JS Guideline

Joseph Siang

လောကမှာ နေထိုင်အသက်ရှင်တဲ့လူသားတွေ နေ့ရက်စဉ်တိုင်း ရင်ဆိုင်တွေ့ကြုံနေရတဲ့စိတ်ဖိစီးမှု၊ ခြိမ်းခြောက်မှု၊ ဘဝရဲ့စိန်ခေါ်သံကြားက ကြောက်ရွံ့မှုတွေနှင့် စိုးရိမ်ပူပန်မှုတွေထဲက အခြေနေအမျိုးမျိုးကို ရင်ဆိုင်ဖြတ်ကျော်နိုင့်ဖို့၊ ဘဝကပေးတဲ့ခါးသီးမှုတွေကို ချိုမြိန်တဲ့ရလဒ်တွေဖြစ်လာအောင် အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်ဖို့၊ နှုတ်ကပတ်တော်ကပေးတဲ့လမ်းစဉ်အတိုင်း ဘေးဘယ်ညာမလွှဲခြေလှမ်းနိုင်ဖို့အတွက်နှင့် လိုအပ်တဲ့ခွန်အားတွေကိုရရှိနိုင်ဖို့အတွက် ဒီအထူးအစီစဉ်မှ ကြိုဆိုလိုက်ပါတယ်။

  1. 03.06.2022

    Build MY House 4 — အိမ်တော်ကိုဆောက်ကြလော့ (နောက်ဆုံး)

    ဘယ်လိုတည်ဆောက်မလဲ? (အဆက်)  ၂ဓမ္မ ၇ - ဒါဝိဒ်မင်းကြီးက ဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်ပေးချင်တယ်။ ဘုရားသခင်လိုချင်တဲ့ဗိမာန်က အဆောက်အအုံမဟုတ်ဘူး။  ဟေရှာယအနာဂတ္တိကျမ်း 66:1-2 ဓမ္မရာဇဝင် တတိယစောင် 8:27-29  ဒါဝိဒ်၊ ရှောလမုန်အားဖြင့် ဗိမာန်တော်  - ဘုရားဘုန်းတော်တည်သောအရပ် (၂ ရာ ၇း၁-၂)  - ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (၁ ရာ ၂၂း၁၂)  - ပေးလှူခြင်း (၁ ရာ ၂၉း၁-၁၀)  __________________________________  ဓမ္မဟောင်းကျမ်းမှာဝှက်ထားတဲ့အရာတွေကို ဓမ္မသစ်ကျမ်းမှာဖွင့်ပြတယ်။ ဟေဗြဲ ၁း၁ (မိမိသားတော်အားဖြင့်ဗျာဒိတ်)  ဓမ္မဟောင်းကျမ်းကပုံရိပ်ဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းကအစစ်ဖြစ်တယ်။ ကော ၂း၁၇ (အရိပ်၊ ကိုယ်မူကားခရစ်တော်)  __________________________________  ယေရှုခရစ်တော်အားဖြင့် အသင်းတော် (တပည့်တော်၊ လူသား)  - ကောင်းကင်နှင့်မြေကြီးဆက်စပ်သောနေရာ (ယောဟန် ၁း၅၁)  - ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (၁ကော ၁း၃၀၊ ရှင်လုကာ ၂း၅၁)  - ပေးလှူခြင်း (ရှင်လုကာ ၈း၃)  တပည့်တော်များအားဖြင့် အသင်းတော် (ယုံကြည်သူများ)  - ဘုရားသခင်၏ထူးဆန်းသောပညာတော်ထင်ရှားသောနေရာ (ဧဖက် ၃း၁၀-၁၁)  - ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (၁ကော ၁း၃၀၊ တမန် ၆း၃)  - ပေးလှူခြင်း (တမန် ၂း၄၀-၄၇၊ ၄း၃၂-၃၇)  စိတ်နှလုံးသားကိုကြည့်သောဘုရားဖြစ်တယ်။  - ဖြူစင်တဲ့နှလုံးနှင့် အသင်းတော်ကိုတည်ဆောက်ပါ။

