Let’s Get Relaxed

Serenity

ကိုယ့်ရဲ့စိတ်ကို အနားပေးရင်း အားပြန်ဖြည့်နိုင်ဖို့ စိတ်ကို အနားရစေတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။ စိတ်အဆင်မပြေမှုအမျိုးမျိုးအတွက် သင့်လျော်ရာလေ့ကျင့်ခန်းကိုရွေးနားထောင်နိုင်ပါတယ်။ စိတ်ရောကိုယ်ပါအေးချမ်းကြပါစေ။

  1. အိပ်စက်ခြင်းနဲ့ စိုးရိမ်ကြောင့်ကျမှု Emotional Support Session Series 11/25

    23.03.2025

    အိပ်စက်ခြင်းနဲ့ စိုးရိမ်ကြောင့်ကျမှု Emotional Support Session Series 11/25

    အိပ်စက်ခြင်းနဲ့ စိုးရိမ်ကြောင့်ကျမှု နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းဟာကျွန်တော်တို့ရဲ့ဘဝတစ်နေ့တာကို ခွန်အားတွေအဖြစ်ပြောင်းလဲပေးပါတယ်။ အိပ်ရေးဝ၀အိပ်ပျော်သွားတာဟာ နောက်နေ့မနက်မှာ စိတ်ကိုကြည်လင်လန်းဆန်းတတ်ကြွစေပါတယ်။ ဒါကြောင့် တစ်နေ့တာမှာဖြစ်ပေါ်တတ်တဲ့စိတ်အခြေအနေတွေဟာလည်း မိမိတို့ရဲ့ အိပ်ရေးဝမှုနဲ့များစွာဆက်စပ်နေပါတယ်။ ကောင်းစွာအိပ်စက်နိုင်မှ ကျွန်တော်တို့ရဲ့နေ့စဉ်တစ်နေ့တာမှာ အဓိကကျတဲ့ “စိတ်” ကိုရွှင်လန်းပြီး ဟန်ချက်မှန်မှန်နဲ့ထိန်းချုပ်ထားစေမှာပဲဖြစ်ပါတယ်။အိပ်ရေးဝတဲ့သူဟာ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရတဲ့အချိန်မှာလဲ လန်းဆန်း ထိရောက်စွာအာရုံစိုက်လုပ်ဆောင်နိုင်တတ်ကြပါတယ်။ ထိုကဲ့သို့မိမိရဲ့စိတ်ကို ဟန်ချက်မှန်မှန်နဲ့ထိန်းချုပ်နိုင်တော့မှ လုပ်ငန်းခွင်ကစိတ်ဖိစီးမှုများ၊ စိတ်ကစဉ်ကလျားဖြစ်မှုများ ၊စိုးရိမ်ကြောင့်ကျလွယ်မှုများနဲ့အခြားသောပြဿနာများကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ ခုခံထားနိုင်မှာပဲဖြစ်ပါတယ်။

    44 мин.
  2. စိတ်ဒဏ်ရာနဲ့အိပ်စက်ခြင်း Emotional Support Session Series 10/25

    15.03.2025

    စိတ်ဒဏ်ရာနဲ့အိပ်စက်ခြင်း Emotional Support Session Series 10/25

    အိပ်စက်ခြင်းဟာ ကျွန်တော်တို့ရဲ့တစ်ရက်တာအတွင်းကပင်ပန်းနွမ်းနယ်မှုတွေအားလုံးအတွက်ပြန်လည်အားယူဖို့အနားယူတဲ့ အပန်းဖြေခြင်းဖြစ်ပါတယ်….ဒါပေမဲ့ကျွန်တော်တို့တွေဟာအကြောင်းအမျိုးမျိုးကြောင့်အတိတ်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုထပ်ခါတလဲလဲစဉ်းစားနေမိကြပါတယ်……..အိပ်ချိန်ရောက်တိုင်းအတွေးများစွာနဲ့ရစ်ပတ်ထားမှုတွေကြောင့် ကျွန်တော်တို့ဟာ အိပ်စက်ခြင်းရဲ့စည်းစိမ်ကိုအပြည့်အဝမခံစားရကြဘဲ နောက်ဆက်တွဲ ကိုယ်၊စိတ်မကျန်းမာမှုတွေဖြစ်စေနိုင်ပါတယ်….ကျွန်တော်တို့ဟာ ထိရောက်တဲ့အလေ့အကျင့်များ၊ နည်းလမ်းများကိုသုံးပြီးလိုက်နာကျင့်သုံးကြည့်မယ်ဆိုရင် ကောင်းစွာအိပ်စက်နိုင်စေမှာဖြစ်ပြီး နေ့စဉ်ဘဝမှာလဲ ဟန်ချက်ညီညီနဲ့ လန်းဆန်းတက်ကြွနေမှာပဲဖြစ်ပါတယ်…….

