Gonna Tell The World ...

yewint zarnisoe

a mind break

Episodes

  1. 08/14/2021

    အယ်လီနာ

    #1 ပြောရရင်တော့ အယ်လီနာက တော်တော့်ကိုအချိုးမပြေတာ ဥပမာပေးရရင် သူ့ဖုန်းထဲကcontact names ဟာ အမြဲတမ်း ဗလာ။ "အခုဆက်နေတာဘယ်သူပါလဲ" အယ်လီနာ အမြဲ ဒီလိုမေးတယ် တစ်ဖက်လူ ဘယ်လောက်ပဲပေါက်ကွဲပေါက်ကွဲ သူမသိနားမလည်။ Contactsမှာနာမည်တွေ တခုတ်တရ မှတ်သားထားဖို့ အယ်လီနာ့မှာစိတ်ကူးမရှိ။ .............................. #2 အယ်လီနာက အမြဲလိုလိုပဲ လူတွေကိုစိတ်ကုန်နေတတ်တယ်။ ဒါကြောင့်သူ ခွေးတွေမွေးတယ်။ အမျိုးသမီးတွေရဲ့ စကားဝိုင်းမှာ မကောင်းတတ်လို့ဝင်ထိုင်ရတိုင်း သူတဝါးဝါးသမ်းနေလေ့ရှိတယ်။ "ဟိုမိန်းမရဲ့နားကပ်က စိန်ကဘာညာ" အယ်လီနာရဲ့ အကြားအားရုံထဲ အတင်းစကားတွေ ဝင်တစ်ချက်မဝင်တစ်ချက်။ တကယ်တော့ အယ်လီနာက အတွေးထဲ ကျရောက်နေတာ... ညစာအဖြစ် ခေါက်ဆွဲပြုတ်သောက်ပြီးရင် အမှောင်ထဲမှာ ဂျက်ကီ နဲ့ လမ်းလျှောက်ထွက်ဖို့...။ ............................... #3 အယ်လီနာက အတင်းစကားတွေကိုမုန်းပေမယ့် သမာရိုးကျလူတွေရဲ့ဘဝကို နားထောင်ရတာကြိုက်တယ်။ "အကိုကြီးရေ ညီလေးကို တစ်စီးလောက်" "ကုန်စျေးနှုန်းတွေ ကလည်းကြီးလာလိုက်တာဟယ် ကြက်သွန်နီ တစ်ဆယ်သားဘယ်လောက်မှတ်လဲ ၈၀၀ တဲ့ဟဲ့" "ဒီတစ်လကုန်ရင် အိမ်ကပြန်အပ်ရတော့မှာလေ ကျွန်မတို့မိသားစု ဘယ်ကပ်နေရမလဲ မသိတော့ပါဘူး ဆရာမရယ် စံပယ်ပန်းလေးတွေ ဝယ်မယ်မလား" "အမေက ပုသိမ်သူလေ အမေတို့ငယ်ငယ်ကဆို မြစ်ကမ်းဘေးဆင်းပြီး ပုစွန်ထုပ် ကြီးတွေဖမ်းတာ ဖရဲသီးတွေလည်းပေါမှပေါ ပုသိမ်သူတွေက သိပ်စိတ်ကောင်းရှိတာ အမေတို့ ငယ်ငယ်ကဆိုရင်လေ..." အယ်လီနာက ဘဝတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ချင်တာ...။ .............................. #4 မာ့ခ်တွိုင်းက ပြောဖူးတယ် "Everyone is a moon,and has a dark side which he never shows to anybody" "လူတိုင်းက လတစ်စင်းဖြစ်တယ် ဘယ်သူ့ကိုမှဘယ်တော့မှ ထုတ်ဖော်ပြမှာမဟုတ်တဲ့ အမှောင်ဘက်ခြမ်းတစ်ဖက်စီနဲ့ " တဲ့။ အယ်လီနာက ဒီစကားကိုသိပ်ကြိုက်တယ်။ လူတွေရဲ့ dark sideကိုရှာဖွေကြည့်ဖို့ သူအရမ်းစိတ်အားထက်သန်နေတတ်တယ်။ မကြာပါဘူး သူလက်လျှော့လိုက်တယ်။ Dark sidesတွေဟာ သိပ်မှောင်လွန်းတယ်။ လူတွေက ကြောက်စရာ မိုက်မဲကြတာကိုး။ ...................... TBC #အယ်လီနာ # TraumaLily

About

a mind break