    43 мин.
  2. 27.05.2022

    Build MY House 3 — အိမ်တော်ကိုဆောက်ကြလော့ (၃)

    ဘယ်လိုတည်ဆောက်မလဲ?  ၂ဓမ္မ ၇ - ဒါဝိဒ်မင်းကြီးက ဘုရားသခင်အတွက် ဗိမာန်တော်တည်ဆောက်ပေးချင်တယ်။  ဘုရားသခင်လိုချင်တဲ့ဗိမာန်က အဆောက်အအုံမဟုတ်ဘူး။  - ဟေရှာယအနာဂတ္တိကျမ်း 66:1-2  - ဓမ္မရာဇဝင် တတိယစောင် 8:27-29  အိမ်ကိုအမှန်တည်ဆောက်သောသူက ဘုရားသခင်ဖြစ်တယ်။  - ဆာလံကျမ်း 127:1  - ဟေဗြဲဩဝါဒစာ 3:4  ဘုရားသခင်က ပညာတော်ဖြင့် အိမ်တော်တည်ဆောက်တယ်။  - သုတ္တံကျမ်း 24 3 ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။  - ရှင်မဿဲခရစ်ဝင် 7:24-25 - ကြားတဲ့စကားကို လက်တွေ့အသုံးချတာ ‘ပညာရှိသူ’ ဖြစ်တယ်။  - ထွက်မြောက်ရာကျမ်း 31:1-6  အိမ်တော်နှင့်ပေးလှူခြင်း၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းဟာ ဆက်စပ်မှုအမြဲရှိတယ်။  - အာဗြဟံ ဆယ်ဖို့တစ်ဖို့အလှူပေးသောသူ၊ မေလခိဇေဒက်။  - ယာကုပ် ဆယ်ဖို့တစ်ဖို့အလှူပေးဖို့ကတိသစ္စာဆိုသောနေရာ၊ ဗေသလအရပ်။  ပေးလှူခြင်းဖြင့် အိမ်တော်တည်ဆောက်ခြင်း  အာဒံ အတွက် ဧဒင်ဥယျာဉ် - ဘုရားနှင့်လူသား၊ ကောင်းကင်နှင့်မြေကြီးဆုံမှတ် - ဘုရားသခင်ကိုယ်တိုင် ဧဒင်ဥယျာဉ်ကိုစိုက်ပျိုး၊ လူကိုနေရာချပေးခဲ့တယ်။  ယာကုပ်အိပ်မက် ဘုရားအိမ်တော် - ကောင်းကင်နှင့်မြေကြီးဆက်စပ်သောနေရာ - ဆယ်ဖို့တစ်ဖို့ပေးခြင်း  မောရှေအားဖြင့် တဲတော် - ဘုရားဘုန်းတော်တည်သောနေရာ (ထွက် ၄၀:၃၄-၃၅) - ပညာ၊ ဝိညာဉ်နှင့်ပြည့်စုံ (ထွက် ၃၁း၁-၆၊ ၃၅း၃၀-၃၅) - ပေးလှူခြင်း (ထွက် ၃၆း၁-၇)

    42 мин.
  3. 20.05.2022

    Build MY House 2 — အိမ်တော်ကိုဆောက်ကြလော့ (၂)

