ဒီနေ့အတွက်စကား

Padamyar FM

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

  1. 22h ago

    Life has a way of testing a persons will, either by having nothing happen at all or by having everything happen at once.

    ဒီစကားကိုပြောကြားခဲ့တဲ့ မဟာလူသားကတော့ဘရာဇီးလူမျိုး စာရေးဆရာနဲ့ ကဗျာဆရာ Paulo Coelho ပဲဖြစ်ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ ဒဿနစကားတစ်ခွန်းဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် ဖြစ်လာတဲ့ဘဝကိုအကောင်း ဆုံးဖြစ်အောင် ထုဆစ် ဖော်ဆောင်ရမှာ ကျွန်တော်တို့အားလုံးရဲ့တာဝန်ပါ။ဘဝကတော့ လူသားတိုင်းရဲ့ ခံနိုင်ရည်စွမ်းနဲ့ စိတ် ဓါတ်ပိုင်းဆိုင်ရာခံယူမှုတွေကို စမ်းသပ်မှာပါပဲ။ဘဝရဲ့စမ်းသပ်မှုတွေကို အောင်မြင်အောင်ကျော်ဖြတ်နိုင်မှလည်း လူတော်တစ် ယောက်ဖြစ်မှာပါ။အထူးသဖြင့် ဘဝက ကျွန်တော်တို့အားလုံးကို စမ်းသပ်တဲ့အခါမှာ ယေဘူယျအားဖြင့် နည်းလမ်းနှစ်ခုပဲရှိပါတယ်။အဲဒီနှစ်ခုလုံးကို ကိုယ်က သဘောပေါက်နားလည်ပြီး အကောင်းဆုံးကျော်ဖြတ်လို့ အောင်ပွဲကို အရယူရမှာပါ။ ပထမနည်း ကတော့ ကိုယ်တွေဖြစ်ချင်တဲ့အရာတွေအကုန်လုံးကိုလုံးဝဖြစ်တည်မလာခြင်းနဲ့ ဘဝကစမ်းသပ်တတ်ပါတယ်။ ကျွန်တော်တို့ က ကြိုးစားပါရက်နဲ့ ကိုယ်ကြိုးစားသမျှအရာမထင်လာတဲ့အခါမှာစိတ်ပျက်အားငယ်တတ်ကြပါတယ်။ ဘဝက လိုချင်တာကလဲ အဲဒါ ပါပဲ။ တကယ်တော့ လူလူချင်းယှဉ်ပြိုင်နေစရာကိုမလိုပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ်ပဲ ပြိုင်ရပါမယ်။

  2. 1d ago

    Ten years from now, make sure you can say that you chose your life, you didn’t settle for it.

    ဒီကနေစလို့နောင်၁၀နှစ်အကြာမှာသင့်ဘဝကိုသင်ကိုယ်တိုင်ရွေးချယ်ခဲ့တယ်လို့ပြောနိုင်အောင်ကြိုးစားပါ။ဘဝကိုဖြစ်သလိုအခြေချခဲ့ရတာမျိုးမဖြစ်ပါစေနဲ့။ဒီစကားကတော့မိမိကိုယ်ကိုဘဝကိုတည်ဆောက်နိုင်တဲ့သူ၊ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ဆန္ဒအတိုင်း ဘဝကို တည်ဆောက်တဲ့သူတွေအတွက်အားပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။       ကျွန်တော်တို့တတွေဘဝဆိုတဲ့တိုက်ပွဲလိုခက်ခဲနက်နဲတဲ့အချိန်ကာလကြီးကိုဖြတ်သန်းကျော်လွှားတဲ့နေရာမှာကိုယ့်ရဲ့ဆန္ဒအတိုင်းရပ်တည်နိုင်ဖို့လိုပါတယ်။တကယ်တမ်းတွက်ကြည့်မယ်ဆိုရင်လူ့ဘဝဆိုတာခဏတာပါပဲ။အဲဒီရှင်သန်ရာအချိန်ခဏတာလေးမှာကိုယ်ဖြစ်ချင်တဲ့အတိုင်းကိုယ့်ဘဝကိုပုံဖော်အသက်သွင်းနိုင်ဖို့ကသိပ်ကိုမှလိုအပ်ပါတယ်။

  3. 2d ago

    You can’t change how people treat you or what they say about you. All you can change is how you react to it.

