
AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရခိုင်ရိုးမအစပ် အမ်း-ပဒါန်းလမ်းမပေါ် မကွေးတိုင
- အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ဂျူးအခြေစိုက်စခန်းသစ်တွေ ထပ်ဖွင့်ဖို့ အစ္စရေး လုံခြုံရေးကက်ဘိနက် အတည်ပြု - AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရခိုင်ရိုးမအစပ် အမ်း - ပဒါန်းလမ်းမပေါ် မကွေးတိုင်းထဲက စခန်းတချို့ကို စစ်တပ်ဘက်က ပြန်သိမ်း - စစ်ကိုင်းတိုင်း ခင်ဦးမြို့အတွင်း ပြီးခဲ့တဲ့ရက်က စစ်ရှောင်တွေနဲ့ ခရီးသွားယာဉ်တန်း ပိတ်မိချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူ တစ်ဒါဇင်ကျော်ရှိပြီလို့ ဒေသခံတွေပြော - လုပ်ကိုင်ခွင့် ပေးထားပြီးဖြစ်တဲ့ လုပ်ငန်းနဲ့ စီမံကိန်းတွေကို အထောက်အထား မခိုင်လုံဘဲ ဝေဖန်ကန့်ကွက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ စစ်ကော်မရှင်ထုတ်ပြန် - ဆော်ဒီအာရေဗျမှာ အခုနှစ်အတွင်း လူပေါင်း ၃၅၀ နီးပါးကို အစိုးရက စံချိန်တင် ကွပ်မျက်စီရင်ခဲ့ - သြစတြေးလျနိုင်ငံ ဘွန်ဒိုင်ကမ်းခြေ ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သူ ၁၅ ဦးကို အောင်းမေ့ သတိရတဲ့ အခမ်းအနား ဆစ်ဒနီမြို့မှာ ကျင်းပ - ထိုင်းနိုင်ငံနဲ့ အခုနောက်ဆုံး နယ်စပ်ဖြတ်ကျော် ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် လူ ငါးသိန်းကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကမ္ဘောဒီးယား အစိုးရပြော - တောင်အာဖရိကနိုင်ငံ ဂျိုဟက်နက်စ်ဘာ့ဂ်မြို့မှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုအတွင်း လူ ကိုးဦး သေဆုံး
Thông Tin
- Chương trình
- Tần suấtHằng ngày
- Đã xuất bảnlúc 14:57 UTC 21 tháng 12, 2025
- Thời lượng15 phút
- Xếp hạngSạch