"အထက်ဆင်" Podcast

BurmaPodcastNetwork

အမျိုးသမီးအရေး၊ နိုင်ငံအရေး၊ လူငယ်အရေး၊ ငြိမ်းချမ်းမေ ပြောသည်။ Burma Podcast Network တင်ဆက်သည်။

Episodes

  1. 06/21/2025

    ငရဲခွေးကြီးများ လွတ်နေသည်။

    ကျွန်မတို့ ငယ်ငယ်ကတည်းက "ဒါကတော့ဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာဟဲ့"လို့ မိဘ အသိုင်းအဝိုင်း၊ မိသားစုအသိုင်းအဝိုင်းထဲမှာ သေချာ ခွဲခြမ်းစိတ်ဖြာ ပြောဆိုပြတာ ရှားပါတယ်။ တစ်ခုခုဆို “ဟယ် စတာ နေမှာပါ။ သည်းခံလိုက်” “ဒါလေးများဟယ် အသားပဲ့ပါသွားတာမှ မဟုတ်တာ” “ဒါ သူ ရည်ရွယ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ” “နင် ကိုက အကဲဆတ်လွန်းတာ၊ ဆန်းဆန်းတင့်လွန်းတာ” ဆိုပြီး တပြောတည်း ပြောကြပါတယ်။အထက်ဆင် ကနေ တစ်ခါတည်း ပြောလိုက်ပါရစေ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ ပတ်သက်လာရင် ကိုယ့်ဘက်က ဆန်းဆန်းတင့်လွန်းတယ် ဆိုတာ ရှိကို မရှိပါဘူး။ ကိုယ့်သတ်မှတ်ထားတဲ့ စည်းမျဉ်းကို ကျော်လာရင်၊ ကိုယ် လက်မခံနိုင်ရင်၊​ ကိုယ် သဘောမတူရင်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု မြောက်ပါတယ်။ ဘယ်အရာတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု မြောက်သလဲဆိုတာကို ခုဆိုရင် ဖေ့စ်ဘုတ်မှာ၊ ဆိုရှယ်မီဒီယာတွေမှာ အသိပေးပုံတွေ အများကြီး ဝေမျှထားကြပါတယ်။ ကိုယ်တိုင်လည်း ဖတ်ရှုပြီး အမျိုးသမီးအချင်းချင်းလည်း လက်တို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

  2. 04/12/2025

    ဂျာမနီသို့ ရွေ့ပြောင်းနေထိုင်ခြင်းနှင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူတို့ ကြုံ

    မိတ်ဆွေတွေအားလုံးစောင့်မျှော်နေတဲ့ အထက်ဆင် Podcast ယခုတစ်ပတ်မှာပြန်လာပါပြီ။ ဒီတစ်ပတ်မှာတော့ ဂျာမနီမှ ရွေ့ပြောင်းနေထိုင်မှု နှင့် နိုင်ငံရေးခိုလှုံခွင့်ဥပဒေဆိုင်ရာ ကျွမ်းကျင် ရှေ့နေ Mr. Christopher Wohnig နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီပေါ့ဒ်ကတ်စ်မှာ.. ဂျာမနီရဲ့ နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာမူဝါဒက ဘယ်လိုရှိလဲ?ဂျာမနီကို ခိုလှုံခွင့်လျှောက်ထားသူမြန်မာနိုင်ငံသားတွေထဲမှာ ဘယ်လိုလူမျိုးတွေပါဝင်လဲ?မအလနဲ့အပေါင်းအပါတွေက နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုတွေကို ဂျာမနီနိုင်ငံမှာရောဘယ်လိုလုပ်နေလဲ? လိင်အကြမ်းဖက်ခံရသူ၊ လူမဆန်စွာဆက်ဆံခံရသူ၊ နှိပ်စက်ညှင်းဆဲခံရသူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့အမှုတွေမှာ ဘာတွေကို ထည့်သွင်းစဉ်းစားဖို့လိုသလဲ?နိုင်ငံရေးခိုလှုံခွင့်ရှာဖွေကြတဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးနဲ့ LGBTIQA+ တွေအနေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ? စသဖြင့် အကြောင်းအရာတွေ ပါဝင်တာကြောင့်မို့လို့ အခုတစ်ပတ် စနေနေ့ ည ၈ နာရီမှာ Burma Podcast Network ရဲ့ Platform တွေဖြစ်တဲ့ YouTube Channel, Spotify နဲ့ Apple Podcast တို့မှာ နားဆင်နိုင်ပါတယ်။ မိမိတို့ ပါဝင်ဆွေးနွေးလိုတာ မရှင်းတာတွေရှိရင်လည်း Comment မှာ ဆွေးနွေးလို့ရသလို Message Box ကနေလည်းပေးပို့နိုင်ပါတယ်။  #BurmaPodcastNetwork #MyanmarPodcast #Burma #Myanmar #BPN #InfoMM #podcast #Germany #Migration #Asylum #AHtetSin #WomenLifeInConflict #LGBTIQA #Refugee #Passport

