DOTD

Hermosa

DOTD - Dish of the Day is about the feeling of the day.

Episodes

  1. 05/11/2021

    တောင့်တခြင်း - ငြိမ်းလူ

    သက်သေပြစရာမရှိတဲ့ ကျဆုံးခြင်းလို့ မိစ္ဆာတွေ ပြုံးနေတဲ့အခိုက် ဝင်းပတဲ့ ကြယ်တပွင့်ဖြစ်သွားတော့ နင်းချစရာ မြေမရှိတော့မှန်း သူတို့ သိမ်ငယ်စွာနဲ့ သိမြင်သွားတယ်။ အောင်မြင်ခြင်းဆိုတာ ခင်ဗျားက ကျနော့်ကို သင်ပြသွားတယ်။ ဒဏ်ရာရနေတဲ့ ခေါင်းဆောင်ကောင်းဟာ သူ့ရဲဘော်တွေကို သိပ်လှတဲ့မုသားသုံးပြီး တိုက်ပွဲကိုနိဂုံးချုပ်ပေးနိုင်တယ်တဲ့။ ရုတ်တရက်ဆိုတဲ့ စကားလုံးထက် ရဲဘော်အတွက် အဲ့ဒီည အိပ်ပျက်တယ်။ ညတိုင်းမှာ ခင်ဗျားရယ် သူရဲကောင်းတွေအကြောင်း အိပ်မက်ပေါင်းများစွာနဲ့ အိပ်ပျက်ခွင့်ပြုပါ။ (စစ်အာဏာရှင်တို့၏ အကျဉ်းထောင်အတွင်း ကျဆုံးသွားခဲ့ရသော ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်အောင် သို့) ဟု ကဗျာအဆုံးတွင်ဖော်ပြပါရှိပါသည်။ ကဗျာကို ဆရာငြိမ်းလူ၏ "လဇူလိုင်ကို ရဲဝင့်သူသာပိုင်တယ် နှင့် အခြားကဗျာ (၉) ပုဒ်" စာအုပ်မှထုတ်နုတ်ထားပါသည်။

    တောင့်တခြင်း - ငြိမ်းလူ

About

DOTD - Dish of the Day is about the feeling of the day.