Zayar Htun PMP®

Zayar Htun W2I

Knowledge sharing about Project Management, Career Development and Motivation

Episodes

  1. 07/04/2021

    How I reduce stress/depression/anxiety during crisis.

    ခုချိန်မှာ coupကြောင့်ရောcovidကြောင့်ရော ကြောင့်depressionတွေ၊stressတွေ၊anxietyတွေ၊စိတ်အလိုမကျမှုတွေအများကြီးဖြစ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဓာတ်တတ်လိုက်ကျလိုက်ခနခနပါဘဲ။ အဲ့လိုဖြစ်နေတော့မဟုတ်သေးဘူးဆိုပြီး နည်းလမ်းတွေရှာ စာတွေဖတ်ကြည့်ပြီး စမ်းသပ်ကြည့်တဲ့အခါ သိသိသာသာတိုးတတ်ပြီး စိတ်ကိုrelaxဖြစ်အောင်၊အေးချမ်းအောင်စွမ်းဆောင်နိုင်တဲ့အရာလေးတွေသွားတွေ့တယ်။ အဲ့ဒါတွေကတော့ ၁။ အသိမိတ်ဆွေတွေနဲ့စကားပြောပါ။ ၂။ ဒေါသကိုတတ်နိုင်သလောက်လျှော့ပါ။ ၃။ ကိုယ်လက်လှုပ်ရှားလုပ်ပါ။ ၄။positive thoughts/vibesတွေများများတွေးပါ။ ၅။ကိုယ်လုပ်ချင်တာတခုကိုဖြစ်အောင်လုပ်ပါ။

    6 min
  2. 07/02/2021

    Does employee need to guilty to org if he/she resign?

    "Employee တယောက်က certificate တွေဘွဲ့တွေ knowledges အသစ်တွေထပ်တိုးလာတဲ့အခါ အလုပ်ပြောင်းကြတယ်။ အဲ့ကျရင် employee အနေနဲ့ organization အပေါ်ကို guilty ဖြစ်ဖို့လိုလား? " အရင်ဆုံးပြန်မေးဖို့လိုတာ အဲ့ဒီcertificateတွေknowledgesတွေက organization ကoperation purposeအတွက် supportပေးတာလားဆိုတာပါ။ အဲ့လိုဆိုရင် အဲ့အတွက်ကိုယ့်ဘက်က effortsပြန်ပေးဖို့လိုပါတယ်။မပေးဘဲပြောင်းခဲ့ရင်တော့ you deserve to guilty လို့ပြောရမယ်ထင်ပါတယ်။ အဲ့လိုမဟုတ်ဘူး။ ကိုယ့်ဟာကိုယ် အကုန်အကျခံထားတဲ့အရာမျိုး၊ ကိုယ့်ဟာကိုစိုက်ထုတ်ပြီးရလာတဲ့knowledgesမျိုးဆိုရင်တော့ guilty ဖြစ်စရာမလိုပါ။ ဖြစ်ချင်းဖြစ် organization ကတောင်ဖြစ်ရဦးမှာပါ 😅 ဘာလို့လဲဆိုရင် ဘယ်employeesမဆို ကိုယ့်နဲ့ကိုက်ညီတဲ့နေရာ၊ကိုယ့်ရဲ့personal valueကိုတန်ဖိုးထားတတ်တဲ့နေရာကနေပြောင်းဖို့ခဲယဥ်းပါတယ်။ပြောင်းရတဲ့အချက် ၂ခုဘဲရှိနိုင်ပါတယ်။ တစ်အချက်က ကိုယ့်ရဲ့ value changes ကို recognize မလုပ်ပေးနိုင်လို့၊ နှစ်အချက်ကကျ ကိုယ်သိထားတဲ့ new knowledge,new skillကိုထုတ်ဖော်ပြသခွင့်မရလို့..(တခြားလူတော့မသိဘူး..ကျွန်တော်ဆိုရင်တော့ ကိုယ်သိတဲ့ ကျွမ်းကျင်တဲ့ skillတွေknowledgesတွေကို ဖော်ထုတ်အသုံးပြုချင်တဲ့၊shareချင်တဲ့ အတ္တလေးရှိတယ်။) အဓိက organization ကtrustဖြစ်ပေးဖို့ဘဲလိုတယ်။ Responsibility နဲ့ Accountability ကိုယ်ကရှိရင်ရပြီ။ organizationက wayအသေကြီးဘဲသွားပြီး inputလက်မခံတာမျိုးဆို ထွက်ကြမှာပါဘဲ။ အဲ့လိုအချက်တွေကြောင့် personal development growth ဖြစ်သွားတဲ့အခါ အလုပ်ပြောင်းဖြစ်ကြတာလို့ထင်ပါတယ်။ 👉👉"မေးချင်တာလေးတွေပို့ပေးထားလို့ရပါတယ်ဗျ။ Project Management, career development, career adviceတွေနဲ့ပတ်သတ်တာတွေဆို သိသလောက်ပြောပြပေးပါ့မယ်"