    ဂျာမနီသို့ ရွေ့ပြောင်းနေထိုင်ခြင်းနှင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူတို့ ကြုံ
  3. 12/21/2024

    ဖိုဝါဒကြီးစိုးတဲ့ တော်လှန်ရေးကြီးတော့ မဖြစ်စေလိုပါဘူး

    တစ်ဦးတစ်ယောက်ချင်းကြုံရတဲ့ ပြဿနာမဟုတ်တဲ့ ဖိုဝါဒကို ဘယ်လိုတိုက်ထုတ်ကြမလဲ? တရားမျှတကို ရှာဖွေဖော်ဆောင်ဖို့အတွက် ဘာတွေလုပ်လို့ရနိုင်လဲ?ပြီးခဲ့တဲ့ ရက်အနည်းငယ်က တော်လှန်ရေးနယ်မြေထဲမှာ သတင်းသမားတစ်ဦးဖြစ်တဲ့ မငြိမ်းချမ်းစုကြည်နဲ့ သူမရဲ့ ပါတနာတို့ကို အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းကို ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်အပေါ်မှာ ကာယကံရှင်နဲ့အတူ အထက်ဆင်က ငြိမ်းချမ်းမေက တွေ့ဆုံဆွေးနွေးထားပါတယ်။ Burma Podcast Network ရဲ့ Podcast Show တစ်ခုဖြစ်တဲ့ အထက်ဆင်ကနေ ဖိုဝါဒကြီးစိုးမှု၊ လိင်အခြေပြုအကြမ်းဖက်မှုတွေ စတာတွေကို ဆန့်ကျင်တဲ့အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ Podcast တွေကို ထုတ်လုပ်တင်ဆက်နေတာ တစ်နှစ်ကျော်ခဲ့ပါပြီ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

  4. 07/04/2024

    အထက်ဆင် ပျံ/ ပြန်လာပြီ။

    အထက်ဆင် ပျံ/ ပြန်လာပြီ။  ပြောစရာတွေက များလွန်လို့ အပိုင်းတွေ ခွဲပြောမယ့် အထက်ဆင်က ငြိမ်းချမ်းမေ ပြန်လာပါပြီ။ လက်နက်ကိုင်ဆွဲမှ လမ်းပေါ်ထွက်မှ ထင်သာမြင်သာအောင် တစ်ခုခုလုပ်ပြမှ ရန်လိုနေမှ အော်ပြနေမှ တိုက်ပွဲရယ်လို့ အမည်မြောက်တာ မဟုတ်ပါဘူး တဲ့။  အပြည်ပြည်ဆိုင်ရာ တိုက်ပွဲဝင်နေ့အကြောင်းကို ငြိမ်းချမ်းမေက သူ့အယူအဆ နဲ့ ရှုမြင်တင်ဆက်ပုံနဲ့ တင်ဆက်ထားပါတယ်။  မိတ်ဆွေတို့ကို တစ်ခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသောတဆင်ကြည့်ကြပါ။ ငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီးများအပေါ်ထားရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့ ရှုထောင့်/ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲက တစ်ယောက်ဖြစ်ပါတယ်။ Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။ #burmapodcastnetwork #AhtetSin #myanmarpodcasts #Podcasts #womensupportingwomen #MMinfo

  5. 02/01/2024

    Special Episode: Myanmar in 2021 and 2024: Resilience and Voice of People

    ဒီနေ့ဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုရဲ့ ၃ နှစ်ပြည့် နေ့ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကိုတွန်းလှန်နေကြတဲ့ ဒီတော်လှန်ရေးကြီးထဲမှာ နယ်ပယ်အသီးသီးက လူကြီး၊ လူငယ်များဟာ တတ်စွမ်းသမျှ တစ်ရက်မှမနားဘဲ ပါဝင်နေကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို နိုင်ငံတကာမိတ်ဆွေတွေနဲ့ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ Burma Podcast Network မှ အထက်ဆင် Podcast ရဲ့ Host မငြိမ်းချမ်းမေနဲ့အတူ Stiftung Asienhaus Germany မှ မြန်မာ့အရေးလေ့လာသူ ဂျာမနီနိုင်ငံသား Mr. Majid တို့ ဆွေးနွေးထားတဲ့ အထူး Episode " Myanmar in 2021 and 2024: Resilience and Voice of People" Podcast ကို နားဆင်ကြည့်နိုင်ပါတယ်။ မိမိ နိုင်ငံတကာ မိတ်ဆွေများနဲ့လည်း လွတ်လပ်စွာဝေမျှနိုင်ပါတယ်။အရေးတော်ပုံအောင်ကို အောင်ရပါမယ်။

Ratings & Reviews

5
out of 5
2 Ratings

About

အမျိုးသမီးအရေး၊ နိုင်ငံအရေး၊ လူငယ်အရေး၊ ငြိမ်းချမ်းမေ ပြောသည်။ Burma Podcast Network တင်ဆက်သည်။