Change Educator

Sai Aung Thein

My writing, my thoughts, my research as an educator and training practitioner. This podcast is for teachers, educators, trainers, facilitators, or anyone working in the field of learning and teaching. It also aims to share how to create positive change through educational and training programs. saiaungthein.substack.com

Episodes

  1. 5d ago

    Episode 1: Why listening skills are important for a trainer

    အားလုံးပဲ မင်္ဂလာပါ။ Change Educator podcast ကနေပြီးတော့မှ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ကျနော် ဒီ podcast ကို host လုပ်တဲ့ စိုင်းအောင်သိန်း ဖြစ်ပါတယ်။ Magga Education ရဲ့ co-founder တစ်ယောက်ဖြစ်သလို training consultant တစ်ယောက်လဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျနော်တို့ Trainer တစ်‌ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း အချို့ကို ဆွေးနွေးကြရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။ မိတ်ဆွေတို့ရော ဘယ်လိုထင်လဲခင်ဗျ? Trainer တစ်ယောက်ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးလို့ ပြောလိုက်ရင် မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ ဘယ်အရာကို ပြေးမြင်မိပါသလဲ။ trainer တစ်ယောက်မှာ ဘယ်လိုမျိုး အရည်အချင်းတွေ quality တွေ ရှိသင့်တယ်လို့ ထင်သလဲ။ ပိုပြီးတော့မှ ထိရောက်ဖို့ ကျနော်တို့ရဲ့ သင်တန်းသူ/သား participants တွေရဲ့ သင်ယူမှုကို အထောက်အကူဖြစ်စေဖို့ ဆိုလို့ရှိရင် ကျနော်တို့ဆီမှာ ဘယ်လိုမျိုး မတူကွဲပြားတဲ့ အရည်အချင်းတွေ ရှိထားသင့်သလဲ။ အရည်အချင်းတွေကတော့ အများကြီးရှိမှာပေါ့လေနော်။ အသင်အပြကောင်းတာတို့၊ နားလည်အောင် ရှင်းပြတတ်တာ၊ presentation လုပ်တတ်တာ၊ စာသင်ခန်းကို စီမံခန့်ခွဲတတ်တာ၊ အချိန်ကို စီမံခန့်ခွဲတတ်တာတို့၊ သင်ကြားတဲ့ ဘာသာရပ်ကို ကျွမ်းကျင်မှုရှိတာ၊ သင်ခန်းစာတွေမှာ game တွေ ကစားနည်းတွေ အသုံးပြုတတ်တာ၊ တက်ခ်နော်လော်ဂျီတွေကို အသုံးပြုတတ်တာ စသဖြင့် အများကြီး အများကြီး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီ podcast မှာ trainer တစ်ယောက်အနေနဲ့ မရှိမဖြစ် အရေးကြီးတဲ့ အရည်အသွေး တစ်ခုကို ကျနော် အဓိကထားပြီးတော့ ဆွေးနွေးသွားချင်ပါတယ်။ ကောင်းမွန်စွာ နားထောင်နိုင်တဲ့ စွမ်းရည်ပါ။ နားထောင်နိုင်စွမ်းရည်ကို များသောအားဖြင့် သတိမထားမိတတ်ကြပါဘူး။ ရှိသင့်တဲ့ အရည်အချင်းလို့လဲ မထင်တတ်ကြပါဘူး။ ဒါမှမဟုတ် အခြားအရည်အချင်းတွေ စဥ်းစားပြီးမှ သတိထားမိတတ်ကြတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကြီးပြင်း ကျင်လည်လာခဲ့ဖူးတဲ့ သင်ကြားခြင်း သင်ယူခြင်းမှာဆိုရင် ဆရာဆိုတာ ပြောပြတဲ့သူ၊ ရှင်းပြတဲ့သူရဲ့ အခန်းကဏ္ဍကို အမြဲတမ်းယူခဲ့တဲ့အတွက် ဖြစ်ပါတယ်။ နားထောင်ဖို့ ဆိုတာ အလေ့အကျင့်မှ မရှိခဲ့တာကိုး။ ဒါပေမဲ့ ဒီအရည်အသွေးက ဘာကြောင့် အရေးကြီးသလဲ။ ကောင်းမွန်စွာနားထောင်နိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားလို့ရှိရင် ကျနော်တို့ရဲ့ participants တွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေများနိုင်သလဲ ဆိုတာ တင်ပြဆွေးနွေးသွားပါမယ်။ ဒီနေရာမှာ အခြားအရည်အချင်းတွေက အရေးမကြီးဘူးလို့ ကျနော် မဆိုလိုပါဘူး။ သူ့နေရာနှင့်သူ အကုန်လုံးကတော့ အရေးကြီးပါတယ်။ လူတွေကို မေးလိုက်ရင် သို့မဟုတ် trainer လုပ်တဲ့ သူတွေကို မေးလိုက်ရင် များသောအားဖြင့် သူတို့ကိုယ်သူတို့ နားထောင်ကောင်းတဲ့သူလို့ ခံယူလေ့ရှိကြတယ်။ မိတ်ဆွေတို့ရော ကိုယ့်ကိုယ်ကို နားထောင်ကောင်းတဲ့သူတစ်ယောက်လို့ ထင်ပါသလားခင်ဗျ။ ကျွန်တော်တို့ရဲ့ သင်တန်းမှာ နားထောင်ခြင်းနဲ့ ပတ်သက်ပြီး လေ့ကျင့်ခန်းတစ်ခု လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် အခြားသူတစ်ယောက်ပြောသမျှကို ဘာမှပြန်မပြော၊ ပြန်မမေးဘဲနဲ့ (၅) မိနစ်စာလောက် နားထောင်ခိုင်းတဲ့ လုပ်ဆောင်ချက်ပါ။ နားထောင်ခဲ့တဲ့ အတွေ့အကြုံတွေကို သူတို့ကို ပြန်လည်သုံးသပ်စေပါတယ်။ ဘာသွားတွေ့ရလဲဆိုတော့ (၅) မိနစ်တောင်မှ ကျွန်တော်တို့ အပြည့်အဝနားမထောင်နိုင်ခဲ့ပါဘူး။ (၅) မိနစ်အတွင်းမှာ ကိုယ့်ရဲ့စိတ်က အနည်းနဲ့အများ ပျံ့လွှင့်တာ တွေ့ရပါတယ်။ စိတ်က တခါတရံပြောနေတဲ့ အကြောင်းအရာပေါ်မှာ စဥ်းစားလိုက်၊ ဘေးနားက အသံတွေကြောင့် စိတ်လွင့်သွားလိုက်၊ ကိုယ့်ဟာကိုယ်တခြားဟာတွေ သွားတွေးမိလိုက်နဲ့ စိတ်လွတ်သွားတာ တွေ့ရပါတယ်။ ဒါတောင် (၅) မိနစ်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ နေ့စဥ်ဘဝမှာ၊ အလုပ်မှာ၊ အစည်းအဝေးမှာ၊ ဒါမှမဟုတ် သင်တန်းမှာဆိုရင် စကားပြောကြတာ (၅) မိနစ်မကပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ဟာ ဘယ်လောက်ထိ ပျံ့လွင့်မယ်ဆိုတာ စဉ်းစားတာကြည့်လိုက်ပါ။ မပြောပြတတ်အောင်ပါပဲ။ ပြီးရင် (၄၅) မိနစ်စာလောက် မရပ်မနား non-stop ပြောနေတဲ့ ဆရာ ဆရာမတွေရဲ့ လက်ချာ lecture ဆိုရင် စိတ်မပျံ့အောင် ဘယ်လောက်နားထောင်နိုင်မလဲ။ စိတ်ဝင်စားတဲ့ ခေါင်းစဥ်ပေမဲ့၊ ဟောပြောတဲ့ဆရာ ဆရာမက အရမ်းကောင်းပေမဲ့ ကျွန်တော်တို့ အများကြီးအာရုံစိုက်လို့ မရနိုင်ပါဘူး။ တခြားအကြောင်းတစ်ခုခုကြောင့် စိတ်ပျံ့လွင့်သွားတတ်ပါတယ်။ ဒါကြောင့် နားထောင်ခြင်းဟာ အလွန့်အလွန်ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အလွန်သိမ်မွေ့တဲ့ အရည်အချင်းတစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ရဲ့ TOT ဆရာတစ်ယောက်က ပြောခဲ့ဖူးပါတယ်။ Self-Awareness မိမိကိုယ်ကို သတိပြုမိခြင်း နဲ့ openminded ဖွင့်ထားသောစိတ် ရ

