Dawei Watch Podcast

Dawei Watch

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

  1. မေလ ၂၅ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    May 25

    မေလ ၂၅ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ်ရုံးခန်းကို ဒရုန်းရန်ကာကွယ်ရေး ပိုက်ကွန်အုပ်နေတဲ့ သတင်း - ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စုမှာ စစ်အာဏာရှင်တပ်က နေအိမ်တွေမီးရှို့တဲ့အကြောင်း - ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတဲ့အခြေအနေ - တနင်္သာရီမြို့နယ် လယ်သစ်ရွာကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့ သတင်း - ချင်းမိုင်မြို့လယ်က မြန်မာဘားကို ရဲတပ်ဖွဲ့ဝင်ဖမ်းလို့ မြန်မာ ၁၀ ကျော် အဖမ်းခံရတဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  2. မေလ ၂၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    May 21

    မေလ ၂၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်ကို တိုက်ခိုက်တဲ့ သတင်း - အခုနှစ်ကုန်ပိုင်းမှာ စူပါအယ်လ်နီညို ဖြစ်နိုင်ပြီး အစွန်းရောက် ရာသီဥတုဒဏ် ခံရနိုင်တဲ့ အခြေအနေ - မြိတ်မှာ လေးလအတွင်း လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ကျော် ဈေးတက်တဲ့အကြောင်း - ထိုင်း-မြန်မာနယ်စပ်မှာ ဆေးကုပေးနေတဲ့ ထိုင်းဆရာဝန်ကို WHO က ဂုဏ်ပြုဆုချီးမြှင့်တဲ့ သတင်း - သံဖြူဇရပ်မှာ MPTအမျိုးသားဝန်ထမ်းနှစ်ဦး အသတ်ခံရတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  3. မေလ ၁၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    May 20

    မေလ ၁၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထိုင်းနယ်စပ် မောတောင်ကို စစ်အာဏာရှင်တပ်က အပြင်းအထန်ထိုးစစ်ဆင်ပြီး ပြန်သိမ်းတဲ့သတင်း - လောင်းလုံးမြို့နယ် ထိန်တွင်းရွာမှာ ကျောင်းသားတစ်ဦးရေနစ်သေဆုံးတဲ့အကြောင်း - ကော့သောင်းမြို့ခံတွေဆီက ကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်ပြီးထွက်ပြေးတဲ့သတင်း - သံဖြူဇရပ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းထပ်တွေ့တဲ့အကြောင်း - မောတောင်စစ်ဘေးရှောင်တွေ အမိုးအကာနဲ့ စားနပ်ရိက္ခာလိုအပ်နေတဲ့အခြေအနေ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  4. မေလ ၁၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    May 19

    မေလ ၁၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ · မောတောင်မြို့ အမှတ် ၆ ရွာရှိ စစ်‌ရှောင်တွေနဲ့ ရဟန်းတွေကို စစ်အာဏာရှင်တပ်ဖမ်းဆီးတဲ့ အခြေအနေ · ထားဝယ်မြို့နားက ပေါက်တိုင်းရွာမှာ လိုင်စင်မဲ့ဆိုင်ကယ်ဘေးတွဲယာဉ်တွေ စီးခွင့်ပိတ်တဲ့အကြောင်း · ထားဝယ်ကမ်းနီးငါးဖမ်းလှေတချို့ ပြန်ထွက်လို့ ရေထွက်ကုန်ပစ္စည်းတွေ ဈေးပြန်ကျတဲ့သတင်း · ရေးမြို့နယ် နှစ်ကရင်ရွာက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးတဲ့အကြောင်း · ရေးမှာ ပြည်သူ့စစ်အဖွဲ့က ရေလုပ်သား‌တွေကိုဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတဲ့ အခြေအနေ · ဆယ်ကျော်သက် ထိုင်းလူငယ်တွေကို ရိုက်နှက်ခဲ့တဲ့ မြန်မာလူငယ်အုပ်စုကို ဖမ်းမိတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  5. မေလ ၁၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    May 18

