Painkiller Poems

HlwanMoe Kyaw

ခံစားမိသမျှရယ်ပါ

Episodes

  1. ဒီငပိန်းသာ သုတ်မလွှတ်ခဲ့ဘူးဆိုရင်

    09/24/2022

    ဒီငပိန်းသာ သုတ်မလွှတ်ခဲ့ဘူးဆိုရင်

    လူသားချင်းစာနာမူဟာ online ပေါ်မှာပဲရှိတယ် ခင်ဗျားတို့ အရိုးတွန်တာက အသံထွက်အောင်ကိုတွန်နေတာပါလား ငပိန်းတစ်ယောက် သုတ်လွှတ်ကြမ်းသွားတဲ့အဖြစ်ပါ ကြောက်ရွှံ့ခြင်း စိုးထိတ်ခြင်းနဲ့ ရှင်သန်လိုခြင်းတွေ မသိစိတ်ထဲ အားပြိုင်နေဆဲမှာပဲ တွယ်ငြိနေတဲ့ အတ္တတွေနဲ့ မျက်လုံးကို စုံမှိတ်ကြည့်လိုက်တော့ မြင်နေရတာက တစ်မြို့လုံး သုတ်ရည်တွေအပြည့်တဲ့ ကျေနပ်ခြင်း မကျေနပ်ခြင်းတွေခနထား အကယ်၍သာ ဒီငပိန်းသာ သုတ်မလွှတ်ခဲ့ဘူးဆိုရင် ခင်ဗျားတို့ရဲ့ preproduction က ဇာတ်တော်ကြီးရှည်မှာအသေအချာ ခုလောလောလောဆယ်မှာဖြင့် news feed တစ်ခုလုံးလဲ ဒီစောက်ပိန်းရဲ့ သုတ်‌ရည်တွေရွှဲလို #ကျေးဇူးတင်ပါတယ်မြန်မာပြည်ကြီး #HMK

    1 min
  2. ငါမင်းကို အကြိမ်ကြိမ်ပြန်ပြီး ချစ်ခွင့်ပန်အုန်းမယ်

    09/24/2022

    ငါမင်းကို အကြိမ်ကြိမ်ပြန်ပြီး ချစ်ခွင့်ပန်အုန်းမယ်

    အဝါရောင် နတ်ဘုရားတွေဟာ ငြိမ်သက်ခြင်းကို နာရီလက်တံတွေ မရှိတဲ့အရပ်မှာ စွန့်ပစ်ခဲ့တယ် အမှောင်ထုတွေက အလင်းမရှိတဲ့ကမ္ဘာမှာ မာနထောင်လွှားနေသလိုမျိုးပေါ့ စိတ်ကို စိတ်နဲ့ဖြေခဲ့ဖူးတာ အကြိမ်ကြိမ် ချစ်တဲ့စိတ်တွေ ကိုယ်ကျိုး‌နဲခဲ့ဖူးတာလဲအကြိမ်ကြိမ် အဲ့ဒီလို "အကြိမ်ကြိမ်" တွေကြောင့် ငါမင်းကို ချစ်ခွင့်ပန်ရဲခဲ့တာ ချစ်တယ်ဆိုတာ စကားလုံးတွေသက်သက်နဲ့မပြည့်စုံဘူးလေ ဘဝတွေ၊ ခြားနားခြင်းတွေ မနီးစပ်နိုင်ခြင်းတွေ ဒါတွေကြားထဲမှာ အလွမ်းဆိုတဲ့ ကြားလေသွေးရင်တောင် ငါမင်းကို အကြိမ်ကြိမ်ပြန်ပြီး ချစ်ခွင့်ပန်ဦးမယ် သက်သေမရှိအလွမ်းတွေနဲ့ လူ #HMK

    1 min
  3. ငါတို့ဟာ
အပြိုအပျက် အကြိုအကြားက
ပျောက်နေတဲ့ အုတ်ချပ်ခဲတစ်လုံးလား

    09/24/2022

    ငါတို့ဟာ အပြိုအပျက် အကြိုအကြားက ပျောက်နေတဲ့ အုတ်ချပ်ခဲတစ်လုံးလား

    Identity ရှာမရခင် ဒီလိုခေတ်မှာ ငါတို့ဟာ အပြိုအပျက် အကြိုအကြားက ပျောက်နေတဲ့ အုတ်ချပ်ခဲတစ်လုံးလား မှောင်နေတာမှန်တယ်လေ မင်းတို့က အလင်းမလာခင် ၃၃နှစ် လောက်ထဲက မှောင်ခဲ့တာပါ ငါတို့စိတ်တွေကို လူပျောက်ကြေငြာတစ်ခုလို ဖြစ်သွားအောင်လုပ်တယ်ဟုတ် အေး စိတ်ထဲရှိတဲ့ အရာကိုတောင် အသံထွက်မှန်အောင် မထွက်တတ်တဲ့ နှလုံးသားတွေနဲ့ ညည မင်းတို့အိပ်ရေးဝဝအိပ်ပျော်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် မင်းတို့ဗျောက်တွေကို မင်းတို့ဖင်ထဲထိုးထည့်ချင်လာအောင် ငါတို့ရဲ့ မျက်ရည်တွေနဲ့ ငါတို့ရဲ့အသံတွေနဲ့ တွန်းလှန်ပြမယ် #HMK

