DNA Podcast

delta news agency

Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.

  1. 04/10/2024

    DNA 7 PM Podcast

    အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ စစ်ကောင်စီအကျဉ်းချထားတဲ့ဦးဝင်းထိန် မန္တလေးဆေးရုံမှာကုသမှုခံယူနေရ မြဝတီမြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီကသံချပ်တပ်တွေနဲ့စစ်ကူရာချီစေလွှတ် မတ္တရာမှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ တအိမ်တည်းနေသူလေးဦးသေဆုံး ဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးအကြောင်းပြပြီး သင်္ကြန်ကာလ မီးပျက်ချိန်တိုးဦးမယ် နိုင်ငံရေးအကျဉ်းသားသမီးဖြစ်သူကို ထောင်ဝင်စာသွားပို့တဲ့မိခင် ထောင်ရှေ့မှာသေဆုံး ပြီးခဲ့တဲ့လဟာ သမိုင်းတလျှောက်အပူဆုံး မတ်လ ဖြစ်ခဲ့တယ်လို့ဆို ဆီးနှင်းအရည်ပျော်ပြီး ရေကြီးမှုတွေကြောင့် ရုရှားနဲ့ ကာဇက်စတန်မှာ လူသိန်းနဲ့ချီ ရွှေ့ပြောင်းကြရ  စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။

    DNA 7 PM Podcast
  2. 04/09/2024

    DNA 7 PM Podcast

    အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဧပြီလ (၉) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ လွယ်ဂျယ်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တရုတ်ဘက်ထွက်ပြေး မန္တလေးမှာ ဈေးဝယ်နေတဲ့ အမျိုးသမီးတဦးလဲကျသေဆုံး အတက်ကြမ်းနေဆဲ ရွှေဈေး လေးဆယ့်ခြောက်သိန်းကျော်အထိ ရောက် မြန်မာ့အရေး ကုလက တဖက်သတ်ဖိအားပေးနေတယ်လို့ စစ်ကောင်စီဝေဖန် ပြည်သူ့ညီလာခံနောက်ဆုံးရက်မှာနှုတ်ထွက်သွားတဲ့ ရွေးကောက်ခံအစုအဖွဲ့ နေအပြည့်ကြတ်မှုကို မြောက်အမေရိကမှာ စောင့်ကြည့်သူ သန်းပေါင်းများစွာရှိခဲ့ မဟာမိတ် ဆက်ဆံရေး နှစ်တရာ့နှစ်ဆယ်ပြည့်အဖြစ် အစိုးရ အိမ်တော်စောင့် ဗြိတိန်နဲ့ ပြင်သစ်တပ်တွေ လူချင်းလဲ  စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။

    DNA 7 PM Podcast
  3. 04/08/2024

    DNA 7 PM Podcast

    အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဧပြီလ (၈) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ အာဏာသိမ်းမြန်မာစစ်တပ်အင်အား ချိနဲ့လာနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်၊ သေဆုံးရသူတွေ ဆက်တိုက်ရှိနေ စစ်ကောင်စီသင်္ဃန်းညီနောင်ဗျူဟာမှူး လက်နက်ချရတဲ့အကြောင်းရင်းကိုရှင်းလင်း ဟုမ္မလင်းရှိ စစ်ကောင်စီတပ်စခန်းလေးခုကို တော်လှန်ရေးပူးပေါင်းတပ်သိမ်းပိုက် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် နယ်သာလန်မှာ ဆန္ဒပြရင်း တနေ့တည်း နှစ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဂရက်တာ တွန်းဘက်ဂ်  အီတလီ မီးတောင် ပေါက်ကွဲမှုမှာ ရှားပါးအခြေအနေအဖြစ် ညီညာဝိုင်းစက်တဲ့ မီးခိုးကွင်းတွေ ဖြစ်ပေါ် စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။

    DNA 7 PM Podcast
  4. 04/05/2024

    နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၂၁)

    နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၂၁ ဗညားမော် နွေဦးတော်လှန်ရေး အရေးတော်ပုံ သုံးနှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်ဟာ ပြေး သုံးပြေးကို ဆင်ခြင်နေမိခဲ့ပါတယ်။ ကျွန်တော် ပြောချင်တဲ့ ပြေးသုံးပြေးဆိုတာ စစ်ပြေး၊ ပြည်ပြေးနဲ့ တပ်ပြေးတို့ ဖြစ်ပါတယ်။ စစ်ပြေးဆိုတာကို နားခံသာအောင် စစ်ဘေးရှောင်လို့ အခုခေတ်မှာ သုံးကြပေမဲ့ တိုက်ပွဲဖြစ်တဲ့ ဒေသကနေပြီး အရပ်သား လူထုဟာ အသက်လုပြေးရတာ ဆိုတော့ စစ်ပြေး ဆိုတဲ့ အသုံးက ဒက်ထိမှန်တဲ့စကားလုံးပါပဲ။ စစ်ဘေးရှောင်စခန်း ဆိုတာကလည်း ဗုံးစာ လေကြောင်းလက်နက်စာ လက်နက်ကြီးစာ မလွတ်နိုင်တာမျိုးဆိုတော့ စစ်ဘေးကို လွတ်အောင် ရှောင်နိုင်တာမဟုတ်ပါဘူး။ စစ်ပြေးရင်းနဲ့ ထိခိုက်သေဆုံးရတဲ့ အရပ်သားပြည်သူလူထုတွေ ရှိနိုင်တာပါပဲ။ ပြည်ပြေးမှာကတော့ အမျိုးအစား နည်းနည်းထွေပြားတယ်။ စစ်ဂိုဏ်းအုပ်စုက ပုဒ်မတပ် ဖမ်းဝရမ်းထုတ်ထားလို့ လွတ်အောင်ပြေးကြရတဲ့နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ၊ ဆန့်ကျင်သူတွေက တဖက်နိုင်ငံနဲ့ အဲ့ဒီကတဆင့် တတိယနိုင်ငံအထိ ရောက်အောင် ပြေးကြရတဲ့ ပြည်ပြေးရှိတယ်။ တိုင်းပြည်ထဲ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ရွှေ့ပြောင်းလုပ်သားအဖြစ် တရားမဝင်နဲ့ တရားဝင် ပြည်ပထွက်ပြီး အကြောင်းကြောင်းအခြေအနေအရ ယာယီ၊ သို့မဟုတ် အစဉ် ပြန်ဝင်ဖို့ အခွင့်မသာတော့တဲ့ ပြည်ပြေး ရှိတယ်။ နောက်ဆုံးပေါ်ပြည်ပြေးတွေကတော့ စစ်ဂိုဏ်းအုပ်စုထဲ အဓမ္မ သွေးတပ်ဆွဲ အသွတ်သွင်းခံရတဲ့ဘေးကနေ ဘယ်နည်းနဲ့ပဲ လွတ်လွတ်ဆိုပြီး ရရာလမ်းကြောင်းကနေ ပြေးကြရတဲ့ အရွယ်ကောင်း လူငယ် ပြည်ပြေးတွေပဲ ဖြစ်တယ်။တပ်ပြေးဆိုတာကတော့ စစ်ဂိုဏ်းအုပ်စုရဲ့ အာဏာလု စစ်ကောင်စီရဲ့ အရှုံးနဲ့ အသေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကနေ အချိန်မီ ပြေးလာပြီး ပြည်သူ့ရင်ခွင်ရောက်တဲ့ တပ်ပြေး၊ တိုက်ပွဲမှာအလံဖြူထောင်လက်နက်ချပြီး