    မေလ ၁၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ တပ်ရင်းက စစ်မှုထမ်း ၁၀ ဦး ထွက်ပြေးလာတဲ့အကြောင်း - သရက်ချောင်း မြို့နယ်က ရငဲကျေးရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်လို့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့ အခြေအနေ - မြိတ်မြို့က စက်သုံးဆီဆိုင် မီးလောင်မှုမှာ သေဆုံးသူ ထပ်တိုးလာတာ - ကံပေါက်က ရပ်ကွက်နှစ်ခုမှာ စျေးဆိုင်နဲ့ နေအိမ်တွေ ဆက်တိုက် ဖောက်ထွင်းအခိုးခံနေရတဲ့အကြောင်း - ထားဝယ်မြို့မှာ စစ်အာဏာရှင်တပ်က ညဘက်နေအိမ်မှာ စစ်မှုထမ်းဝင်ဆွဲလို့ လူငယ်တစ်ဦး ပါသွားခဲ့တဲ့ အခြေအနေ - လူ ၈ ဦး သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့လယ် ရထားတိုက်မှုတွင် ရထားမောင်းသူက မူးယစ်ဆေးသုံးထားကို စစ်ဆေးတွေ့ရှိခဲ့တာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 min
  6. မေလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    May 14

    မေလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ပုလော ဆင်ထိုးကြီးရွာမှာ အမျိုးသားတစ်ဦး အိမ်ခြံဝင်းအတွင်း မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရတဲ့ အခြေအနေ - ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် လမိုင်းမြို့မှာ စစ်ဆေးမှု တင်းကျပ်တဲ့အကြောင်း - ခြောက်မိုင်ရွာမှာ ရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားရတဲ့ အခြေအနေ - ရေး စကခ-၁၉ က တပ်သား လေးဦး ရေးဘီလူးအဖွဲ့ဆီ ထွက်ပြေးလာတဲ့ အကြောင်း - တရားမဝင် နိုင်ငံခြားသား‌တွေကို အမြစ်ပြတ်နှိမ်နင်းဖို့ ထိုင်းရဲဗိုလ်ချုပ်ကြီး အမိန့်ပေးတဲ့ သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  7. မေလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    May 13

    မေလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်အာဏာရှင်တပ် လေယာဉ်နဲ့ ဗုံးကြဲလို့ တကူရွာစာသင်ကျောင်းဆောင် နှစ်ဆောင်ပျက်စီးတဲ့သတင်း - ဘီးလင်းမှာ စစ်ဘေးရှောင်ကားကို စစ်အာဏာရှင်တပ်ပစ်ခတ်လို့ သားအမိနှစ်ဦးသေဆုံးတဲ့အကြောင်း - သရက်ချောင်းက ဝင်းဝစခန်းသိမ်းတိုက်ပွဲကာလမှာ နေအိမ်တစ်ရာကျော်ပျက်စီးခဲ့တဲ့ အခြေအနေ - မြန်မာ ၉၀ ကို ထိုင်းအစိုးရက ကော့သောင်းပြန်ပို့တဲ့သတင်း - ထားဝယ်မြို့သစ်မှာ တစ်ပတ်အတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးတဲ့သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  8. မေလ ၁၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    May 12

    မေလ ၁၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ · သရက်ချောင်းမြို့နယ် လဝကဝန်ထမ်းတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းတဲ့သတင်း · ကံပေါက်မှာ မိုးကြိုးစက်ကွင်းထိမှန်ပြီး အမျိုးသားတစ်ဦးသေဆုံးတဲ့ အကြောင်း · ထားဝယ်မှာ အုပ်ချုပ်ရေးမှူးမိသားစု ပစ်သတ်ခံရပြီးနောက် အစစ်အဆေးတင်းကျပ်တဲ့ အခြေအနေ · မြိတ်မှာ ရေတစ်ယူနစ် ကျပ်ခုနစ်ထောင်ကျော်အထိကောက်ခံတဲ့အကြောင်း · ရေးမှာ စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေပြီး စစ်ရေးတင်းမာနေတဲ့အခြေအနေ · ချင်းမိုင်မှာ မြန်မာပိုင်မျက်မှန်ဆိုင်ကို ထိုင်းရဲဝင်ဖမ်းလို့ မြန်မာ ၅ ဦး ဖမ်းဆီးခံရတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min

Ratings & Reviews

5
out of 5
2 Ratings

About

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။