50 episodes
ညပိုင်း ၉း၀၀-၁၀း၀၀ - ဗွီအိုအေ Voice of America
-
- News
-
-
4.3 • 22 Ratings
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၁၄၃၀ ၊ မြန်မာစံတော်ချိန် ည ၉ နာရီကနေ ၁၀ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။
-
ညပိုင်း ၉း၀၀-၁၀း၀၀ - စက်တင်ဘာ 28, 2021
ဒီကနေ့အစီအစဉ်မှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ COVID-19 ရောဂါကြောင့် လူမှု စီးပွားရေးကို ကုစားနိုင်ဖို့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ ဂျပန် ယန်း ၃၀ ဘီလီယံချေးယူနိုင်ရေး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ အကြောင်း၊ COVID-19 အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရရဲ့ မေလ ၂၄ ရက်နေ့ကလုပ်ခဲ့တဲ့ ဘာသာရေးအခမ်းအနားတခုနဲ့ ပတ်သက်လို့ ဝေဖန်နေကြတာ၊ တရုတ်နိုင်ငံထုတ် ဖောက်ခွဲရေးသုံး ပစ္စည်းတွေကို မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနေ့က ဖမ်းမိခဲ့ပြီး ဒီကနေ့ မူဆယ်မှာ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့တဲ့သတင်း၊ COVID ကာလ ပြည်တွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် အလုံးအရင်းနဲ့ ပြန်ဝင်လာကြတဲ့ ပြည်ပရောက် အခြေခံလုပ်သားတွေ အတွက် ပြည်တွင်းမှာ ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မလဲဆိုတာနဲ့ ထိုင်းနိုင်ငံဘက်က ပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ နီးပါး ရှိသွားပြီဆိုတဲ့ သတင်း တွေကို နားဆင်ရပါမယ်။ သီတင်းပတ်စဉ်ကဏ္ဍတွေအဖြစ် အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါည ဆွေးနွေးခန်း အစီအစဉ်တွေကို နားဆင်ရပါမယ်။
-
VOA ရေဒီယိုညပိုင်း စက်တင်ဘာ၂၇၊၂၀၂၁ - စက်တင်ဘာ 27, 2021
(zawgyi)
(unicode)
ဒေါ်အောင်ဆန်းစုကြည်အမှုနှစ်မှု ရှေ့အပတ်ထဲ စွဲချက်တင်ဖွယ်ရှိ၊ စစ်ကိုင်းတိုင်းတွင်း ကျေးရွာတချို့စစ်တပ်စီးနင်း ထိခိုက်သေဆုံးမှုရှိ၊ ဒီးမော့ဆိုမြို့နယ်တွင်း လေးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွား၊ အမေရိကန်တဒေါ်လာကို ကျပ်ငွေ ၂၂၀၀ ကျော်အထိ ငွေလဲနှုန်းတက် စတဲ့ သတင်းတွေနဲ့အတူ သတင်းထောက်မှတ်စု စီးပွားရေး ဘလောဂါတွေပြောသမျှနဲ့ သက်တန့်ရောင် အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။ -
VOA ရေဒီယိုညပိုင်း စက်တင်ဘာ၂၅၊၂၀၂၁ - စက်တင်ဘာ 26, 2021
၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၂၆ ရက် ညပိုင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ
ကချင်လီဒိုလမ်းမ အပေါ်တိုက်ပွဲဆက်ရှိနေ၊ ဒေါ်အောင်ဆန်းစုကြည် အမှု သုံးသပ်ချက်၊ ကိုဗစ် ဗီဇပြောင်းပိုး ကူး၊ မကူးစမ်းသပ်မှု အရေးကြီး၊ ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးကောက်နှုတ်ချက်၊ မြန်မာပြည်မှ ပေးစာများ၊ သတင်းတွေထဲက သုတအစီအစဉ်တွေ နားဆင်၊ ကြည့်ရှု့ရဖို့ရှိပါတယ်။ -
VOA ရေဒီယိုညပိုင်း စက်တင်ဘာ၂၅၊၂၀၂၁ - စက်တင်ဘာ 25, 2021
(zawgyi)
(unicode)
ကချင်နဲ့ ရှမ်းမြောက်ပိုင်းက တိုက်ပွဲများ၊ ရွှေဝါရောင်လှုပ်ရှားမှုနှစ်ပတ်လည်ကိုအကြောင်းပြုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၊
မြန်မာနိုင်ငံမှာ ၁၂ နှစ်အထက်ကလေးတွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ စစ်ကောင်စီဥက္ကဌပြောဆိုတဲ့သတင်း စတာတွေအပြင် မြန်မာနိုင်ငံလူ့အခွင့်အရေးအကြောင်းထင်ဟပ်တင်ဆက်တဲ့ ဒို့အသံနဲ့ စနေညစကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ -
ဗွီအိုအေ သောကြာည ၉း၀၀-၁၀း၀၀ နာရီ ရေဒီယို/ရုပ်သံလွှင့် အစီအစဉ် - စက်တင်ဘာ 24, 2021
(Zawgyi/Unicode)
....................
(Unicode)
ဗွီအိုအေ သောကြာည ၉း၀၀-၁၀း၀၀ နာရီ ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
NUG အစိုးရ ဦးဆောင်မှုနဲ့ ဆောင်ရွက်မှုကို အသိအမှတ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြား ရေးဌာန အတိုင်ပင်ခံကပြောတဲ့သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ အင်တာနက်ဖြတ်ထားတဲ့မြို့တွေ ပိုများလာ၊ ဒီးမော့ဆိုမှာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတွေ တိုက်ပွဲဖြစ်၊ ကိုဗစ် တတိယလှိုင်း မပြတ်သေးလို့ သတိထားဖို့လို၊ တဖြည်းဖြည်း ယိုယွင်းလာတဲ့ မြန်မာ့စီးပွားရေး။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။ -
ဗွီအိုအေ ကြာသပတေးည ၉း၁၀-၁၀း၀၀ နာရီ ရေဒီယို/ရုပ်သံလွှင့် အစီအစဉ် - စက်တင်ဘာ 23, 2021
(Zawgyi/Unicode)
................
(Unicode)
ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး Sean Turnell အပါ ငါးဦးကို လျှို့ဝှက်ချက်ဥပဒေနဲ့စွဲထားတဲ့အမှု ဒီကနေ့တရားခွင် သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းတွေအပါအဝင် မြန်မာ့အခြေအနေ လူ့အခွင့်အရေးမဟာမင်းကြီး သတိပေးချက်၊ ကချင်ဘက်မှာ KIA က စစ်တပ်ကို တိုက်ခိုက်ခဲ့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်သစ်တခု ဖွင့်ဖို့လုပ်နေတဲ့အပေါ် မြန်မာကုန်သည်တွေရဲ့အမြင်။
သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။
Customer Reviews
Christmas
Happy