ညိုကီ FM

BurmaPodcastNetwork

Sammy , Franky , Bradley ဆိုတဲ့ ညိုကီသုံးဖော်ရဲ့ ရန်ကုန်မြို့ဘီယာဆိုင်ည စကားဝိုင်းတွေကို တမ်းတရင်း ဖန်တီးဖြစ်သော Podcast ပဲဖြစ်ပါတယ်။ Official Disclaimer : ယခု Podcast သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း၊ ပညာပေး ဝါဒဖြန့်လိုခြင်း မရှိပါ။ ဘီယာဝိုင်းမှ စကားများသာဖြစ်သည့်အတွက် ပါဝင်သောအကြောင်းရာများကို နားထောင်သူ မိတ်ဆွေတို့ စိစစ်သုံးသပ်ပြီးမှသာ ယုံကြည်ကြရန် အလွန်အရေးကြီးပါသည်။ ယခု Podcast ပါ ညိုကီ သုံးဖော်သည် (ယခုဘဝ) ၌ အပူဇော်ခံလိုခြင်း အလျှင်း မရှိပါကြောင်း​။

  1. Special_EP: Youth of Myanmar - A Conversation with the EU Head of Myanmar

    APR 11

    Special_EP: Youth of Myanmar - A Conversation with the EU Head of Myanmar

    မြန်မာနိုင်ငံဆိုင်ရာ EU အကြီးအကဲနှင့် လူငယ့်အရေး စကားဝိုင်း မြန်မာပြည်လူငယ်တွေဟာ စစ်မှုထမ်းလည်းကြောက်ရ၊ ယုံကြည်ရာအတွက် ရှေ့တန်းကတုတ်ကျင်းတွေမှာ ပေးဆပ်ရ၊ နိုင်ငံတကာမှာလည်း မြန်မာလူငယ်ဆို ဗီဇာသက်တန်းတိုးရင်း ဘဝအချိန်တွေ ကုန်နေကြရတဲ့အပေါ် ဥရောပသမဂ္ဂအနေနဲ့ ဘာအကူညီတွေပေးနိုင်ပါသလဲလို့ မေးဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအကြီးအကဲ မစ္စတာ Marc Fiedrich ရဲ့ အဖြေကိုတော့ မိတ်ဆွေတို့ပဲ Podcast မှာ နားထောင်ကြည့်ပြီး Comment မှာ ဝင်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ Myanmar youth are facing serious pressures today. Fear of conscription, sacrifices on the frontlines, and long years spent abroad struggling with uncertain visa status.We asked what support the European Union can provide in response.To hear the answer from Mr. Marc Fiedrich, Head of the EU Delegation to Myanmar, listen to the podcast and join the discussion in the comments. Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    41 min
  2. EP 012: ယုံလွန်းတတ်သူကြီး (သို့မဟုတ်) ညိုကီ ဝီရ

    11/01/2025

    EP 012: ယုံလွန်းတတ်သူကြီး (သို့မဟုတ်) ညိုကီ ဝီရ

    Oldies Classic လူငယ် ဂီတသမား - ဝီရမိုးနေနဲ့ တွေ့ဆုံခြင်း တစ်နေ့တစ်နေ့ Facebook ပေါ်မှာ အမောတွေ၊ သောက၊ ပူလောင်စရာချည်းပဲလို့ ခံစားမိနိုင်ပါတယ်။​ ဒါပေမဲ့ စိတ်သက်သာစရာ အကြောင်းတရားလေးတွေ၊ ကြည်နူးစရာ အခိုက်တွေလဲ ရှိနိုင်ပါသေးတယ်။ အဲ့တာကတော့ အခု ညိုကီ FM ရဲ့ Episode 12 ဖြစ်ပါတယ်။ ကလေးဘဝထဲက ဂစ်တာတူရိယာအပေါ်ထားတဲ့ သံယောဇဥ်နဲ့ Oldies Classic ဂီတတွေအပေါ် မြတ်နိုးငြိတွယ်ခြင်းကနေ ပေါက်ဖွားလာတဲ့ Album အသစ်တစ်ခုကို ညိုကီ FM နားဆင်သူတွေဆီ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လူငယ်ဂီတသမားတစ်ဦးရဲ့ ရုန်းကန်မှုတွေနဲ့အတူ Blues, Rock & Roll နဲ့ Jazz သီချင်းအသစ်တွေကို ခံစားနားဆင်ရမှာဖြစ်ပါတယ်။ ပျော်ရွှင်စရာ ဂီတညချမ်းအဖြစ် ခံစားနိုင်ကြပါစေ။ Chapters: (0:00:00) Highlight (0:01:24) ညိုကီနဲ့ မိတ်ဆက် (0:03:38) ဘယ်ကနေစ (0:07:23) လွှမ်းမိုးမှုရှိခဲ့တဲ့ ဂီတအမျိုးအစားနဲ့ Artists (0:24:23) Folk song အကြောင်း နားလည်သလောက် (0:25:41) Album အသစ်အကြောင်း (0:31:43) “Motorcycle” သီချင်းအကြောင်း (0:36:10) “ရေလှိုင်းပုံပြင်” သီချင်းအကြောင်း (0:38:33) “မုသားချို” သီချင်းအကြောင်း (0:44:23) “ရည်းစားလေး” သီချင်းအကြောင်း (0:47:35) “Chiang Mai” သီချင်းအကြောင်း (0:49:09) ရလဒ်တွေက စိတ်ခံစားမှုပေါ်သက်ရောက်မှုရှိလား (0:51:21) Music ဖန်တီးပြီး ဘဝကို ရပ်တည်လို့ရနေလား (0:52:38) “စန်း” ဆိုတာကို ယုံလား (0:53:56) Album Title “သုခချမ်းသာ” သီချင်းအကြောင်း (1:03:46) Bonus Track Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    1h 6m
  3. Special_EP: From Bangkok to Mae Tao Clinic

