဲ့ အတွင်းစိတ် အကြင်နာကြီးမှု ကတော့ မပြောင်းဘူး။ တခါမှတော့ သူဟာ ကြောက်မက်ဖွယ်ရာ မျက်နှာနဲ့ ပြိတ္တာအဖြစ် အသွင်ပြောင်းနေတယ်။ ဘာလို့လဲ ဆိုတော့ တခြားပြိတ္တာတွေကို ကူညီချင်တဲ့အတွက် ဖြစ်တယ်။ ဘယ်လိုပဲ ကြောက်စရာ ကောင်းပါစေ၊ အတွင်းစိတ်မှာ ဂရုဏာ ကြီးသူ ဖြစ်နိုင်ပါတယ်။ . ကျနော်တို့ အများစုဟာ မိမိကို သူတပါးက ရန်ပြုမှာ ကြောက်တယ်၊ ဒါကြောင့် ကိုယ့်ဟာ ရက်စက်သူ၊ ကြမ်းတမ်းသူ အဖြစ် ဟန်လုပ်နေတတ်ကြတယ်။ ဒါပေမဲ့ အတွင်းမှာတော့ ဗောဓိသတ် လိုပဲ ကြင်နာတတ်၊ စာနာတတ်တဲ့ စိတ်တွေ ရှိနေတတ်ပါတယ်။ ကြင်နာစိတ် မရှိရင် ကျနော်တို့ဟာ ဒုက္ခ ပိုခံရပြီး ကိုယ့် ပတ်ဝန်းကျင်ကိုလည်း ဒုက္ခ ပေးမိတတ်တယ်။ ကြင်နာစိတ်နဲ့ ဆိုရင်တော့ တခြား သက်ရှိတွေ အပေါ်
信息
- 节目
- 发布时间2022年7月20日 UTC 05:26
- 长度5 分钟
- 分级儿童适宜