    ပြောင်းလဲခြင်း၊ တကယ့်ကိုမှ လောကမှာထပ်မံလို့အရေးပါနေတဲ့ အချက်တစ်ခုပါ။ ဘာလို့လည်းဆိုတော့လူတွေကတပါးသူတွေ ကိုလွှမ်းမှိုးပြောင်းလဲနိုင်ဖို့အကြိုးစားဆုံးလူတွေဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ပြောင်းလဲတယ်ဆိုတဲ့နေရာကောင်းမွန်တဲ့နေရာ၊ကောင်းမွန်တဲ့ရည်ရွယ်ချက်၊ ကောင်းမွန်ပြီးဓမ္မဓိဌာန် ကျကျ စိတ်ဓါတ် နဲ့  ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ထို့နည်းတူစွာပဲသူများကိုပဲ ပြောင်းလဲဖို့ကြိုးစားနေမယ့်အစားမိမိကိုယ်တိုင်ရောဘယ်လိုပြောင်းလဲဖို့လိုနေတယ် ဆိုတာကိုလည်းသိမြင်အောင်လုပ်ရပါ မယ်။ လူတိုင်းလူတိုင်းပြီးပြည့်စုံနေမှာမဟုတ်တဲ့အတွက်သူများတွေမှာလည်းပြောင်းလဲရမယ့်အချက်တွေရှိသလို ကိုယ့်မှာလည်း ပြောင်းလဲရမယ့် အချက်တွေ၊မပြည့်စုံမှုတွေရှိကိုရှိနေမှာ ပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် အရင်ပြောင်းလဲဖို့ကြိုးစားပါ။ ကျွန်တော်တို့အနေနဲ့ဘာတွေပြောင်းလဲဖို့အဓိကလိုအပ်မလဲဆိုရင် စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာ၊ လွယ်လင့်တကူတံတွေးထွေး တာ၊ အများပြည်သူရှိနေတဲ့နေရာမှာဆေးလိပ်သောက်တာ၊အများနဲ့သက်ဆိုင်တဲ့နေရာတွေ၊ တားမြစ်ထားတဲ့နေရာတွေမှာ အညစ်အကြေးစွန့်တာ၊ ဒါတွေကကြည့်မယ်ဆိုရင်ခေတ်မှီပြီးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအတွက်တော့ တကယ့်ကိုမှ အရုပ်ဆိုး အကျည်းတန်စေတဲ့လုပ်ရပ်တွေပါပဲ။ဒါတွေကိုကိုယ်စီကိုယ်စီအသိရှိရှိနဲ့ ပြင်ဆင်သွားကြမယ်၊ ပြောင်းလဲသွားကြဖို့လိုပါတယ်။စိတ်ဓါတ်တွေမြင့်မားလာမှလည်းနိုင်ငံနဲ့လူမျိုးကမြင့်တက်လာမှာပါ။

  4. 3d ago

    Think like a queen. A queen is not afraid to fail. Failure is another stepping stone to greatness.