    06/14/2025

    Special_EP: From Bangkok to Mae Tao Clinic

    ရွှေ့ပြောင်းမြန်မာများအတွက် ကီလို ၅၀၀ လမ်းလျှောက်ခဲ့သူ စင်္ကာပူလူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း Jeshua ဆိုတဲ့ စင်္ကာပူနိုင်ငံသား လူငယ်တစ်ဦးဟာ ဘန်ကောက်မြို့ကနေ တက်ခ်ခရိုင် မဲဆောက်မြို့ကို ခရီးထွက်လာပါတယ်။ ထူးဆန်းတာက ခြေလျင်ခရီးဖြစ်ပါတယ်။ ရာသီဥတုက March လကြီး ဖြစ်တဲ့အလျောက် အပူချိန်အတော်မြင့်သလို ခရီးစဥ်ဟာ စုစုပေါင်း 500 Kilometer ဖြစ်ပြီး ၁၂ ရက် နဲ့ နေ့တစ်ပိုင်း အချိန်ကြာ လျှောက်ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်က မယ်တော်ဆေးခန်းလို့ လူသိများကြတဲ့ (Mae Tao Clinic) အတွက် စင်္ကာပူဒေါ်လာ ၁ သိန်းခွဲ မတည်လှူဒါန်းနိုင်ဖို့ Fund Raise လုပ်ခဲ့တဲ့ခရီးစဥ်ဖြစ်ပါတယ်။ Burma Podcast Network အနေနဲ့ Jeshua နဲ့ စကားစမြည် ပြောခဲ့တဲ့ ထဲက အချို့ကို Special Episode တစ်ခုအနေနဲ့ ထုတ်နုတ်တင်ဆက်လိုက်ရပါတယ်။ ယခု Podcast ကို English ဘာသာဖြင့် တင်ဆက်ထားပါသည်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    23 min
  4. EP 010: အသည်းနုတဲ့ ညိုကီဘဲဥ

    05/03/2025

    EP 010: အသည်းနုတဲ့ ညိုကီဘဲဥ

    ဒီအပိုင်းဟာ ရုပ်ရှင်လောကသားတစ်ယောက်ရဲ့ အကြောင်းပါ။ အင်းစိန်သား၊ BARS ကျောင်းထွက်၊ ယုံကြည်ရာ အနုပညာအတွက် ရုန်းကန်နေတဲ့ အသက် (၃၀) ကျော် ညိုကီတစ်ယောက်။ မီးထိုး/မှန်ထိုး၊ ဖြတ်လျှောက်၊ Crew၊ အဲ့ကနေမှ ရိုက်ကူးရေးမန်နေဂျာ၊ ပရိုဂျူဆာက စလို့ Series, Short Film နဲ့ ရုပ်ရှင်ကြီးတွေမှာပါ မင်းသားအ‌ဖြစ် အောက်သက်ကျေတဲ့ ညိုကီ။ မောက်ခမ်းဝါ ရဲ့ The Unknown Infinity ဆိုတဲ့ Short Film မှာ "ဘဲဥ" ဆိုတဲ့ သူ့ဇာတ်ကောင်က အမျိုးသမီးတစ်ဦး အပေါ်အင်မတန် စွဲလန်းတဲ့ အသည်းနုတဲ့ ညိုကီတစ်ယောက်အဖြစ် သရုပ်ဆောင်ချက်မှာ BPN ဝိုင်းတော်သားတွေရော၊ အခြားရုပ်ရှင်ချစ်သူတွေပါ ကြွေခဲ့ရ၊ ကြည့်ရှုသူတွေဆီကနေ ကောင်းတဲ့ ဝေဖန်ချက်တွေ ရလာခဲ့တဲ့ ညိုကီ။ ဒီညိုကီရဲ့ နာမည်ကတော့ “Will” ပါ။ သူ့ရုပ်ရှင်ကြည့်ဖူးတဲ့ ပရိသတ်တွေကတော့ ယနေ့အထိ ချစ်စနိုးနဲ့ အပြင်မှာတွေ့ရင် “ဘဲဥ” လို့ခေါ်ကြတယ်။ ဒီအပိုင်းမှာ ညိုကီ"ဘဲဥ" က 🎥ရုပ်ရှင်အပေါ် ရူးသွပ်မှုအကြောင်းတွေ 🎥ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ဖို့ အမြဲကြိုးစားတဲ့ ဘဲဥ၊ ရုပ်ရှင်တွေ ရိုက်ရင် ဘယ်လိုစိတ်ခံစားချက်တွေ သွင်းရလဲ။ 🎥ပေါကားတွေအပေါ် သူ့အမြင်

