Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်း

Change The Map - Myanmar

အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။   ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။   ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ 

  1. 1d ago

    အမေရိကန်တက္ကသိုလ်များတွင် ဧဝံဂေလိတရားကို ဟောပြောကြရန် ဆုတောင်းချက်များ

    အမေရိကန်တက္ကသိုလ်များတွင်ဧဝံဂေလိတရားကိုဟောပြောကြရန်ဆုတောင်းချက်များ ၁) မယုံကြည်သူကျောင်းသားများ- ခရစ်ယာန်ကျောင်းသားများ၊ ဘုရားကျောင်းများနှင့် ကျောင်းတွင်းသာသနာများသည် မယုံကြည်သူတိုင်းနိုင်ငံများရှိ နိုင်ငံတကာကျောင်းသားများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး သခင်ယေရှု၏မေတ္တာကို မျှဝေကြရန် ဆုတောင်းပါ။ (ဝတ်ပြုရာ ၁၉:၃၄။) ၂) ယုံကြည်သူများသည်ကြောက်ရွံ့ခြင်းကိုအနိုင်ယူရန်- တက္ကသိုလ်ကျောင်းဝင်းများရှိ ခရစ်တော်၏နောက်လိုက်များသည် ခရစ်တော်အကြောင်း ရဲစွမ်းသတ္တိရှိရှိ ပြောဆိုကြရန် ဆုတောင်းပါ။ တမန်တော်များသည် ရဲရင့်စွာဟောပြောရန် ဆုတောင်းသကဲ့သို့ (တ ၄း၂၉-၃၀)၊ ၃) ခရစ်ယာန်များသတိထားတတ်ခြင်း- ယုံကြည်သူများသည် ဧဝံဂေလိတရားကို အမှန်တကယ် မကြားခဲ့ဖူးသော ကျောင်းသားများစွာကို အသိအမှတ်ပြုပြီး ဉာဏ်ပညာနှင့် ကျေးဇူးတရားဖြင့် စကားပြောဆိုတတ်ကြစေရန် ဆုတောင်းပါ။ (ကောလောသဲ ၄:၅-၆။)

  2. Jul 26

    နက်ရှိုင်းသောသောဆုတောင်းခြင်းအတွက် ဆုတောင်းချက်များ

    နက်ရှိုင်းသောသောဆုတောင်းခြင်းအတွက် ဆုတောင်းချက်များ ၁။မျက်မှောက်တော်ထဲသို့ဝင်ရောက်ခြင်း (ပရိသတ်စည်းဝေးရာဌာန)- ဗုဒ္ဓဘာသာကမ္ဘာတစ်ဝှမ်းရှိ ယုံကြည်သူများသည် ကျေးဇူးတော်ချီးမွမ်းခြင်းများ နေ့စဥ်လုပ်ဆောင်ကြပြီး စစ်မှန်သောဝတ်ပြုကိုးကွယ်မှုသို့ ကူးပြောင်းပါရန် ဆုတောင်းပါ (ဆာလံ ၁၀၀:၄)။ ၂။သန့်ရှင်းခြင်းနှင့်နှုတ်ကပတ်တော် (သန့်ရှင်းရာဌာန)- ခရစ်ယာန်များသည် ကိုယ်တော့်ရဲ့နှုတ်ကပတ်တော်ကို ဆင်ခြင်ခြင်း၊ ဝန်ခံခြင်းနှင့် နေ့စဉ်အချိန်ယူခြင်းဖြင့် နေ့စဉ်အသက်တာ အသက်ရှင်ရန်၊ သူတို့သည် သန့်ရှင်းပြီး ကိုယ်တော်ခေါ်တော်မူသည့် ခေါ်ခြင်းအတွက် အသင့်ဖြစ်နေကြရန် ဆုတောင်းပါ (ဆာလံ ၅၁:၁၀၊ ဆာလံ ၁၁၉:၁၀၅)။ ၃။သန့်ရှင်းသောဘုရား၌တောင်းလျှောက်ခြင်း- ဘုရားသခင်၏လူတို့ကြားတွင် ကြားဝင်အသနားခံတတ်သောစိတ်နှလုံးသားရှိ လာစေရန်နှင့် ယေရှုကို မသိသေးသော သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်များအတွက် မိမိတို့လိုအပ်ချက်များကို ကျော်လွန်ပြီး ကြားဝင်ရပ်တည်နိုင်စေရန် ဆုတောင်းပါ (ယေဇကျေလ ၁၁:၃၀၊ ၁ တိ ၂:၁)။