    3 min
  3. 07/02/2021

    Just my emotion thought

    Everything is nothingဆိုတာကိုလက်ခံလာတယ်။ တကယ်ကို အရာရာက just a drop of waterလို့ကိုပြောလို့ရတယ်။ ကျွန်တော်တို့ ပျော်တယ်..အဲ့အပျော်ဆိုတာလည်း တသက်လုံးမခံဘူး။ စိတ်ညစ်စရာဆိုတာလည်းအဲ့လိုဘဲ။ ဘဝဆိုတဲ့ ကန်ကြီးထဲကို ရေတစက်စီချနေသလိုဘဲ။ ရေတစက်စပြီးပြုတ်ကျတဲ့အချိန်မှာဘဲ အဲ့ဒီတစက်ကိုမြင်လို့ရ၊ခံစားလို့ရပေမယ့် ရေကန်ထဲပလုံဆိုကျပြီးသွားရင် အဲ့ဒီရေတစက်ကမရှိတော့ဘူး။ ခနလေးအတွင်းမှာဘဲ အတိတ်ဖြစ်သွားခဲ့တယ်။ အဲ့ဒါကိုဘဲ ကျွန်တော်အပါအဝင်လူတွေမှာ Emotions ရေစက်လေးတွေရဲ့ ခနတာဖြစ်တည်မှု ကိုဘဲတွယ်တာမက်မောနေကြရတာ...ကန်ထဲမကျခင်အချိန်လေးကိုဘဲ တကမ္ဘာထင်ပြီး ရူးကြရတာ..

    3 min
  4. 07/02/2021

    Uniပြီးကာစကျောင်းသား/သူ ညီလေး၊ညီမလေးအတွက်ပါ။

    Uniပြီးကာစအချိန်ဆိုရင် ကျောင်းသား/သူ ညီလေး၊ညီမလေးတွေတော်တော်များများ depressionတွေ၊stressတွေဝင်တတ်ကြတယ်။ မဝင်အောင်ဘယ်လိုလုပ်မလဲဆိုရင်တော့ ဒါnormalဖြစ်စဥ်လို့ဘဲပြောပါရစေ။ ကျွန်တော်လည်းဖြစ်ခဲ့တာဘဲ။ နောက်လူတွေလည်း ဖြစ်ဦးမှာပါဘဲ။ ဘယ်လို recoverလုပ်ရမလဲဆိုရင်တော့ အများစုဖြစ်တတ်တဲ့ mind state lvl 3ခု နဲ့ပြောပြချင်ပါတယ်။ ပထမဆုံးတစ်ခုက ကိုယ်ကကျောင်းတတ်နေတုန်းမှာ သူငယ်ချင်းက အလုပ်လုပ်နေပြီ ဆိုရင်ဖြစ်တဲ့ stressပါ။ ကိုယ့်သူငယ်ချင်းက ကျောင်းမပြီးဘဲနားပြီးအလုပ်ဝင်လိုက်တာလည်း ဖြစ်နိုင်သလို၊ ကိုယ်က masterဆက်တတ်တာမျိုး၊ ၁နှစ်နားထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဲ့ချိန်ကျရင် "သူတောင် အလုပ်လုပ်နေပြီ။ ငါကကျောင်းတတ်နေရတုန်း..ပိုက်ဆံမရှာနိုင်သေးဘူး'စတဲ့ guilty ခံစားချက်တွေနဲ့ရတဲ့ stressပါ။ အဲ့ဒီ stressဖြစ်ရင်ဘယ်လို စဥ်းစားရမလဲဆိုတော့ ကိုယ့်ရဲ့ဖြစ်တည်ချက်သည် သူများနဲ့မတူဘူးဆိုတာ အရင် ခေါင်းထဲထည့်ထားပါ။ ပြီးရင် စဥ်းစားကြည့်ကြမယ်။ ဟုတ်ပြီ သူက အလုပ်အရင်ဝင်သွားတယ်။ ငါလည်း ကျောင်းပြီးရင်ဝင်မှာဘဲ ။ လုပ်သက်အနည်းအများထက် အရည်အချင်းရှိပြီး သေချာကြိုးစားတဲ့သူက တခြားသူကိုကျော်တတ်သွားမှာပါဘဲ။ အလုပ်အရင်စောလုပ်ပြီး ၂နှစ်၃နှစ် ဒီလစာ၊ဒီရာထူးနဲ့ဖြစ်နေရတဲ့သူတွေအများကြီးပါ။ မလိုဘဲ stressမထားပါနဲ့။ ဒုတိယ lvlကကျတော့ ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါ လျှောက်တဲ့အလုပ်တွေမရတဲ့ အခါဖြစ်တဲ့ depression တွေ၊ stressတွေပါ။ အရမ်းစိတ်ညစ်မခံပါနဲ့။ ကိုယ့်ဘက်ကလိုအပ်ချက်ကြောင့်ဘဲလို့ အမြဲမတွေးဘဲ အလုပ်ရှင်ဘက် လိုအပ်ချက်ကြောင့်လည်းပါပါတယ်။ လူတိုင်းမှာ အားသာတဲ့အပိုင်းရှိတယ်။ အဲ့ဒီအားသာတဲ့အပိုင်းကို လုပ်ငန်းရှင်ဘက်က သူ့လုပ်ငန်းအတွက်မလိုအပ်သေးလို့ မခန့်တာလည်းဖြစ်နိုင်သလို၊ အဲ့ဒီ အရည်အချင်းအားသာချက်ကို

    6 min

About

Knowledge sharing about Project Management, Career Development and Motivation