Ani_Kyaung

Red Cat

Ani Kyaung (Red Cat in English) is a podcast dedicated to providing progressive and leftist perspectives to Burmese listeners. အနီကြောင် သည် မြန်မာနိုင်ငံရှိသူများအတွက် တိုးတက်ရေးဝါဒီနှင့် လက်ဝဲအမြင်များကို ဖြန့်ဖြူးနေသည့် အွန်လိုင်းစကားဝိုင်း ဖြစ်ပါသည်။

Episodes

  1. 05/03/2020

    May Day

    မေဒေးနေ့မှာ အလုပ်သမားကိစ္စတွေမှာ ပါဝင်လုပ်ဆောင်နေတဲ့ ကိုဇင်လင်းကို ဖိတ်ခေါ်ပြီးတော့ အလုပ်သမားအရေးအကြောင်းဆွေးနွေးခဲ့ပါတယ်။ ဒီ အွန်လိုင်းစကားဝိုင်းမှာ မေလ တစ်ရက်နေ့ကို အလုပ်သမားနေ့လို့ သတ်မှတ်ခဲ့ပုံသမိုင်းအကျဥ်း၊ မေဒေးဗမာပြည်မှာ စတင်ဖြစ်ပေါ်လာပုံ၊ လက်ရှိခေတ် အလုပ်သမားလှုပ်ရှားမှုသမိုင်းနဲ့ လူထုကြားက သပိတ်မုန်းတီးတဲ့ အမြင်၊ NLD အစိုးရဘက်က တည်ထောင်သင့်တဲ့ လူမှုဖူလုံရေးစနစ် စတာတွေကို သုံးသပ်ပြောဆိုထားပါတယ်။ အွန်လိုင်းစကားဝိုင်းအတွက် ငွေပင်လယ် စက်မှုဇုန်က အလုပ်သမားခေါင်းဆောင်မတင်တင်ဝေက covid19 ကပ်ရောဂါကြောင့် စက်ရုံအလုပ်သမားတွေ အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သုံးပေအကွာက နေဖို့ အခက်အခဲကြုံနေကြောင်း၊ အစိုးရက မေလ ၁၅ ရက်နေ့မှ ကားတွေထွက်မယ်ကြော်ငြာထားပေမယ့် စက်ရုံက မေလ ၄ ရက်နေ့ပြန်မလာရင် အလုပ်သမားတွေကို အလုပ်ထုတ်မယ်လို့ ပြောတာကြောင့် အလုပ်သမားတွေ အခက်အခဲကြုံနေကြာင်း ပြောပြပေးခဲ့ပါတယ်။ မတင်တင်ဝေနဲ့ ပြောထားတဲ့အသံဖိုင်ကတော့ နည်းပညာအခက်အခဲကြောင့် ဒီစကားဝိုင်းထဲမှာ ထည့်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

    48 min
  2. 04/18/2020

    ကမ္ဘာလုံးဆိုင်ရာ အရင်းရှင်စနစ်၊ failed state ဖြစ်နေတဲ့ ဗမာနိုင်ငံနဲ့ ကိုရိုနာဗိုင်းရပ်စ်

    ကိုရိုနာဗိုင်းရပ်စ်ဟာ လူသန်းပေါင်းများစွာထံကို ကူးစက်ပြီး လူအသက်ထောင်ပေါင်းများစွာကို ဇီဝိန်ချွေခဲ့ပြီးပါပြီ။ ဒီဗိုင်းရပ်စ်ဟာ သူ့ချည်းပေါ်လာတာတော့မဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ အရင်းရှင်စနစ်ကြောင့်သာ ဒီလောက် ကူးစက်ပျံ့နှံလွယ်သွားတာပါ။ အနီကြောင် podcast ကို စတင်မိတ်ဆက်ရင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုရင်ဆိုင်ရာမှာ အစိုးရရဲ့ အမှားတွေ၊ အောက်ခြေလူတန်းစားတွေ လက်တွေ့ကြုံနေရတဲ့ ဒုက္ခ၊ အောင်ဆန်းစုကြည်ရဲ့ moral politics နဲ့ အနာဂတ်မှာ ကမ္ဘာမှာရော ဗမာမှာရော ဖြစ်ပေါ်လာနိုင်မယ့် အပြောင်းအလဲတွေအကြောင်း ဆွေးနွေးထားပါတယ်။

    54 min

About

Ani Kyaung (Red Cat in English) is a podcast dedicated to providing progressive and leftist perspectives to Burmese listeners. အနီကြောင် သည် မြန်မာနိုင်ငံရှိသူများအတွက် တိုးတက်ရေးဝါဒီနှင့် လက်ဝဲအမြင်များကို ဖြန့်ဖြူးနေသည့် အွန်လိုင်းစကားဝိုင်း ဖြစ်ပါသည်။