Adhikara for Human Rights

Adhikāra

The Adhikara for Human Rights podcast channel has been airing since June 2023.

  1. S2E18: အမျိုးသမီးများအပေါ် အမုန်းစကား

    03/16/2025

    S2E18: အမျိုးသမီးများအပေါ် အမုန်းစကား

    အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်မှာတော့ အပတ်စဥ် ထုတ်လွှင့်လာခဲ့တဲ့ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂ (Season 2) ရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတပတ် အပိုင်း ၁၈၊ Episode 18 မှာ အမျိုးသမီးများအပေါ် အမုန်းစကားဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်ကို ဖိတ်ခေါ်ထားပါတယ်။ ဒီတပတ်ဆွေးနွေးချက်တွေထဲမှာတော့ အမုန်းစကားရဲ့ အဓိပ္ပာယ်၊ အမျိုးသမီးတွေအပေါ် ပြောဆိုတိုက်ခိုက်နေကြတဲ့ အမုန်းစကားတွေရဲ့ ပုံစံတွေနဲ့ လူ့အဖွဲ့အစည်းအပေါ် အဲဒီအမုန်းစကားတွေရဲ့ သက်ရောက်မှုတွေ၊ တော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေအပေါ် အမုန်းစကားပုံစံတွေနဲ့ လူထုရဲ့ အမြင်ပြောင်းလဲမှုတွေနဲ့ အမုန်းစကားတွေကို ဘယ်လိုတုံ့ပြန်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို မသဥ္ဇာရွှန်းလဲ့ရည်က ဆွေးနွေးထားပါတယ်။

    24 min
  2. S2 E17: ကလေးသူငယ်အခွင့်အရေး

    02/23/2025

    S2 E17: ကလေးသူငယ်အခွင့်အရေး

    အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၇ ကနေ ကြိုဆိုပါတယ်။ ဒီတပတ်မှာ ပြောဆိုဆွေးနွေးမယ့် လူ့အခွင့်အရေး အကြောင်းအရာကတော့ ကလေးအခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒီခေါင်းစဥ်ကို လာရောက်ဆွေးနွေးပေးသူကတော့ ကလေးအခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ Cookie ပဲ ဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးချက်မှာ Cookie က ကလေးဆိုတာရဲ့ အပြည်ပြည်ဆိုင်ရာ အနက်အဓိပ္ပါယ်၊ ကလေးတွေရဲ့ အခြေခံအခွင့်အရေးလေးရပ်၊ ကလေးနဲ့ မိဘတွေရဲ့ ကြားက ကဏ္ဍတွေနဲ့အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးတွေကြုတွေ့နေရတဲ့ အခြေအနေတွေ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

    35 min
  3. S2 E16 : မသန်စွမ်းမှုကို နားလည်ခြင်း

    02/16/2025

    S2 E16 : မသန်စွမ်းမှုကို နားလည်ခြင်း

    အပတ်စဥ် ပုံမှန်ထုတ်လွှင့်နေကျ အဓိကာရလူ့အခွင့်အရေးပေါ့ကတ်ကနေ ကြိုဆိုပါတယ်။ ဒီတပတ်မှာ အဓိကာရလူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၆ ကို ရောက်ရှိလာပါပြီ။ ဒီတပတ်မှာ ဆွေးနွေးဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဥ်ကတော့ "မသန်စွမ်းမှုကို နားလည်ခြင်း"ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဆွေးနွေးဖို့ ဖိတ်ခေါ်ထားသူကတော့ အကြားအာရုံမသန်စွမ်းသူတဦးဖြစ်တဲ့ ကိုညီမောင်ပဲ​ ဖြစ်ပါတယ်။ ဒီတပတ် လူ့အခွင့်အရေးပေါ့ကတ် အပိုင်း ၁၆ မှာ ကိုညီမောင်က မသန်စွမ်းမှုဆိုတာ ဘာကို ဆိုလိုတာလဲ၊ မသန်စွမ်းမှုအပေါ် လူတွေ ဘယ်လို အမြင်လွဲ၊ နားလည်မှု လွဲနေကြလဲ၊ မသန်စွမ်းသူတွေနဲ့ ဆက်ဆံရာမှာ သန်စွမ်းသူတွေဟာ ဘယ်လိုမျိုး ပုံစံမျိုးနဲ့ ဆက်ဆံတာမျိုးက မသန်စွမ်းသူတွေကို လေးစားရာ ရောက်သလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

