
Episode #28: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၂)
ဆရာဇင်ဇေလွင်၏ ကြယ်ငါးကောက်သူနှင့်ကြယ်ကြွေနိုင်ငံ ပထမပိုင်းကို နားဆင်ပြီး ဒုတိယပိုင်းအတွက် စောင့်မျှော်နေမည်ကို ယုံကြည်ပါတယ်။
Podcast ရဲ့ အနှစ်သာရဖြစ်တဲ့ နားဆင်ရင်း တွေးခေါ်နိုင်မယ့် အကြောင်းအရာတော်တော်များများကို ဆွေးနွေးပြောပြသွားတဲ့ podcast တစ်ခုလည်း ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနားဆင်ရင်း လေးလေးနက်နက်တွေးစရာတွေ လုပ်စရာတွေ မြင်လာမယ်လို့ ယုံကြည်ပါတယ်။
ကျတော်တို့နိုင်ငံမှာ ဆရာဇင်ဇေလွင်လို ကြယ်ငါးကောက်သူတွေ ရှိခဲ့ပါတယ်။ ယခုကာလမှာဆိုရင် ပိုလို့တောင် များပါသေးတယ်။ အဲ့လို လူတွေဟာ အခုဆို ကောင်းကင်မှာ တရှိန်ထိုးတောက်ပနေတဲ့ ကြယ်တွေ မကြွေစေဖို့အရေး နိုင်ရာတာ၀န်ကို မျှထမ်းနေကြပါတယ်။ ရှိသမျှ ရှာထားသမျှတွေကို ချရင်းပြီး လောင်းကြေးထပ်ခဲ့တဲ့ ဆရာဇင်ဇေလွင်ရဲ့ တော်လှန်ရေးခရီး ဒုတိယပိုင်း ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံကို ကြိုးစားဖန်တီးပေးလိုက်ပါတယ်။ နားဆင်ရင်း နွေဦးတော်လှန်ရေးအတွက် တွေးနိုင် ကြံနိုင် အားဖြည့်နိုင်ကြပါစေခင်ဗျာ။
Информация
- Подкаст
- Канал
- ЧастотаЕженедельно
- Опубликовано16 февраля 2023 г. в 02:30 UTC
- Длительность54 мин.
- Выпуск27
- ОграниченияБез ненормативной лексики