    1 min
  4. ကမ္ဘာကျော်တွေနဲ့ဝေးရာ

    09/24/2022

    ကမ္ဘာကျော်တွေနဲ့ဝေးရာ

    ဒီမြို့ထဲမှာလေ ကျွန်တော်ဟာ ကိုယ်ကိုကိုယ် "ကျွန်တော်" လို့ပဲ နာမ်စားသုံးပြီး နေထိုင်ခဲ့တာကြာပြီ အမှန်တရားရဲ့အနားသပ်မျဉ်းလေးမှာ အမှားပါတဲ့အခါ အမှန်တရားဟာ လိုတာထက်ပိုပြီး ရင့်ကျက်တည့်ငြိမ်နေပါလိမ့်မယ် မိုဘိုင်းဖုန်းတွေရဲ့ဝေးရာ ဆိုရှယ်မီဒီယာတွေရဲ့ဝေးရာ မြို့ပြရဲ့ဝေးရာ မနက်ဖြန်တွေအထိတွေးစရာမလိုတဲ့ စိတ်တွေနဲ့ ငါရဲ့ နာမဝိသေသနကို ငါကိုယ်တိုင် မြည်းစမ်းကြည့်ချင်တာမျိုး အမှောင်ထဲမှာ နေရောင်ထိုးတဲ့ အလင်းစက်လေးတွေကို ရက်ရက်ရောရော လက်ခံရင်း အလင်းတွေနဲ့ထပ်တူကြချင်တဲ့စိတ် ဘုံဆိုင်သွားစရာမလိုပဲ ဆံပင်ညှပ်ဆိုင်သွားချင်နေတဲ့စိတ် မျက်နှာပေါ်မိုးစက်တွေအခါခါကျရင် အိမ်ပြန်ချင်တဲ့စိတ် အဲလိုစိတ်တွေကို သယ်ဆောင်ထမ်းပိုးရင်း ငါဘဝကိုငါ စိတ်သွားတိုင်းကိုယ်ပါမယ် အဖြူရောင်လို့ဆိုလိုက်တာနဲ့ ကောင်းကင်ကြီးရယ် ဆံပင်အဖြူတွေရယ်နဲ့ သဘာဝဆန်ဆန် အသက်ကြီးသွားမယ် တိတ်စိတ်မူဆိုတာလည်း ငါကြားချင်တဲ့အသံကိုကြားနေရတာမျိုးလို့ အဓိပ္ပါယ်ဖွင့်မယ် တစ်ခါတစ်လေ ဘာမှမရှိတဲ့ ရင်ဘတ်ကြီးနဲ့ ငိုကြွေးချင်တယ် အဲဒီရင်ဘတ်နဲ့ပဲ ပျော်ရွှင်ချင်တယ် ဘယ်မှသွားစရာမရှိတဲ့အခါ ပြန်စရာ အမေအိမ်လေးလည်းရှိရမယ်ပေါ့လေ အဲလောက်ဆို ကမ္ဘာကျော်တွေနဲ့ဝေးရတာ တန်ပါတယ် #HMK

    1 min
  5. ဖေဖေါ်ဝါရီနေ့ရက်များ

    09/24/2022

    ဖေဖေါ်ဝါရီနေ့ရက်များ

    လူတစုကနေ တမဟုတ်ချင်း တစ်ယောက်ထဲဖြစ်သွားတဲ့အခါ ငါ့စိတ်တွေဟာ နောက်ထပ်မြစ်တစ်စင်းပေါ်စီးမျောရင်း ဘဝကူးကောင်းဖို့ အကြိမ်ကြိမ်ဆုတောင်းနေခဲ့ အကူအကယ်မဲ့ အတ္တတွေဟာ ဗလာမပါ ကံစမ်းမဲဖေါက်သလို ဝေဒနာတွေကို အခါခါဝေပေါ့ သွေးမအေးကြေးလို့ ပါးစပ်က တဖွဖွအသံထွက်နေပေမယ့် သွေးရဲရဲသံရဲရဲတွေမြင်ပြန်တော့လည်း ကြောက်ခဲ့မိတာပါပဲဗျာ ယုံကြည်မူဆိုတာငါသောက်လိုက်တဲ့ အရက်ထဲက လာတာမဟုတ်ဘူး ငါရူလိုက်တဲ့ အခိုးအငွေ့တွေထဲက လာတာမဟုတ်ဘူး ယုံကြည်မူဆိုတာ မယုံကြည်ခြင်းကနေလာတာ ဖေဖော်ဝါရီနေ့ရက်များက လာတာ ကျွန်တော် အစက ဖေဖော်ဝါရီကိုမမုန်းဘူး ခုတော့ဖြင့် ဖေဖော်ဝါရီကို အမုန်းကြီးမုန်းမိနေတယ် ဖေဖော်ဝါရီမှာ သေခဲ့တဲ့ နှလုံးသားတွေဟာ ဖေဖော်ဝါရီမှာပဲ အမာရွတ်တွေရခဲ့ရပေါ့ ကဲကဲငါ့ကောင်ရေ မင်းကိုသတိရလို့ ငါဒီလိုတွေရေးတတ်လာတာ ဘဝမှာ စိတ်ဓါတ်ကျတိုင်း မင်းနာမည်ကို ငါအကြိမ်ကြိမ်ရွတ်တယ် သူငယ်ချင်း ❤️❤️❤️ သောက်ချိုးမပြေတဲ့ မြန်မာပြည်ကြီးအတွက် #HMK

    1 min

About

ခံစားမိသမျှရယ်ပါ