သုံ့ပန်းအဖြစ်ရောက်လာတဲ့သူနဲ့ နီးစပ်ရာ တဖက်နိုင်ငံအထိ ထွက်ပြေး လက်နက်ဖြုတ် မြေကြီးနမ်း ဒူးထောက် အဖမ်းခံရပြီး ပြန်ပို့ခံရပြီး ရှေ့တန်းကို ပြန်ရောက်ရသူ ဆိုပြီး တွေ့နိုင်ပါတယ်။         ဒီပြေးသုံးပြေးဟာ မလွှဲမရှောင်သာ ပြေးကြရသူတွေလို ယေဘုယျသတ်မှတ်နိုင်ပြီး နွေဦးတော်လှန်ရေးအရေးတော်ပုံကို အဓိက မောင်းနှင်နေတဲ့ နောက်ထပ် ပြေးတပြေးကတော့ လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့ အများစု လူငယ်ဂျန်းဇီတွေ ပါဝင်တဲ့ တော်လှန်ရေးတပ်သားတွေ ဖြစ်ပါတယ်။ အခုနောက်ဆုံး စစ်ဂိုဏ်းအုပ်စုရဲ့ အဓမ္မ သွေးတပ်ဆွဲနေတာတွေကို တုန့်ပြန်တဲ့ အခါ အချို့လူငယ်တွေဟာ နွေဦးအစကတည်းက တော်လှန်ရေးတပ်တွေထဲ မိမိသဘောဆန္ဒ မိမိပိုင်းဖြတ်ချက် မိမိခံယူချက်အရ လိုက်ပါသွားခဲ့ကြတဲ့ လာမယ့်ဘေး ပြေးတွေ့သူ နောင်တော်တွေရဲ့ ခြေရာနောက်လိုက်ကာ ကြောက်မွှေးပါ ဇာကနာနဲ့နုတ်ပြီး လွတ်မြောက်နယ်မြေက တော်လှန်ရေးတပ်တွေရဲ့ တပ်သားသစ်တွေဖြစ်ဖို့ ထွက်ခွာသွားကြတဲ့ သူတွေလည်း ရှိနေပါတယ်။          တော်လှန်ရေးတပ်သားအဖြစ်လည်း မပါဝင်နိုင်၊ စစ်အုပ်စုရဲ့ လက်အောက်မှာလည်း မနေနိုင် နေမဖြစ်တဲ့ အရပ်သား ပြည်သူအချို့ဟာလည်း ပြည်ပြေးအဖြစ် ခံယူပြီး ယာယီဆုတ်ခွာရတဲ့ သူတွေ ရှိပါတယ်။ ကိုယ့်နေထိုင်ရာ စစ်မီးမဟပ်သမျှ သင့်သလို လည်စင်းခံ နေကြရသူတွေ ရှိသလို မိမိရဲ့ ဆန္ဒ၊ အင်အား၊ အခြေအနေအရ ယာယီဆုတ်ခွာသွားကြရတဲ့ အရပ်သားပြည်သူတွေကိုလည်း ကျွန်တော်တို့နားလည်ကြည့်ကြရပါမယ်။ အဲ့ဒီထဲက ဆုတ်ခွာသူတွေဟာ လူထုအရေးပုံအတွက် ကိုယ်မပါနိုင်သော်လည်း စိတ်ပါ၊ တမြေတရေမှာ ရပ်တည်မှုရတဲ့အခါ သူတို့ဟာ စိတ်ပါရုံမက ရန်ပုံငွေနဲ့ လက်ပါလာနိုင်မယ့်သူတွေလည်း များစွာ ရှိနိုင်ပါတယ်။ ဒီတစ်ပတ်တော့ နွေဦးကာလ ပြေးတွေအထဲက ယာယီဆုတ်ခွာသွားရတဲ့ ပြေးတွေရဲ့ ခံစားချက်ကို ဝင်စားရေးသားထားတဲ့ ကဗျာဆရာ ခဇရဲ့ မြနန္ဒာ ယာယီဆုတ်ခွာခြင်း ဆိုတဲ့ ကဗျာကို ကျွန်တော်တို့ ဖတ်ကြည့်ကြရအောင်ပါခင်ဗျား။

    နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၂၁)
  5. 04/05/2024

    DNA 7 PM Podcast

    အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဧပြီလ (၅) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ အာဏာရှင်ဟောင်းဦးသန်းရွှေအပါအဝင် စစ်ခေါင်းဆောင်ဟောင်းတချို့ကို တရုတ်သံအမတ်တွေ့ဆုံ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်ပို့မှုပိတ်ပင်သင့်ကြောင်း ကုလလူ့အခွင့်အရေးကောင်စီသဘောတူ မန္တလေး-ဗန်းမော်လမ်းပေါ်က ဟန်ထက်ရွာစစ်စခန်းကို KIAသိမ်းပိုက် ဘီးလင်းမှာ ခရီးသည်တင်ယာဉ် မိုင်းဆွဲ၊ ပစ်ခတ်ခံရလို့ ယာဉ်နောက်လိုက်သေဆုံး၊ လေးဦးဒဏ်ရာရ နယ်စပ်ဖြတ်ကျော်မယ့်သူတွေကို စစ်ကောင်စီက UID လက်မှတ်တွေ လုပ်ခိုင်းပြီး ပိုမိုတင်းကျပ် ထိုင်းမှာ ကူးတို့ရေယာဉ် မီးလောင်မှုကြောင့် ခရီးသည်တွေ ပင်လယ်ထဲခုန်ချ အဓိက အတိုက်အခံပါတီ ဖျက်သိမ်းရေး တောင်းဆိုမှုကို ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပ​ဒေ ခုံရုံး ကြားနာဖို့ သဘောတူ စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။

    DNA 7 PM Podcast
  6. 04/04/2024

    DNA 7 PM Podcast

    အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။  ဒီကနေ့ ဧပြီလ (၄) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ တော်လှန်ရေးအလွန်မှာ လက်နက်ကိုင်ပဋိပက္ခအသစ်တွေမပေါ်ရောက်ရေးကြိုးစားဖို့  NUG ယာယီသမ္မတ သတိပေး နေပြည်တော် ဧလာလေဆိပ်နဲ့စစ်ရုံးချုပ်တို့ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ NUG စစ်ရုံးချုပ်ထုတ်ပြန် ထားဝယ်ထောင်ထဲကနေ စစ်တပ်ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဥ်းသားနှစ်ဦး အသတ်ခံရ ဘူးသီးတောင်၊ အမ်းနဲ့မောင်တော ကစစ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့  AA အသိပေး ဆင်ဆာမူဝါဒမလိုက်နာတဲ့ ရိုက်ကူးထုတ်လွှင့်မှုတွေကို အရေးယူမယ်လို့ စစ်ကောင်စီဆို ထိုင်ဝမ်ငလျင်အပြီး ရှင်းလင်းရေးလုပ်ငန်းတွေ စတင်  နည်းပညာသစ် ဟိုက်ပါဆောနစ် တာလတ်ပစ်ဒုံးကျည် စမ်းသပ်မှုဗီဒီယိုကို မြောက်ကိုရီးယား ထုတ်ပြန်  စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။

    DNA 7 PM Podcast
  7. 04/03/2024

    DNA 7 PM Podcast

    အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ (၃) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့ ပုပ္ပါးတောတွင်းလမ်းကြမ်းခရီးအပြေးပြိုင်ပွဲနဲ့ပတ်သတ်လို့ ကန့်ကွက်ဝေဖန်မူတွေရှိ မင်းပြားနဲ့ မြေပုံမှာ စစ်တပ်ဗုံးကြဲလို့ ခြောက်ဦး သေဆုံး၊ ဆယ့်တဦး ဒဏ်ရာရ  ရှမ်းပြည်နယ်တောင်ပိုင်းမှာ နှစ်လကျော်တိုက်ပွဲအတွင်း အရပ်သား ငါးဆယ်ကျော် သေဆုံး ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုအတွက် အကျဉ်းသားနှစ်ဆယ်နီးပါး ထောင်ခြောက်လစီ ထပ်တိုးခံရ  စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတဲ့ လောင်းလုံးဒေသခံ လူငယ်နှစ်ဦး သတင်းအစအန ပျောက်နေ  ထောက်ပံ့ရေး အေဂျင်စီ ယာဉ်တန်းကို အစ္စရေး လေကြောင်းတိုက်ခိုက်မှု မဟာမိတ်တွေ အပြင်းအထန် ရှုတ်ချ  တူရကီမှာ နိုက်ကလပ်တခု ပြန်လည် မွမ်းမံနေချိန် မီးလောင်မှုဖြစ်ပြီး လူသုံးဆယ်ဝန်းကျင် သေဆုံး စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။

    DNA 7 PM Podcast

About

Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.