    အိမ်တော်ဆိုတာ ဘာလဲ?   ၁။ ဧဒင်ဥယျာဉ် - ကောင်းကင်နှင့်မြေကြီးတထပ်တည်းကျတဲ့နေရာဖြစ်တယ်။ ဝိညာဉ်နယ်ပယ်နှင့် ရုပ်လောကထိတွေ့တဲ့နေရာ။   - နေရာလို့ပြောတာ၊ ဒေသမဟုတ်ဘူး။ လူသွားရာ အရပ်ခပ်သိမ်းကိုဆိုလိုတယ်။ ဒီအကြံအစည်တော်ဟာ အပြစ်တရားကြောင့်ပျက်စီးသွားခဲ့တယ်။ ပျက်စီးသွားခဲ့ပေမဲ့ ပျောက်ကွယ်မသွားဘူး၊ ဘုရားသခင်ပြန်လည်အကောင်အထည်ဖော်မယ်။   ၂။ ထာဝရဘုရား၏အိမ်တော် - (Concept) သဘောတရား။  BETHEL - (The House of God) ဘုရားသခင်အိမ်တော်။ ကမ္ဘာ ၂၈း၁၂-၂၂   အိမ်တော်ဆိုတာ ကောင်းကင်နှင့်မြေကြီးထိတွေ့တဲ့ ဆုံမှတ်ဖြစ်တယ်။   ၃။ တဲတော် - (Eden Model) ဧဒင်ပုံစံ၊ သရုပ်ပြရန် ပုံစံ။ (နှစ်ပေါင်း ၄၀၀ကျော်အသုံးပြုခဲ့) တဲတော်ကို တည်ဆောက်ပြီးစီးခြင်း  - ထွက် ၄၀:၁၇-၃၃(၃၃-၃၈)    ဗိမာန်တော် (နှစ်ပေါင်း၄၀၀ကျော်)   - ဒါဝိဒ်မင်းကြီးအကြံ၊ သားတော်ရှောလမုန်မင်းကြီး (၇)နှစ် တည်ဆောက်ပြီးစီး၊ ၉၆၀ BC   - ဘုရားသခင်ဘုန်းတော်နှင့်ပြည့်တယ်။ ၁ရာ ၇း၁   - ကောင်းကင်ကမီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုလောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့်ပြည့်၏။   တမန်တော် ၇း၄၄-၅၂ (သက်တေဖန်၏တရားဟောချက်)   ၄။ ခရစ်တော် - ဗိမာန်တော် (အသင်းတော်၊ ထာဝရတည်မြဲတဲ့နိုင်ငံ) ကောင်းကင်နှင့်မြေကြီးဆက်သွယ်ပေးသော ယာကုပ်လှေကား၊ ကမ္ဘာ ၂၈း၁၂   အသင်းတော်   ခရစ်တော်၏ကိုယ်၊ ယုံကြည်သူများ   အိမ်တော်ဆိုတာ ဘုရားနှင့်လူသားအတူပေါင်းသင်းသောနေရာ   - ကောင်းကင်ရဲ့အရသာကိုမွေ့လျော်ခံစားရသောနေရာ ဘုရားနှင့်လူသားအတူလုပ်ဆောင်သောနေရာ   - ကောင်းကင်ရဲ့အခွင့်အာဏာကို အသုံးပြုလို့ရတဲ့နေရာ   အသင်းတော်ဆိုတာ - ခရစ်တော်၌ရှိသော သင်နှင့်ကျွန်ုပ်အားဖြင့် မြေကြီးအပေါ်မှာ ကောင်းကင်နိုင်ငံကိုတည်ထောင်ခြင်းဖြစ်တယ်။