 စတဲ့အကြောင်းအရာတွေကို ပြောထားပါတယ်။ ညိုကီဘဲဥရဲ့ ဘဝဖြတ်သန်းမှု တစ်စိတ်တစ်ပိုင်းနဲ့ သူ့ရဲ့ အနုပညာအပေါ်ခံယူချက်တွေကို နားထောင်ကြည့်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်စွာဖြင့်တင်ဆက်လိုက်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    1h 1m
  5. EP 009: သီချင်းများနှင့်ညိုကီ

    03/08/2025

    EP 009: သီချင်းများနှင့်ညိုကီ

    အခုအလှည့်ကျသူကတော့ သီချင်းဆိုတဲ့ ညိုကီတစ်ယောက်ပါ။ အပြည့်အစုံမိတ်ဆက်ရရင် Born in Burma Art ရဲ့ Vocalist တစ်ယောက်လည်းဖြစ်၊ "နှစ်ချို့မှာတမ်း" Music Album ဖန်တီးထားသူ ကိုဂါဖြစ်ပါတယ်။ ဒီညိုကီက စကားပြောအေးသလို အင်မတန် သဘောကောင်းပါတယ်။ သီချင်းနဲ့ပတ်သက်ရင်တော့ သူသဘောမကောင်းဘူးလို့ ထင်တယ်။ အထူးသဖြင့် သူ့သီချင်းတွေကို ကော့်ဒ် ၄ ကွက်သိပြီး ဂစ်တာတီးတတ်တယ် ထင်နေတဲ့ ကျွန်တော့်လိုကောင်တွေ လက်ကမြင်းမှာ စိုးရိမ်ပုံရပါတယ်။ သူ့ရဲ့ Defense System က လှတယ်၊ သူ့ကိုယ်ပိုင် သီချင်းတွေကို ကာရာအိုကေ ဗားရှင်းထုတ်ထားပြီးတော့ သူငယ်ချင်းတွေ စကားဝိုင်း၊ အရက်ဝိုင်းသီချင်းတောင်းပြီဆို မတောက်တခေါက် ဂစ်တာသမားဆို လက်ကာပြပြီးတော့ စပီကာနဲ့ ချိတ်ပြီးဆိုတတ်တယ်။ သူ့အမူအကျင့်ကို နှစ်သက်လို့ တကူးတက ဖော်ပြတာပါ။ နားထောင်သူတွေလည်း ဘယ်လိုလူစားလဲဆိုတာ သိတော့ ပိုနားထောင်ရတာ မြိန်တာပေါ့။ ကိုဂါက ဂီတ/သီချင်းတွေကို သူ့ရဲ့ တန်ဖိုးကြီးလက်ဆောင်အဖြစ် ကျွန်တော်တို့ ညိုကီတွေရဲ့ စကားဝိုင်းတွေကို သယ်လာလေ့ရှိတယ်။ သီချင်းတွေကြောင့် ပျော်စေတယ်၊ ကြည်နူးစေတယ်၊ ပိုမိုက်တာက ညိုမတွေကို တီးပြဖို့ ရှားပါးသီချင်းလေးတွေလည်း သူနဲ့ ဝီရမိုးနေ ဆီက မကြာခဏ ရတတ်ပါတယ်။ ဒီအပိုင်းက စုစုပေါင်း မိနစ် ၃၀ ရှိပြီးတော့ သီချင်း ၃ ပုဒ်ထည့်ဖော်ပြထားတယ်။ သီချင်းတိုင်းက ကိုယ်ပိုင်သံစဥ်ဖန်တီးမှုတွေဖြစ်တယ်။ တိုက်ခန်းထဲက ညိုကီ၊ ထိုင်းက ညိုကီ၊ အော်ဇီက ညိုကီ၊ အမေရိကားက ညိုကီ၊ စာကြိုးစားနေတဲ့ညိုကီ၊ ရှေ့တန်းက ညိုကီ၊ ဗုံးခိုကျင်းထဲက ညိုကီ၊ ကြယ်ဖြစ်သွားတဲ့ညိုကီ အားလုံးအတွက် သူငယ်ချင်းဓာတ် အကြည်ဓာတ် ဖြစ်ဖို့ ချစ်ခြင်းများစွာဖြင့် ရည်ရွယ်တင်ဆက်လိုက်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    31 min
  6. 01/13/2025

