Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.

  1. 3d ago

    တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

    တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၁၆ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် “တအာင်းပြည်နယ်” အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က ၎င်းတို့ စစ်တပ်ကိုယ်တိုင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။ အဆိုပါ တုံ့ပြန်ချက်သည် တရားဥပဒေကြောင်းအရ လမ်းကြောင်းတခု ပေးလိုက်သည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်မှာ တမြင်ဖုံးကွယ်ထားသော စနစ်ဆိုင်ရာ ထောင်ချောက်တစ်ခုဖြစ်သည်။

  2. Aug 10

    “ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

    “ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့” သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၈ ကလောမြို့လေးဟာ တောင်တန်းတွေ၊ ထင်းရှူးတောတွေနဲ့ စိမ်းစိုပြီး အရမ်းကို လှပတဲ့ မြို့လေးတစ်မြို့ပါ။ ဒါပေမဲ့ မိုးရာသီရောက်ပြီဆိုရင်တော့ မြို့ခံအချို့ဟာ ရေဘေးအန္တရာယ်ကို နေ့စဉ်နဲ့အမျှ စိုးရိမ်သောကရောက်နေကြရပါတယ်။ အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်မှ ထုတ်လွှင့်ပေးနေတဲ့ Podcast မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်အတွင်း Podcast မှာတော့ ချိန်းဆောသံတွေတိတ်လာတဲ့ ကလောမြို့” ဆိုတဲ့ ဆောင်းပါးကိုလာရောက်တင်ဆက်ပေးသွားပါမယ်။ ဒီဆောင်းပါးကို သျှမ်းသံတော်ဆင့်မှ ဇူလိုင်လအတွင်း ထုတ်လွှင်ခဲ့တာဖြစ်ပါတယ်။

  3. Jul 13

    ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

    ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်” အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် လမ်းပြမြေပုံကို ရှင်းလင်းတင်ပြသည်။ ၎င်းဆွေးနွေးပွဲအပေါ် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုတုံ့ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် မင်းအောင်လှိုင် ရာထူးတာဝန်ယူမှုအပေါ် “အလွန်ဝမ်းမြောက်ဂုဏ်ယူကြောင်း” ထုတ်ဖော်ပြောဆိုခဲ့သည်။ NDAA ခေါင်းဆောင်ပိုင်းက ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် အာဏာသိမ်းသမ္မတ၏ ဆောင်ရွက်မှုများကို ပေါ်ပေါ်ထင်ထင် ချီးကျူးခဲ့ပြီး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကာကွယ်ရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ကြေညာခဲ့သည်။

  4. Jul 6

    ပညာရှင်ကို အသံတိတ်စေခြင်း – ဦးမင်းဇင် ဖမ်းဆီးခံရမှုနှင့် သျှမ်းမြောက်စစ်ပွဲကြားမှ ပေကျင်

    ပညာရှင်ကို အသံတိတ်စေခြင်း – ဦးမင်းဇင် ဖမ်းဆီးခံရမှုနှင့် သျှမ်းမြောက်စစ်ပွဲကြားမှ ပေကျင်း၏ ခေတ်သစ်ဩဇာချဲ့ထွင်မှု မြန်မာနိုင်ငံတွင် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေကြသည့် လွတ်လပ်သော သုတေသနပညာရှင်များ၊ သတင်းမီဒီယာသမားများနှင့် ပညာရှင်များ အခင်းအကျင်းတစ်ခုလုံးကို ပေကျင်းအစိုးရက ရည်ရွယ်ချက်ရှိရှိ ပေးပို့လိုက်သည့် ဂရုပြုရမည့် သတင်းစကားဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဝေဖန်ဆန်းစစ်သည့် စုံစမ်းလေ့လာမှုများသည် ယခုအခါ အလွန်အန္တရာယ်ရှိသော လုပ်ငန်းတခု ဖြစ်လာကြောင်း သိသာလာသည့် အခြေအနေတခုလည်း ဖြစ်သည်။ “သူလျှိုလုပ်မှုနှင့် တရုတ်အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှု” ဟူသော တိကျမှုမရှိသည့် ဝေဝါးပြီး နိုင်ငံရေးအရ အသုံးချရလွယ်ကူသည့် စွဲချက်များဖြင့် ဦးမင်းဇင်အား ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းသည် ပုံမှန်ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကိုတက်ရောက်ခြင်းမှ ပထဝီနိုင်ငံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

About

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.