    50 мин.
  4. 13.05.2022

    Build MY House — အိမ်တော်ကိုဆောက်ကြလော့

    ဟဂ္ဂဲ ၁း၁-၉  အခန်းငယ် ၄၊ အိမ်တော်ပျက်လျက်နေရမည်လော့။  အခန်းငယ်၈၊ အိမ်တော်ကိုဆောက်ကြလော့။  အိမ်တော်ကိုတည်ဆောက်ဖို့ဆိုတာ အသက်တာကိုပြုပြင်ဖို့ဆိုလိုတယ်။  ၁။ ကြိုမြင်နိုင်တဲ့ဘုရားက ကြိုတင်ပြင်ဆင်ပေးတယ်။  - လူတွေတည်ထောင်ထားတဲ့အင်ပါယာတွေပျောက်ကွယ်သွားမယ်။  - ခရစ်တော်တည်ထောင်တဲ့နိုင်ငံက ထာဝရတည်မယ်။  - ယေရမိ ၂၉း၁၁၊ ယုံကြည်သူတွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုအမှီပြုပြီး ဘဝကိုခြေလှမ်းရင်တော့၊ ရှေ့ကိုကြိုသိမြင်တဲ့ဘုရားက ကျွန်တော်တို့ဆုံးရှုံးပျက်စီးဖို့ ခွင့်ပြုမှာတော့ မဟုတ်ဘူး။  ၂။ ဇာတ်သိမ်းမှာ ဘယ်သူနိုင်သလဲ။  - ဒံယေလ ၂း၃၄-၃၅၊ ၂း၄၄-၄၅  - အချိန်ကာလရဲ့အဆုံးမှာတော့ ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်က တည်ထောင်မှာဖြစ်တယ်။  ၃။ အဆုံးသတ်ကိုကြည့်ပြီးခြေလှမ်းစတင်ပါ။  - ဖန်ဆင်းခြင်းအစမှာ ဘုရားသခင်က၊ …  - …လူတစ်ဦးတည်းနှင့်အစပြုတဲ့အတိုင်းပဲ၊ အချိန်ကာလရဲ့အဆုံးမှာ လူတစ်ဦးတည်းနှင့်ပဲအဆုံးသတ်မှာဖြစ်တယ်။

    49 мин.
  5. 06.05.2022

    Tree of Life (2) — အသက်ပင် (၂)

    အသက်ပင်အကြောင်းကိုဖော်ပြတဲ့နေရာတိုင်းမှာ လိုက်လျှောက်စရာဘုရားစကား(ပညတ်တော်)ရှိတယ်။ ယုံကြည်သူဟာ အသက်ပင်ရဲ့အကျိုးကိုခံစားရမယ့်သူဖြစ်တယ်။ 3. သည်းခံပြီးမှအလိုပြည့်စုံလာသောအခါ အသက်ပင်ဖြစ်တယ်။ - ကိုယ့်စိတ်ထင်နှင့်လုပ်သောသူနှင့် ဘုရားစကားအပေါ်မှာ ရပ်တည်သောသူရဲ့ကွာဟမှု - ဘုရားစကားကိုနားထောင်ရင် အဆုံးသတ်အမြဲလှတယ်။ - သည်းခံခြင်းရဲ့အကျိုး၊ အလိုပြည့်စုံလာတဲ့အခါ ရတဲ့စိတ်ခံစားမှုက အသက်ပင်ဖြစ်တယ်။ 4. ဖြည်းညင်းသောလျှာသည် အသက်ပင်ဖြစ်၏။ - ဖြည်းညင်းစွာစကားပြောဆိုခြင်းဟာ အသက်ဖြစ်တယ်။ - တင်ဆက်ပုံဟာလည်း အရေးကြီးပါတယ်။ - လောကသည် ဘုရားကိုမသိသောကြောင့် သင့်ကိုကြည့်နေတယ်။ အသက်ပင်က အသီးကိုစားပြီး ဘဝတွေချိုမြိန်နိုင်ပါစေ။