    10 min
  4. S2 E15 : လူ့အခွင့်အရေးနှင့် သတင်းစာပညာ (အပိုင်း ၃)

    02/09/2025

    S2 E15 : လူ့အခွင့်အရေးနှင့် သတင်းစာပညာ (အပိုင်း ၃)

    ဒီတပတ်မှာတော့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂ အပိုင်း ၁၅ မှာ အလွတ်တန်းသတင်းထောက် နော်ဘတ်တီဟန်နဲ့ ဆွေးနွေးထားတာရဲ့ နောက်ဆုံးပိုင်းကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ သတင်းစာပညာလို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးချက် နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီတတိယပိုင်းမှာတော့ နော်ဘတ်တီဟန်က ၂၀၂၁ အာဏာသိမ်းမှု မတိုင်ခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေအတွင်း သတင်းမီဒီယာလောကရဲ့ အခြေအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ပြောင်းလဲလာတဲ့ အခြေအနေတွေ၊ ၂၀၂၁ နောက်ပိုင်း သတင်းဌာနတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှု အခြေအနေတွေနဲ့ တော်လှန်ရေးကာလအတွင်းသတင်းသမားတွေကိုယ်တိုင် သတင်းမီဒီယာလောကအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ ခေါင်းပုံဖြတ်ခံနေရတာတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာတွေကို ပြန်လည်ဖော်ထုတ်ဖို့ ခက်ခဲနေတာတွေ၊ စိန်ခေါ်မှုကြုံနေရတာတွေ၊ ဖိနှိပ်ခံနေရတာတွေ အကြောင်းကိုအဓိက ဆွေးနွေးထားပါတယ်။

    17 min
  5. S2 E15 : လူ့အခွင့်အရေးနှင့် သတင်းစာပညာ (အပိုင်း ၂)

    02/02/2025

    S2 E15 : လူ့အခွင့်အရေးနှင့် သတင်းစာပညာ (အပိုင်း ၂)

    ဒီတပတ်မှာတော့ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂ အပိုင်း ၁၅ မှာ အလွတ်တန်းသတင်းထောက် နော်ဘတ်တီဟန်နဲ့ ဆွေးနွေးထားတာရဲ အဆက်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ သတင်းစာပညာလို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးချက် ဒုတိယပိုင်းမှာတော့ နော်ဘတ်တီဟန်က သတင်းသမားတွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု၊ အခက်အခဲတွေ၊ သတင်းမှန်ကန်မှုအပေါ် ပဋိပက္ခနဲ့ အာဏာရှင်စနစ်ရဲ့ သက်ရောက်မှုတွေနဲ့ တော်လှန်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရေးသားထုတ်ဖော်ရာမှာ စုံလင်ကွဲပြားတဲ့ အုပ်စုတွေမှာ ဖြစ်နေတာတွေကို သတင်းထုတ်ဖော်နေတာနဲ့ပတ်သက်တဲ့ အခြေအနေတွေကို ဆွေးနွေးထားပါတယ်။

    19 min
  6. S2 E15: လူ့အခွင့်အရေးနဲ့ သတင်းစာပညာ (အပိုင်း ၁)

    01/26/2025

    S2 E15: လူ့အခွင့်အရေးနဲ့ သတင်းစာပညာ (အပိုင်း ၁)