  3. Jul 19

    သန့်ရှင်းသောဝိညာဉ်တော်၏ အလေ့အလာကို နားလည်ရန် ဆုတောင်းချက်များ

    သန့်ရှင်းသောဝိညာဉ်တော်၏ အလေ့အလာကို နားလည်ရန် ဆုတောင်းချက်များ ၁။ဝိညာဉ်တော်၏အသံကိုကြားတတ်ခြင်း- မယုံကြည်သူတိုင်းနိုင်ငံရှိ ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကို ယုံကြည်၍ နားထောင်တတ်သောနှလုံးသားရှိရန် ဆုတောင်းပါ (ယော ၁၆း၁၃)။ ၂။ခြေလှမ်းတိုင်း၌ငြိမ်သက်ခြင်း- မယုံကြည်သူတိုင်းနိုင်ငံရှိ ဟောပြောလုပ်ဆောင်နေသူများသည် ကိုယ်တော်ကတိပေးထားသည့် နက်ရှိုင်းသိမ်မွေ့သော ငြိမ်းသက်ခြင်းကို သိရှိခံစားနိုင်စေရန် ဆုတောင်းပါ (ဟေရှာယ ၂၆း၃)။ ၃။ဝိညာဉ်တော်ပြည့်ဝသောသက်သေ- ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဧဝံဂေလိတရားကိုဝေမျှကြရန် ဆုတောင်းပါ (တမန် ၁း၈)။

  4. Jul 12

    မယုံကြည်သူတိုင်းနိုင်ငံများတွင် ဟောပြောမည့်သူများ ပိုမိုများပြားလာစေရန် ဆုတောင်းချက်မျ

    မယုံကြည်သူတိုင်းနိုင်ငံများတွင် ဟောပြောမည့်သူများ ပိုမိုများပြားလာစေရန် ဆုတောင်းချက်များ ၁။ရိတ်သိမ်းခြင်းနှင့်ဟောပြောလုပ်ဆောင်မည့်သူများ- ဘုရားသခင်သည် သင်းအုပ်ဆရာများ၊ လူငယ်များနှင့် ယုံကြည်သူများ၏ နှလုံးသားထဲတွင် မယုံကြည်သူတိုင်းနိုင်ငံများအပေါ် နက်ရှိုင်းသောမေတ္တာကို နှိုးဆွပေးမည်အကြောင်း ဆုတောင်းပါ။ လူများစွာသည် ကိုယ်တော်၏ခေါ်ခြင်းကို တုံ့ပြန်ကြမည်အကြောင်း ဆုတောင်းပါ (မဿဲ ၉:၃၇-၃၈)။ ၂။ဘုရားသခင်ခန့်အပ်ထားသောအမှုများ- ဘုရားသခင်သည် မှန်ကန်သောလူများကို မှန်ကန်သောနေရာများသို့ တိကျသောအချိန်တွင် ခေါ်ဆောင်ခြင်းအမှုများအတွက် ဆုတောင်းပါ (သုတ္တံ ၁၆:၉)။ ၃။အလိုတော်ဝန်ခံရဲသောသတ္တိ- ဘုရားသခင်ခေါ်ခြင်းခံရသူများသည် ထိုခေါ်ခြင်းကိုတုံ့ပြန်ရန် ငြိမ်းသက်ခြင်းနှင့် ခွန်အားရှိမည်အကြောင်း ဆုတောင်းပါ၊ ကြောက်ရွံ့ခြင်း သို့မဟုတ် မသေချာမရေရာမှုများကြောင့် နောက်ပြန်မဆုတ်ကြမည်အကြောင်း ဆုတောင်းပါ (ဟေရှာယ ၆:၈)။