    21 мин.
  6. 29.04.2022

    Tree of Life — အသက်ပင်

    “အသက်ပင်”ကိုသမ္မာကျမ်းစာအုပ်ရဲ့ပထမစာအုပ် ကမ္ဘာဦးကျမ်းမှာ ဖော်ပြထားတာတွေ့ရတယ်။ ကမ္ဘာဦး ၂း၉၊ ဧဒင်ဥယျာဉ်အလယ်မှာ အသက်ပင်နှင့်၊ ကောင်းမကောင်းသိကျွမ်းရာအပင်ရှိတယ်။ ဧဒင်ဥယျာဉ်ထဲမှာရှိတဲ့အသီးရှိသမျှလွှတ်လပ်စွာစားခွင့်ရှိပေမဲ့၊ ဥယျာဉ်အလယ်က ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီးကိုတော့ စားခွင့်မရှိဘူး။ ဒါပေမဲ့လူက မစားရတဲ့အသီးကိုစားပြီး၊ စားရမယ့်အသီးကိုမစားတဲ့အတွက် အပြစ်တရားဝင်လာတယ်။ “အသက်ပင်”ကို သမ္မာကျမ်းစာအုပ်ရဲ့နောက်ဆုံးဗျာဒိတ်ကျမ်း ၂၂း၂၊ ၁၄၊ ၁၉ မှာ တွေ့ရတယ်။ အသက်ပင်ရဲ့အကျိုးကိုခံစားရဖို့ ပညတ်တော်ကိုကျင့်သောသူဟာ မင်္ဂလာရှိတယ်။ ကမ္ဘာဦးကျမ်းမှာတွေ့ရတဲ့ အသက်ပင်နှင့် ကောင်းမကောင်းသိကျွမ်းရာအပင်လိုပဲ၊ ဗျာဒိတ်ကျမ်းမှာ အသက်ပင်နှင့် ပညတ်တော်နာခံခြင်းကို ပြန်လည်မြင်တွေ့ရတယ်။ အသက်ပင်နှင့်ဆိုင်ဖို့ရန် ပညတ်တော်ကိုလိုက်လျှောက်ခြင်းဟာ အသင်းတော်ဖြစ်တဲ့ယုံကြည်သူတွေအတွက်ဖြစ်တယ်(ဗျာ၂း၇)။ နှုတ်ကပတ်တော်အတိုင်းအသက်ရှင်သူဟာ အသက်ပင်ကိုဆက်ဆံခွင့်ရှိတယ်။ အသက်ပင်ဆိုတာဘာလဲ? အသက်ပင်နှင့်ပတ်သက်တဲ့ဖော်ပြချက်(၄)ခုကို သုတ္တံကျမ်းထဲမှာတွေ့ရတယ်။ (ဒီမှာတော့ (၂)ချက်ပဲဖော်ပြပါမယ်။) 1. ပညာကိုကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ သုတ္တံကျမ်း ၃း၁၅-၁၈ - ပညာထဲမှာ ဘာရှိသလဲ? - ပညာထဲမှာရှိတဲ့အရာသည် အသက်ပင်ရဲ့အကျိုးဖြစ်တယ်။ 2. ဖြောင့်မတ်သောသူသည် အသက်ပင်အသီးကို သီးတတ်တယ်။ သုတ္တံကျမ်း ၁၁း၂၈-၃၁ - ဘေးပတ်ဝန်းကျင်တွေမှာ ပြသနာဝိုင်းထားတဲ့အချိန်မှာ ဖြောင့်မတ်သူ၌ဘာဖြစ်သလဲ? - ဖြောင့်မတ်ခြင်းကို ယေရှုအားဖြင့်သာ ရနိုင်တယ်။

    26 мин.
  7. 22.04.2022

    Unique And Wisely Living — ထူးခြားသောပညာရှိအသက်တာ

    ထူးခြားသောအသက်ရှင်မှုဆိုတာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းဖြစ်တယ်။  - လောကီလူတွေလိုမြင်မယ်၊ ခံစားမယ်ဆိုရင်တော့ ဘုရားသခင်ရဲ့ရွေးနှုတ်ခြင်းက အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။  - လောကီလူတွေနှင့် တူနေလို့ရမှာ မဟုတ်ပါဘူး။  1. ဒေသနာကျမ်း ၁၁း၉၊ ၁တိ ၄း၁၂  - စိတ်ကြိုက်အသက်ရှင်လို့ရတဲ့အချိန်ရှိတယ်၊ ဒါပေမယ့် အကျိုးဆက်ခံစားရတဲံအချိန်လည်းရောက်လာမယ်။  - အရည်အချင်းရှိပေမဲ့ လူတွေလေးစားတာက မိမိအသက်ရှင်မှုပုံစံအားဖြင့် ဖြစ်တယ်။  2. ဒေသနာကျမ်း ၁၂း၁  - ဒုက္ခမရောက်ခင်မှာ မိမိကိုဖန်ဆင်းတဲ့အရှင်၊ မိမိကိုအသိဆုံးသောသူနှင့် သိထားဖို့လိုတယ်။  - ကြိုတင်သတိပေးတဲ့အခါ သတိပြုပါ။  3. တရားဟော ၄း၆၊ ဒေသနာကျမ်း ၁၂း၁၃  - ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ခြင်းဟာ၊ သူတပါးအမြင်မှာ ပညာရှိခြင်းအဖြစ်ထင်ရှားတယ်။