    EP 008: လူအများစုမသိတဲ့ ၂၀၂၅ အတွက် စိန်ခေါ်မှုများ

    သမိုင်းသုတေသီ ဒေါက်တာသန်းထွန်းက ပြောတယ် "သမိုင်းကိုသင်တာ မအ အောင်လို့တဲ့"။ ဒါဆို သမိုင်းကိုပြန်ကြည့်ရအောင်.. သမိုင်းမှာ လူသန်းပေါင်းများစွာ စက်မှုတော်လှန်ရေးအလွန် ဆင့်ကဲနည်းပညာတိုးတက်လာမှုကြောင့် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ အမှီလိုက်နိုင်သူတွေအတွက် အလုပ်အကိုင်အသစ်တွေပေါ်လာပြီး ဘဝပြောင်း ချမ်းသာခဲ့ကြတယ်။ ဥပမာ - ATM စက်တွေပေါ်လာပြီး ကမ္ဘာအရပ်ရပ်က ဘဏ်ဝန်ထမ်းတွေအများပြား အလုပ်ဆုံးရှုံးခဲ့ကြသလို၊ Grab တို့ Uber တို့ကြောင့် လမ်းထိပ်က အငှားယာဥ်ဂိတ်တွေ ပျောက်ဆုံးသွားသလိုပေါ့။ ညိုကီအက်ဖ်အမ် အပိုင်း (၈) မှာ ဘဟိန်းနဲ့ အီရံက ၂၀၂၅ အလွန် AI ခရီးမှာ လှည်းပေါ်တင်ကျန်မယ့်သူ ၊ လှည်းအောက် ကျကျန်ရစ်ခဲ့မယ့်သူတွေအကြောင်း​၊ သတိလွတ်ရင် ဘဝပျက်သွားနိုင်တဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို အများနားလည်အောင် ကြိုးစားတင်ဆက်ထားပါတယ်။ Burma Podcast Network ရဲ့ Platform တွေကနေတဆင့် ပေါ့ဒ်ကတ်စ်အပြည့်အစုံကို အခမဲ့ရှုစားနားဆင်နိုင်ပါပြီ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    1h 33m
  7. EP 007: ကျောင်းမှာမသင်သော လိင်မှုဘဝ သင်ခန်းစာများ

    11/23/2024

    EP 007: ကျောင်းမှာမသင်သော လိင်မှုဘဝ သင်ခန်းစာများ

    ကျောင်းမှာ မသင်ခဲ့ရတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီအပတ် Nyo Kyi FM မှ ကိုဘဟိန်းက ဒေါက်တာဖြိုးသီဟနဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။ ဒီ Podcast မှာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ဘာကြောင့် တစ်ခေတ်ပြန်စားလာလဲ၊ Sex Education နဲ့ ပတ်သက်တဲ့ ရှေးရိုးစွဲ အယူအဆတွေ၊ Pornography စွဲလမ်းမှု အစရှိတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ လူငယ်တွေ သိသင့်သိထိုက်တာတွေကို ဆွေးနွေးထားပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    1h 44m

About

Sammy , Franky , Bradley ဆိုတဲ့ ညိုကီသုံးဖော်ရဲ့ ရန်ကုန်မြို့ဘီယာဆိုင်ည စကားဝိုင်းတွေကို တမ်းတရင်း ဖန်တီးဖြစ်သော Podcast ပဲဖြစ်ပါတယ်။ Official Disclaimer : ယခု Podcast သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း၊ ပညာပေး ဝါဒဖြန့်လိုခြင်း မရှိပါ။ ဘီယာဝိုင်းမှ စကားများသာဖြစ်သည့်အတွက် ပါဝင်သောအကြောင်းရာများကို နားထောင်သူ မိတ်ဆွေတို့ စိစစ်သုံးသပ်ပြီးမှသာ ယုံကြည်ကြရန် အလွန်အရေးကြီးပါသည်။ ယခု Podcast ပါ ညိုကီ သုံးဖော်သည် (ယခုဘဝ) ၌ အပူဇော်ခံလိုခြင်း အလျှင်း မရှိပါကြောင်း​။

You Might Also Like