    ဘုရင်မတစ်ယောက်လို့တွေးတောပါ။ ဘုရင်မကဘယ်တော့မှရှုံးနိမ့်မှာကိုမကြောက်တတ်ပါဘူး။ ရှုံးနိမ့်ခြင်းဆိုတာကြီးကျယ် အောင်မြင်ခြင်းဆီကိုပို့ဆောင်ပေးမယ့်နောက်ထပ်ခုတုံးတစ်ခုပါတဲ့။ ဒီစကားကိုပြောကြားထားတဲ့သူကတော့ နာမည်ကျော် လူမည်းအမျိုးသမီးအစီအစဉ်တင်ဆက်သူOprah Winfrey ပဲဖြစ်ပါတယ်။ လူမည်းအမျိုးသမီး၊ အမျိုးသားတွေကို ခွဲခြား ဆက်ဆံတတ်တဲ့ခေတ်ကတည်းကကြိုးစားမှုကိုအရင်းတည်ခဲ့တဲ့အတွက် ဒီနေ့ကမ္ဘာကျော် အမျိုးသမီးတစ်ယောက်ဖြစ်နေ ခဲ့တာပါ။                                                                                                                                                 ရှုံးနိမ့်လဲပြိုကျမှုတွေကြောင့်စိတ်ဓါတ်ကျအားငယ်နေတဲ့သူတွေအတွက် အားပေးထားတဲ့ စကားတစ်ခွန်းကိုအကျယ်တဝင့် လေ့လာကြည့်လိုက်ရအောင်။ ဘုရင်မတစ်ယောက်လိုတွေးပါတဲ့။ စစ်တုရင်ကစားပွဲမှာဆိုရင်လည်းဘုရင်မကအရေးပါတဲ့ကစားကောင်တစ်ခုပါ။ ကြိုက်နှစ်သက်သလိုရွေ့လျားနိုင်တယ်။ ရဲရဲရင့်ရင့်ဆုံးဖြတ်ချက်ချနိုင်တာကလည်းစစ်တုရင်ပွဲထဲက ဘုရင်မပါ။ ဘုရင်တစ်ယောက်ကအရေးပါဆုံးဆိုရင် ဘုရင်မကလည်းဘုရင်အတွက်ကိုအကာအကွယ်ပေးရုံသာမကပဲတခြားပြိုင်ဘက်ကိုချိန်းခြောက်နိုင်ဖို့ အတွက် အစွမ်းထက်ဆုံးကဘုရင်မပါပဲ။

  5. 4d ago

    A friend who understands your tears is much more valuable than a lot of friends who only knew your smile.

    ကဗျာဆန်ဆန်နဲ့ မိတ်ဆွေကောင်းမိတ်ဆွေစစ်ဆိုတာဘယ်လိုလူစားမျိုးလည်းဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြထားတဲ့စကားတစ်ခွန်းပါ။ကျွန် တော်တို့တတွေမွေးဖွားပြီးအရွယ်ရောက်ကြီးပြင်းတဲ့အချိန်ကနေသေဆုံးသွားတဲ့အချိန်အထိလူဘောင်အဖွဲ့အစည်းထဲမှာနေထိုင်ရှင်သန်နေရင်းသူငယ်ချင်းဆိုတဲ့ မျိုးနွယ်တူလူသားတွေနဲ့တွေ့ဆုံပေါင်းသင်းရမှာပါ။ အဲဒီလိုသူငယ်ချင်းတွေကိုပေါင်းသင်းတယ်ဆိုတဲ့နေရာမှာလည်းကိုယ့်အတွက်ကောင်းကျိုးကိုလိုလားတဲ့ သူငယ်ချင်းကောင်းတွေ လည်းရှိနိုင်သလိုအနားမှာနေရင်းနဲ့ နောက်ကျောကိုဓားနဲ့ထိုးဖို့အထိကြံရွယ်နေတတ်တဲ့ မိတ်ဆွေတုသူငယ်ချင်းအယောင်ဆောင် တွေလည်းရှိကောင်းရှိနေနိုင်ပါတယ်။ တကယ်တော့ရန်သူဆိုတဲ့သူတွေထက်ကိုကိုယ့်အနားမှာမိတ်ဆွေယောင်ဆောင်ပြီးကိုယ့်ဆီကဂုတ်သွေးစုပ်မယ့်သူမျိုးတွေက ပိုပြီးကြောက်စရာကောင်းပါတယ်။ သူငယ်ချင်းမိတ်ဆွေကောင်းရင်ကိုယ်လည်းကောင်းနိုင်သလိုသူငယ်ချင်းဆိုးတွေမကောင်းတဲ့ မိတ်ဆွေတွေကြောင့် ကိုယ့်ဘဝပါပျက်စီးရတဲ့အထိဖြစ်နိုင်တာကိုလည်းသတိပြုမိဖို့လိုပါတယ်။မကောင်းတဲ့ သူငယ်ချင်းတွေက ငရဲပြည်ကိုသွားဖို့ ခေါ်ဆောင်သွားနိုင်တာကြောင့် ကိုယ့်အနီးနားကမိတ်ဆွေသူငယ်ချင်းတွေကကိုယ့်ဘ၀အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့နေပါတယ်။

  6. 5d ago

    Do it because you want to, because it’s fun, because it makes you happy.

