The Institute for Strategy and Policy – Myanmar

ISP-Myanmar

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

  1. ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု အနေမနီး မစုစည်းနိုင်သေးသည့် ဖားစည်မြေ

    8H AGO

    ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု အနေမနီး မစုစည်းနိုင်သေးသည့် ဖားစည်မြေ

    မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခစီးပွားရေးကလည်း ပုံသဏ္ဌာန်မျိုးစုံ၊ ဖြစ်ထွန်းမှုပေါင်းစုံနဲ့ ထွန်းကားလာပါတယ်။ ပဋိပက္ခစီးပွားရေးဆိုတာကတော့ ငွေရမယ့် စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးကွန်ရက်တွေ၊ အမြတ်အစွန်းတွေဟာ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။ သဘာဝသယံဇာတ ထုတ်ယူတာတွေ၊ မိုင်းတွင်းတွေ၊ တရားမဝင် ကုန်သွယ်ရေးကွန်ရက်တွေ၊ လက်နက်၊ မူးယစ်ဆေး၊ လူမှောင်ခိုအပါအဝင် အခြားသော မှောင်ခိုကူးသန်းမှုတွေဟာ အဓိကကျတဲ့ အစိတ်အပိုင်းတွေအဖြစ် ပါဝင်ပါတယ်။ ဒီလိုပဋိပက္ခစီးပွားရေးစနစ်က ပြည်တွင်းစစ်မီးကို ဆက်လက်တောက်လောင်နေစေဖို့ လောင်စာကျွေးပေးနေပါတယ်။

    7 min
  2. စစ်ခေါင်းဆောင်နှင့် သမ္မတထက်ပိုသော ခြေလှမ်း

    8H AGO

    စစ်ခေါင်းဆောင်နှင့် သမ္မတထက်ပိုသော ခြေလှမ်း

    ISP Podcast ကနေ ကြိုဆိုပါတယ်။ ISP Podcast မှာ ISP-Myanmar က ထုတ်ဝေတဲ့ သုတေသနစာတမ်းတွေကို တင်ဆက်ပေးနေပါတယ်။​ ISP Column ကဏ္ဍက ဆောင်းပါးတချို့ကိုလည်း Podcast အဖြစ် ရွေးချယ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီတခေါက်မှာတော့ စာမူရှင် ‘နိုင်မင်းခန့်’ ရေးသားထားတဲ့ ‘စစ်ခေါင်းဆောင်နှင့် သမ္မတထက်ပိုသော ခြေလှမ်း’ ဆိုတဲ့ ISP Column ဆောင်းပါးကို  တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို  ‘၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ နားဆင်ပေးကြပါဦး ရှင်။  ဒါကတော့ စာမူရှင် ‘နိုင်မင်းခန့်’ရဲ့ ကော်လံဆောင်းပါးကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။ ISP Column ကို စာမူတွေ ပေးပို့နိုင်ပါတယ်။ စာမူပေးပို့ရန် လမ်းညွှန်ချက်ကို https://ispmyanmar.com/ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ISP Podcast ကို နားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    8 min
  3. ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၁၂ (အယူအဆ မှတ်စု)

    8H AGO

    ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၁၂ (အယူအဆ မှတ်စု)

    ညီနောင်သုံးဖွဲ့ရဲ့ “စစ်ဆင်ရေး ၁၀၂၇” ပထမပိုင်းနဲ့ ဒုတိယပိုင်းအပြီး ရှမ်းမြောက်ဒေသရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာသွင်ပြင်က အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်း စစ်စီးပွားရေး(တနည်း) ပဋိပက္ခစီးပွားရေးက သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။ ပဋိပက္ခစီးပွားရေးဆိုတဲ့သဘောက စီးပွားရေးလုပ်ဆောင်မှုတွေ ထိန်းသိမ်းထားဖို့နဲ့ အဲဒီစီးပွားရေးလုပ်ငန်းကွန်ရက်တွေနဲ့ အမြတ်အစွန်းတွေဟာ လောင်အားကောင်းနေတဲ့ မြန်မာ့ပြည်တွင်းစစ်နဲ့ ခွဲမရလောက်အောင် ချိတ်ဆက်နေတဲ့ အနေအထားပါ။  ဒီနေရာမှာ အထူးတလည် ထိခိုက်နစ်နာရသူတွေကတော့ ဒေသခံတွေနဲ့ နိုင်ငံတခုလုံးက ပြည်သူလူထုတွေပါပဲ။ ဒီလို ဆိုးရွားတဲ့ လူမှုကပ်ဘေး၊ သရောကြီးခိုင်းချိန်ကို ပြည်သူလူထုတွေက ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြရပါသလဲ။ ဒီအယူအဆမှတ်စုမှာ နားဆင်နိုင်ပါတယ်။

    6 min

Ratings & Reviews

5
out of 5
6 Ratings

About

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.