    29 мин.
  8. 15.04.2022

    Key To Fruitfulness — အသီးအပွင့်ဝေဆာဖို့သော့ချက်

    ရှင်ယောဟန်ခရစ်ဝင် 12 24 ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏။-  - သမ္မာတရားဟာ ဝိညာဉ်ကယ်တင်ခြင်းအတွက်သာမဟုတ်ဘဲ၊  - ရှင်သန်မှုမှာ အကျိုးဖြစ်ထွန်းနိုင်ဖို့လမ်းညွှန်ဖြစ်တယ်။  - ကမ္ဘာဦး 1:27-28  ကျဆင်းတဲ့လူသားအတွက် ရှေ့ဆက်ဘာလုပ်ရမလဲ?  သုတ္တံကျမ်း 19 21 လူသည် အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်။  ဘုရားသခင်ဘယ်လိုကြံစည်ထားသလဲ?  ၁။ သင့်ကိုယ်သင်သေဖို့ခွင့်ပြုသလား?  - ဒုတိယမွေးခြင်းဆိုတာ ပထမမွေးခြင်းကိုသေစေခြင်းဖြစ်တယ်။  ဂလာတိဩဝါဒစာ 2:20  ၂။ လက်ဝါးကပ်တိုင်ရဲ့သဘောတရား  - ပထမမွေးဖွားခြင်းဟာ သင့်ရွေးချယ်မှုမပါဝင်ဘူး၊ သို့သော် ဒုတိယမွေးခြင်းဟာ သင်ရွေးချယ်ဆုံးဖြတ်ရမယ်။  - ဒီဆုံးဖြတ်ချက်ဟာ ဘဝတစ်ခုလုံးမှာဘယ်အရာရွေးချယ်ဆုံးဖြတ်ရမလဲဆိုတာ ပြညွှန်ပေးတယ်။  ရှင်မဿဲခရစ်ဝင် 16:24-26  ၃။ များစွာသောအသီးကို သီးခြင်း  - ပင်စည်နှင့်ဆက်နွယ်ရင် အသီးသီးလာမယ်။  ရှင်ယောဟန်ခရစ်ဝင် 15:5  များစွာသောအသီးတွေမြင်တွေ့နိုင်ဖို့ ဝိညာဉ်တော်ဘုရားအစဉ်မစပါစေ။

    25 мин.

Оценки и отзывы

5
из 5
Оценок: 7

Об этом подкасте

လောကမှာ နေထိုင်အသက်ရှင်တဲ့လူသားတွေ နေ့ရက်စဉ်တိုင်း ရင်ဆိုင်တွေ့ကြုံနေရတဲ့စိတ်ဖိစီးမှု၊ ခြိမ်းခြောက်မှု၊ ဘဝရဲ့စိန်ခေါ်သံကြားက ကြောက်ရွံ့မှုတွေနှင့် စိုးရိမ်ပူပန်မှုတွေထဲက အခြေနေအမျိုးမျိုးကို ရင်ဆိုင်ဖြတ်ကျော်နိုင့်ဖို့၊ ဘဝကပေးတဲ့ခါးသီးမှုတွေကို ချိုမြိန်တဲ့ရလဒ်တွေဖြစ်လာအောင် အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်ဖို့၊ နှုတ်ကပတ်တော်ကပေးတဲ့လမ်းစဉ်အတိုင်း ဘေးဘယ်ညာမလွှဲခြေလှမ်းနိုင်ဖို့အတွက်နှင့် လိုအပ်တဲ့ခွန်အားတွေကိုရရှိနိုင်ဖို့အတွက် ဒီအထူးအစီစဉ်မှ ကြိုဆိုလိုက်ပါတယ်။