    45 мин.
  3. အိပ်ပျော်ရဲ့လား Emotional Support Session Series 9/25

    08.03.2025

    အိပ်ပျော်ရဲ့လား Emotional Support Session Series 9/25

    ကျွန်တော်တို့ရဲ့ တစ်နေ့တာကို အလုပ်၊ကျောင်း စတဲ့ ကိစ္စအဝဝတွေကို လုပ်ဆောင်နေကြရတာ ဖြစ်တဲ့အတွက် အမြဲလိုလိုဖိစီးမှုသေးသေးလေးတွေ၊ စိတ်ရှုပ်မှုလေးတွေတော့ရှိနေတတ်ပါတယ်…..အဲ့လိုစိတ်ပင်ပန်းမှုတွေကို ကျွန်တော်တို့ဟာ အနားယူခြင်းနဲ့ခဏတာ အပန်းဖြေကြရပါတယ်….နေ့ခင်းဘက်မှာ အလုပ်တစ်ဖက်နဲ့ ဖြစ်တာကြောင့် ညခင်းပိုင်းအိပ်စက်ချိန်ဟာ တစ်နေ့တာရဲ့ အပြည့်အဝ အနားယူခွင့်ရတဲ့အချိန်ဖြစ်တာကြောင့် ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အလွန်အရေးကြီးပါတယ်…..ဒါမှလဲနောက်ရက်တွေကို အင်အားအပြည့်နဲ့တက်ကြွလန်းဆန်းစွာဖြတ်သန်းနိုင်ကြမှာပါ…..

    49 мин.
  4. 'Art of Commitment' Emotional Support Session Series 8/25

    08.03.2025

    'Art of Commitment' Emotional Support Session Series 8/25

    “Art of Commitment”အရာတစ်ခုကို စိတ်နှစ်ပြီးဇောက်ချလုပ်တတ်ခြင်းဆိုတာ အောင်မြင်ခြင်းရဲ့လမ်းစတစ်ခုပါ….ဇောက်ချလုပ်တတ်တဲ့အကျင့်ဟာကျွန်တော်တို့ ဘဝမှာအောင်မြင်မှုတွေရရှိစေဖို့ အရေးပါတဲ့အကျင့်ကောင်းတစ်ခုဖြစ်တာကြောင့် ဒီလိုအလေ့အကျင့်ကောင်းတွေကိုမွေးမြူတတ်အောင် ဒီအပတ် Friday Session မှာ Art of Commitment ဆိုတဲ့ခေါင်စဉ်နဲ့ ဆွေးနွေးသွားရင်းအကျိုးရှိစေမယ့် နည်းလမ်းကောင်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် ….လူတွေက Commitment လုပ်ဖို့ ဘာလို့ ကြောက်ကြတာလဲ …ဘာတွေက Commitment လုပ်ဖို့ အတားအဆီးတွေဖြစ်မလဲ ….အဲ့တာကြောင့် Commitment ရှိခြင်းဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝဖြတ်သန်းမှုတွေမှာ ဘယ်လောက်ထိအရေးပါသလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲ၊ Commitment ရှိလာအောင် ဘယ်လိုမွေးမြူကျင့်ကြံရမလဲဆိုတဲ့ နည်းလမ်းတွေကို Ms. Agnes Mary (Serenity Founder & Counseling Psychologist) က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ် ….