    ဒီစကားကတော့အရာတိုင်းမှာဖြေရှင်းစရာမလိုဘူးဆိုတာကိုပြောပြထားတာပါ။တချို့သောသူတွေကကိုယ့်ရဲ့လုပ်ရပ်တွေတိုင်းမှာဖြေရှင်းနေရမှာကိုစိုးရွံ့နေတတ်ကြပါတယ်။ဒီလိုနဲ့ပဲဘယ်အရာကိုပဲဖြစ်ဖြစ်ကိုယ့်စိတ်ကိုယ့်အကြံနဲ့ကြံစည်လုပ်ဆောင်မှုတွေမစွမ်းဆောင်နိုင်တော့ပါဘူး။တကယ်တော့ကိုယ်လုပ်လိုက်တဲ့အရာတွေအတွက်ကိုယ်တိုင်ဖြေရှင်းနေရတာမျိုးထက်ကိုယ်တိုင်တာဝန်ခံတာဝန်ယူနိုင်ဖို့ပဲလိုပါတယ်။ ကိုယ်ရဲ့လုပ်ဆောင်မှုကအကောင်းနဲ့အဆိုး၂မျိုးထဲကတစ်ခုပဲဖြစ်မှာပါ။အကောင်းဖြစ်လာရင်လည်းကိုယ့်အတွက်အောင်မြင်မှုပါ။အဆိုးဖြစ်လာခဲ့ရင်လည်းကိုယ့်အတွက်သင်ခန်းစာပါပဲ။ဒါကြောင့်အကြောင်းကိစ္စတွေကိုဖြေရှင်းနေရမှာစိုးလို့ရှောင်လွှဲနေတဲ့အဖြစ်အပျက်တွေကိုရပ်တန်းကရပ်လိုက်ပါတော့။ချုပ်တီးထားတဲ့ကိုယ့်ရဲ့စိတ်ဆန္ဒတွေကိုလည်းထွက်ပေါက်ပေးပါ။ပျော်စရာရှိတာကိုလွတ်လွတ်လပ်လပ်ပျော်ရွှင်လိုက်ပါ။ပျော်ရွှင်မယ်ထင်တဲ့အရာတွေကိုလည်းလုပ်ဆောင်ကြည့်ပါ။ဟန်ဆောင်မျက်နှာဖုံးတွေကိုချွတ်လို့ကလေးလေးတစ်ယောက်လိုရယ်စရာရှိတာကိုချုပ်တင်းမထားပဲလွတ်လွတ်လပ်လပ်ရယ်မောပစ်လိုက်ရမယ်။ငိုစရာရှိတာကိုလည်းငိုပစ်လိုက်ရမယ်။

  7. 6d ago

    No one is perfect , we all make mistakes. Despite our failings, we still deserve respect. Don’t let anyone put you down.