    အားလုံးကျန်းမာကြပါရဲ့လား။ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၅ ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတပတ် လူ့အခွင့်အရေးပေါ့ကတ် အပိုင်း ၁၅ မှာ ဆွေးနွေးဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဥ်ကတော့ လူ့အခွင့်အရေးနဲ့ သတင်းစာပညာပဲ ဖြစ်ပါတယ်။ ဒီပေါ့ကတ် အဓိကာရ လူ့အခွင့်အရေးပေါ့ကတ်ရဲ့ ပုံမှန်မေးမြန်းတင်ဆက်သူ ပိုင်သက်က မေးမြန်းထားပြီး အလွတ်တန်းသတင်းထောက် တဦးဖြစ်တဲ့ နော်ဘတ်တီဟန်က ဆွေးနွေးဖြေကြားထားပါတယ်။ ဒီတပတ် လူ့အခွင့်အရေးနဲ့ သတင်းစာပညာ ဆွေးနွေးချက်ရဲ့ ပထမပိုင်းမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အများပြည်သူအတွက် ဖော်ထုတ်တင်ပြရမှာ သတင်းစာပညာရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရေးသားဖော်ထုတ်တင်ပြရာမှာ သတင်းသမားတွေ ကိုင်စွဲရမယ့် ကျင့်ဝတ်နဲ့ သတင်းမီဒီယာတွေဟာ လူထုရဲ့ အမြင်တွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်လဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

    16 min
  7. S2 E14: LGBTQI+ များအပေါ် အမုန်းစကားများ (အပိုင်း ၂)

    01/12/2025

    S2 E14: LGBTQI+ များအပေါ် အမုန်းစကားများ (အပိုင်း ၂)

    ဒီတပတ်မှာ အဓိကာရ လူ့အခွင့်အရေးပေါ့ကတ် အတွဲ ၂၊ အပိုင်း ၁၄ မှာ ရွေးချယ်ထားတဲ့ "မြန်မာလူမှုအသိုက်အဝန်းကြားထဲမှာ LGBTQI+ တွေအပေါ်ကို အစဉ်တစိုက်လုံးပြောခဲ့တဲ့ အမုန်းစကားများ" ဆိုတဲ့ ခေါင်းစဉ်ရဲ့ ဒုတိယ ပိုင်းကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ လာရောက်ဆွေးနွေးထားသူကတော့ ကွီးယား-ဘားမား Page မှာ စာရေးသူ တဦးဖြစ်တဲ့ ဆရာ အောင်ဇော်မျိုး ပဲ ဖြစ်ပါတယ်။ ဒီပေါ့ကတ်ရဲ ဒုတိယပိုင်းမှာ ဆရာအောင်ဇော်မျိုးရဲ့ ဆွေးနွေးချက်တွေထဲက အချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ ဝင်တဲ့ အကြောင်းအရာတွေကတော့ LGBT တွေကို အမုန်းစကားတွေနဲ့ တိုက်ခိုက်ကြတဲ့ နေရာမှာ မကောင်းတဲ့ အရာတခုခုနဲ့ ဥပမာပေး ခိုင်းနှိုင်းကြ တာမျိုး၊ နှိမ့်ကျတဲ့ လုပ်ရပ်တခုခုနဲ့ ခိုင်းနှိုင်းကြတာ မျိုးတွေ နဲ့ ပတ်သက် တဲ့ သဘောထားအမြင် တွေ၊ အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်းမှာဆိုရင် LGBTI တွေနဲ့ ပတ်သပ်ပြီး တွေ့ရတဲ့ ရပ်တည်ချက်၊ လုပ်ရပ်ကိုပဲ ဝေဖန်တာမျိုး မဟုတ်ပဲ လူတယောက်ရဲ လိင်စိတ်ခံယူမှု၊ ဖြစ်တည်မှုကို ပစ်မှတ်ထားပြီး ထိုးနှက်ကြတာ မျိုးတွေ နဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တေ အပါအဝင် ၊ အမုန်းစကားတွေ ကို ဘယ်လို တုန်ပြန်သင့်တယ် ဆိုတဲ့ အကြံပြု တွေ စတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

    15 min

About

The Adhikara for Human Rights podcast channel has been airing since June 2023.