    37 мин.
  5. ⁨အထီးကျန်မှု နှင့် မိတ်ဖွဲ့ခြင်း Emotional Support Session 7/25

    01.03.2025

    ⁨အထီးကျန်မှု နှင့် မိတ်ဖွဲ့ခြင်း Emotional Support Session 7/25

    လူရယ်လို့ဖြစ်လာရင် ကျွန်တော်တို့ဟာ အပေါင်းအဖော်တွေ အသင်းအဖွဲ့တွေနဲ့ ရှင်သန်ကြရပါတယ် …..ဒါပေမယ့် ကျွန်တော်တို့တွေဟာ လူအမျိုးမျိုး စိတ်ထွေထွေဖြစ်ကြတာမို့ တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပိုင်အချိန်လေးပေးပြီး ကိုယ်လုပ်ချင်တာတွေ၊ ကိုယ်ဖြစ်ချင်တာတွေကို ဖန်တီးဖို့၊ တစ်ယောက်တည်း အချိန်ပေးဖို့၊ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကြိုးစားဖို့ လိုအပ်ပါတယ် ….အထီးကျန်မှုဆိုတာ လွယ်ကူတဲ့အရာတစ်ခုမဟုတ်သလို အထီးကျန်မှုဒဏ်ကို ခံနိုင်ရည်ရှိသွားတဲ့အခါမှာလဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝဟာ ဟန်ချက်ညီညီနဲ့ သာယာပျော်ရွှင်ဖွယ် အခိုက်အတန့်လေးတွေ ဖန်တီးလာနိုင်စေမှာဖြစ်ပါတယ် ….အဲ့တာကြောင့် အထီးကျန်မှုတွေကို ဘယ်လိုမျိုး မိတ်ဖွဲ့ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အခိုက်အတန်းလေးတွေကို ဘယ်လိုဖန်တီးလို့ရနိုင်မလဲဆိုတာ Ms. Agnes Mary (Serenity Founder & Counseling Psychologist) က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်

    57 мин.
  6. အခက်ခဲများကြား ရှင်သန်ခြင်း Emotional Support Session 5/25

    09.02.2025

    အခက်ခဲများကြား ရှင်သန်ခြင်း Emotional Support Session 5/25

    “အခက်ခဲများကြား ရှင်သန်ခြင်း”အခက်အခဲတွေကြားမှာလည်း ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ကာကွယ်ကြမလဲ။ ဘဝဟာ အမြဲတမ်းပြေလည်နေသည့်လမ်းမဖြစ်သော်လည်း၊ မိမိကိုယ်ကိုကို ယုံကြည်မှု၊ သည်းခံမှု၊ စိတ်ဓာတ်ခိုင်မာစေခြင်းတွေနဲ့ ရှင်သန်နေရတာ ပင်ပန်းပါတယ်။တစ်ခါတစ်လေ အရာရာအဆင်မပြေသည့်အခါတွင် ကိုယ့်အတွက်သာမက၊ မိမိချစ်ခင်ရသူများအတွက်ပါ တာဝန်ယူပြီး၊ သက်တောင့်သက်သာနေနိုင်ဖို့ ကြိုးစားခြင်း၊ မျှဝေပေးနိုင်သူတစ်ဦးထံပြောပြခြင်း၊ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ထိန်းသိမ်းခြင်းကလည်း သင့်စိတ်ကျန်းမာရေးအတွက် အရေးကြီးတာဖြစ်ပါတယ်။

    43 мин.

Оценки и отзывы

4,8
из 5
Оценок: 4

Об этом подкасте

ကိုယ့်ရဲ့စိတ်ကို အနားပေးရင်း အားပြန်ဖြည့်နိုင်ဖို့ စိတ်ကို အနားရစေတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။ စိတ်အဆင်မပြေမှုအမျိုးမျိုးအတွက် သင့်လျော်ရာလေ့ကျင့်ခန်းကိုရွေးနားထောင်နိုင်ပါတယ်။ စိတ်ရောကိုယ်ပါအေးချမ်းကြပါစေ။