  5. Jul 5

    ကယ်တင်ခြင်းသို့ ဦးတည်စေသော နမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအတွက် ဆုတောင်းခြင်း

    ကယ်တင်ခြင်းသို့ ဦးတည်စေသော နမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအတွက် ဆုတောင်းခြင်း ၁။နမိတ်လက္ခဏာများနှင့်အံ့ဖွယ်အမှုများ- ဘုရားသခင်သည် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများကြားတွင် အံ့ဖွယ်အနာငြိမ်းခြင်းများနှင့် နမိတ်လက္ခဏာများ၊ လူတို့အား ယေရှုထံညွှန်ပြသည့် တန်ခိုးတော်များကို ပြုလုပ်ပေးရန် ဆုတောင်းပါ၊ (ယာကုပ် ၅:၁၆)။ ၂။ဉာဏ်ပညာနှင့်ပြည့်သောစကားများ- သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများအား ၎င်းတို့ တစ်ခါမှ မတွေ့ဖူးသော လူများအကြောင်း တိကျစွာ မြင်နိုင်စေရန် ဉာဏ်ပညာပေးဖို့ ဆုတောင်းပါ၊ သို့မှသာ မြည်းစမ်းနေသူများသည် ဘုရားသခင်သည် သူတို့ကို မြင်ကြောင်း ချစ်ကြောင်း သိရှိကြမည်ဖြစ်သည် (၁ ကောရိန္သု ၁၂:၈)။ ၃။ကယ်တင်ခြင်း- အံ့ဖွယ်အမှုများကို မြင်တွေ့သူများသည် စပ်စုလိုစိတ်မှ ယုံကြည်ခြင်းသို့ ရောက်ပြီး ယုံကြည်ခြင်းမှ ယေရှုခရစ်၌ အသက်သစ်သို့ ရောက်ကြရန် ဆုတောင်းပါ (တမန်တော်ဝတ္ထု ၄:၂၉-၃၀)။

  6. Jun 14

    ခရစ်တော်၏ လက်ဝါးကပ်တိုင်မှာအသေခံခြင်းသည် ကံဆိုးခြင်းမဟုတ်ကြောင်း နားလည်ရန် ဆုတောင်းချက်

    ခရစ်တော်၏ လက်ဝါးကပ်တိုင်မှာအသေခံခြင်းသည် ကံဆိုးခြင်းမဟုတ်ကြောင်း နားလည်ရန် ဆုတောင်းချက်များ ၁။လက်ဝါးကပ်တိုင်အပေါ်မှန်ကန်သောအမြင်- လက်ဝါးကပ်တိုင်မှာအသေခံခြင်းကို ယေရှု၏ ပြစ်ဒဏ်ခံခြင်းဟုမမြင်ဘဲ ယေရှု၏ ရည်ရွယ်ချက်ရှိရှိ ပေးဆပ်ခြင်းအဖြစ်မြင်စေရန် ဆုတောင်းပါ (ဟေရှာယ ၅၃:၅)။ ၂။ကံထက်ကျေးဇူးတော်- ကယ်တင်ခြင်းသည် ကုသိုလ်ဖြင့် မရရှိနိုင်ကြောင်း နားလည်ရန် ဆုတောင်းပါ (ဧဖက် ၂:၈-၉)။ ၃။အစားထိုးခြင်း- ယေရှုသည် လိုလားစွာ ကျွန်ုပ်တို့၏နေရာကို ကိုယ်စားခံခဲ့ကြောင်း နားလည်တတ်ကြစေရန် ဆုတောင်းပါ (၁ ပေတရု ၂:၂၄)။

About

အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။   ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။   ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။