    လောကမှာရှင်သန်နေထိုင်တဲ့လူသားတိုင်းလူသားတိုင်းမည်သူတစ်ဦးတစ်ယောက်ကမှ ရာနှုန်းပြည့် ပြီးပြည့်စုံတဲ့သူဆိုတာမရှိ ပါဘူး။ ရှင်သန်ရာဘဝတစ်ကွေ့မှာအမှားအယွင်းတစ်စုံတစ်ရာကိုလုပ်ဖူးတဲ့သူတွေချည်းပါပဲ။ဒါကြောင့် ကိုယ်လည်းမှားဖူး၊ သူလည်းမှားဖူးတဲ့ ဒီလောကပတ်ဝန်းကျင်မှာဘယ်သူ့ကိုမှ အပြစ်ကြီးကြီးမားမားတင်နေလို့လည်းမရနိုင်ပါဘူး။ အဓိကကတော့ မှားခဲ့ဖူးတဲ့အမှားတွေကိုအချိန်မှီအမှန်ပြင် နိုင်ဖို့သာလိုပါတယ်။ကိုယ်ရဲ့အမှားတွေကနေသင်ခန်းစာယူနိုင်ပြီး အမှားတွေကို အမှန်ပြင် နိုင်သေးသရွေ့ ကိုယ်ဟာကောင်းမွန်စွာနဲ့လောကမှာနေထိုင်နေသေးသမျှ လောကအတွက် အကျိုးပြုနေတဲ့သူ ချည်းပါပဲ။                                                                                                                                                   အဓိကကတော့အမှားတွေကိုအမှန်ပြင် ဖို့ပါပဲ။ကိုယ့်ရဲ့အမှားတွေကိုအမှားမှန်းသိဖို့၊ အမှားတွေကိုပြန်ပြင်ချင်တဲ့စိတ်ရှိဖို့၊ပြန်ပြင် စရာနည်းလမ်းကိုသိမြင်နိုင်ဖို့၊ အချိန် မနှောင်းခင်ကတည်းကပြန်လည်ပြင်ဆင်ဖို့သာအရေးကြီးပါတယ်။ဒါတွေအားလုံး က ကိုယ့်အတွက် အသက်ရှင်သန်နေတဲ့ လူသားတိုင်းရရှိနိုင်တဲ့အခွင့်အရေးကိုအကျိုးရှိရှိအသုံးချတတ်စေဖို့သာအဓိကကျပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာလည်းဘယ်သူမှ ပြီးပြည့်စုံနိုင်ခြင်းမရှိတဲ့ သူစိမ်းလူအချင်းချင်းမှာလည်းသူ့အမှားကိုယ့်အမှားလိုက် ထောက်နေမယ့်အစားကိုယ်ရောသူပါ ကိုယ်ချင်းစာတရားနဲ့ ဆက်ဆံတတ်စေဖို့လိုပါတယ်။

  8. Sep 16

    It’s never too late to be whoever you want to be.

    သင်ဖြစ်ချင်တဲ့အတိုင်းနေထိုင်ဖို့အတွက်ဆိုရင်အစဉ်ထာဝရထိုက်တန်ပါတယ်။သင်ကိုယ်တိုင်ဂုဏ်ယူရတဲ့ဘဝမှာနေထိုင်တာမျိုးပဲဖြစ်စေချင်သလို၊တကယ်လို့သင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာခဲ့ရင်လည်းပြန်လည်ကြိုးစားကြည့်ဖို့အင်အားတွေရှိနေပါစေတဲ့။ဒီစကားကတော့ကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ကျေနပ်ဂုဏ်ယူစွာနဲ့နေထိုင်နိုင်ဖို့ကအရေးကြီးတဲ့အကြောင်းကိုပြောပြထားတာဖြစ်ပါတယ်။ဒီစကားကိုတော့အမေရိကန်လူမျိုးပြဇာတ်နဲ့စာရေးဆရာ F. Scott Fitzgerald ကပြောကြားခဲ့တာပါ။ ကိုယ့်ရဲ့ဘဝတစ်သက်တာဆိုတာကိုယ်ဘဝတစ်လျှောက်မှာအတူတူရှိနေမယ့်အရာတစ်ခုပါ။ဒါကြောင့်ကိုယ့်ဘဝမှာကိုယ့်စိတ်ကြိုက်လျှောက်လှမ်းခွင့်ရဖို့ကအရေးကြီးပါတယ်။အနောက်နိုင်ငံတွေမှာတော့အရွယ်ရောက်တဲ့သူတွေဆိုရင်ကိုယ့်စိတ်ကြိုက်ကိုယ့်ဘဝကိုလျှောက်လှမ်းကြလေ့ရှိပါတယ်။ကိုယ်ဖြစ်ချင်တဲ့ဘဝကိုကိုယ်တိုင်ကြိုးစားကြပြီးကောင်းရင်လည်းကိုယ်ဆိုးရင်လည်းကိုယ်ကိုယ်လုပ်ဆောင်သမျှကိုကိုယ်တိုင်တာဝန်ယူရပါတယ်။တခြားသောသူတွေရဲ့စွက်ဖက်မှုတွေကိုသိပ်ပြီးအာရုံထဲမထည့်တတ်ကြပါဘူး။

About

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။