    Episode 1: Why listening skills are important for a trainer
  2. Trailer

    Welcome to Change Educator

    အားလုံးပဲ မင်္ဂလာပါ။ Change Educator ဆိုတဲ့ podcast ကနေပြီးတော့မှ မိတ်ဆွေတို့အားလုံးကို ကြိုဆိုပါတယ်။ ကျနော့နာမည် စိုင်းအောင်သိန်း လို့ ခေါ်ပါတယ်။ Magga Education မဂ္ဂပညာရေးရဲ့ co-founder ဖြစ်သလို training consultant တစ်ယောက်လဲ ဖြစ်ပါတယ်။ ကျနော်က ဒီ podcast ကို host လုပ်တဲ့သူ စီစဉ်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒီ podcast ကနေပြီးတော့ မိတ်ဆွေသူငယ်ချင်းတို့ကို Trainer ဒါမှမဟုတ် educator ဒါမှမဟုတ် teacher တစ်ယောက်အနေနဲ့ ကျနော့်ရဲ့ အတွေ့အကြုံ၊ အမြင်သဘောထား၊ သုတေသန တွေ့ရှိချက်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အဓိကက ဆရာ/ဆရာမ၊ သင်တန်းဆရာ/ဆရာမ၊ သင်ကြားရေး သင်ယူရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့ educator တွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ ပုံစံတွေနဲ့ ပြုလုပ်သွားဖို့လဲ စီစဉ်ထားပါတယ်။ ကျနော် တစ်ဦးထဲ ပြောတဲ့ အစီအစဉ်တွေပါဝင်မှာ ဖြစ်သလို အခြား educator trainer တွေနဲ့ စကားပြောဆိုတဲ့ ပုံစံမျိုး၊ အင်တာဗျူးတဲ့ ပုံစံမျိုးတွေလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။ တကယ်လို့ ကျနော်နဲ့အတူ လေ့လာသင်ယူဖို့ စိတ်ဝင်စားတယ် ဆိုလို့ရှိရင် ဒီ podcast ကို like, share, ဒါမှမဟုတ် subscribe လုပ်ထားလို့ ရပါတယ်။ အဓိကကတော့ ကျနော် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ သင်တန်းဆရာ အလုပ်ကနေပြီးတော့ သင်ယူရရှိခဲ့တဲ့ အရာတွေ၊ သင်ခန်းစာတွေ၊ သင်ယူမှုတွေ၊ အတွေ့အကြုံတွေကို မျှဝေသွားဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပိုပြီးတော့ ထိရောက်တဲ့ သင်တန်းဆရာ/ဆရာမ ဖြစ်လာအောင် ဘယ်လို လုပ်လို့ရသလဲ။ မတူကွဲပြားတဲ့ သင်ကြားနည်း/သင်ယူနည်း တွေက ဘာတွေလဲ။ မိမိတို့ရဲ့ သင်တန်းသူ/သားတွေရဲ့ သင်ယူမှုကို အထောက်အကူဖြစ်ဖို့ သင်တန်းဆရာတစ်ဦးအနေနဲ့ ဘယ်လို လုပ်ဆောင်လို့ ရသလဲ။ အခြား educators တွေ ဆရာတွေက ဘယ်လိုမျိုး မတူကွဲပြားစွာ သင်ယူလေ့၊ သင်ကြားလေ့ရှိသလဲ စသဖြင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်ပြောတဲ့ အကြောင်းအရာတွေအပေါ်မှာ မူတည်ပြီးတော့ မိတ်ဆွေတို့ အနေနဲ့ သဘောတူလို့ ရသလို၊ ချက်ချင်းလဲ သဘောတူစရာ မလိုပါဘူး။ တကယ်လို့ သဘောမတူရင်လည်း ချက်ချင်းကြီး မပစ်ပယ်ဖို့လည်း တိုက်တွန်းလိုပါတယ်။ မတူကွဲပြားတဲ့ အတွေ့အကြုံတွေ၊ သင်ယူမှုတွေ၊ အခြေခံသဘောတရားတွေ၊ လက်တွေ့ကျင့်ကြံမှုတွေကို အတူတကွ မျှဝေရင်းနဲ့ တိုးတက်အောင် လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ သင်တန်းဆရာတွေအနေနဲ့ ကျနော်တို့ရဲ့ ရပ်ရွာကွန်မြူနတီ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ ကျနော်တို့ရဲ့ သင်တန်းဆရာ/ဆရာမတွေရဲ့ အခန်းကဏ္ဍကို မြင့်တင်ပေးချင်တာလဲ ပါပါတယ်။ အချင်းချင်း လာရောက်ပြီးတော့မှ မျှဝေပြီး အတူတကွ သင်ယူမှုတွေ ဖြစ်သွားဖို့ ရည်ရွယ်ပါတယ်။ တကယ်လို့ မိတ်ဆွေတို့အနေနဲ့ အခြား မတူကွဲပြားတဲ့ အိုင်ဒီယာတွေ ရှိရင်လဲ ကျနော့်ကို အကြံဥာဏ်တွေ suggestion တွေ ပေးဖို့လဲ တောင်းဆိုချင်ပါတယ်။ စိတ်ဝင်စားပြီး လာရောက်နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ လာမယ့် အပတ် podcast တွေမှာ ပြန်လည်ဆုံတွေ့ကြရအောင်။ ကျနော်က စိုင်းအောင်သိန်းပါ။ This is a public episode. If you would like to discuss this with other subscribers or get access to bonus episodes, visit saiaungthein.substack.com

Trailer

About

My writing, my thoughts, my research as an educator and training practitioner. This podcast is for teachers, educators, trainers, facilitators, or anyone working in the field of learning and teaching. It also aims to share how to create positive change through educational and training programs. saiaungthein.substack.com