Zephyr - Podcast

Henry Zephyr

Peace, Love and Compassion

Episodes

  1. 11/14/2021

    podcast-3 ကလေးတွေအတွက် ဘာတွေလိုလဲ

    မနက်နိုးလာတော့ မွေးထားတဲ့ oranda တစ်ကောင်က ပက်လက်လန်နေတယ်။ ပုံမှန်အားဖြင့်တော့ လေရောဂါပေါ့။ အဲဒါနဲ့ သူ့ကို ငါးကန်အသေးထဲပြောင်းထည့်ပြီး ဆေးခတ်၊ ပဲကျွေး။ အာဟာရကိုပြုပြင်ပေးလိုက်တော့ နေ့လည်လောက်ဆိုရင် အတည့်အတိုင်းပြန်ကူးနိုင်ပြီ။ ကံစိတ်ဥတုအဟာရ မျှမှ သတ္တဝါတိုင်း ကျန်းမာမယ်။ တော်လှန်ရေးကာလဟာ ရှည်လာတော့ ကျောရိုးပျော့တဲ့သူတွေလည်း ပျော့လာတယ်။ မထင်မှတ်ဘဲ ရဲရင့်ပြတ်သားပြသွားတဲ့လူတွေဆီကလည်း အားတွေရတယ်။ အားတွေတက်ရတယ်။ တကယ်တော့ တော်လှန်ရေးဖြစ်ဖြစ်၊ ကျန်းမာရေးဖြစ်ဖြစ် ရေရှည်ပြင်ဆင်ပြီးသွားမှလိုချင်တဲ့ ရလဒ်ရမယ်။ သားငယ်တုန်းက ကမ္ဘာလုံးလေးတစ်လုံး သူ့အမေဝယ်ပေးတယ်။ ကျနော်တို့ငယ်တုန်းကလည်း အိမ်မှာ ကမ္ဘာလုံးလေး အမေကဝယ်ထားပြီး ဘယ်နားမှာ ဘာနိုင်ငံဆိုတာပြတယ်။ အခုတော့ သားကို ကျနော်တို့က ပြန်သင်ပေးရတယ်။ အဲဒီမှာမှ နိုင်ငံတွေရဲ့ အနေအထား၊ အကြီးအသေး၊ သဘာဝပတ်ဝန်းကျင်၊ရာသီဥတုစတာတွေကို နားလည်လာမယ်။ သူကြီးလာရင်လည်း နိုင်ငံတွေရဲ့ အနေအထားအရ ဖြစ်လာနိုင်တဲ့ သဘာဝဘေးတွေနဲ့၊ တခြားပြဿနာတွေကို သူနားလည်လာနိုင်မယ်ထင်တယ်။ သူနည်းနည်းကြီးလာရင်တော့ သူ ကမ္ဘာလုံးပေါ်မှာ မြင်ရတဲ့ တိုင်းပြည်တွေဆီခေါ်သွားပေးမယ်။ သူ့ရဲ့ပထဝီဝင်ဟာ ကမ္ဘာလုံးမှာ စပြီး အပြင်မှာမြင်တွေ့ရတဲ့ အသက်ဝင်တဲ့ ပထဝီဝင်ဖြစ်စေချင်တယ်။ ကျနော်တို့ငယ်တုန်းက ပထဝီဝင်သိပ်သဘောကျတယ်။ ၉ တန်းအတန်းပိုင်ဆရာမက ပထဝီဝင်ဆရာမဆိုတော့ မနက်တိုင်း မြန်မာပြည်မြေပုံအကြီးကြီးဖြန့်ပြီး ပြည်နယ်နဲ့တိုင်းတွေသင်တယ်။ ဆယ်တန်းရောက်လာတော့လည်း ကွန်တိုမျဉ်းတွေကို ဘယ်လိုအမြန်ဆွဲရလဲဆိုတာ အတန်းထဲမှာ ဖြေတော့ ကျောင်းကဆရာမက ကျနော်တို့ဆွဲတဲ့နည်းက မြန်ပြီးထိရောက်လို့ ကျန်တဲ့သူတွေကိုလည်း အဲဒီနည်းသုံးဖ

    8 min

About

Peace, Love and Compassion