ဒီနေ့အတွက်စကား

Padamyar FM

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

  1. HACE 6 H

    Whatever you do, you know it will be hard and tiring at the beginning, but persevere and try. Finally, will reach desired goal.

    ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်မှာလူဦးရေထူထပ်လာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အရေးတွေ ကျပ်တည်းလာပါတယ်။ အထူး သဖြင့်အခုမှစအလုပ်လုပ်မယ့်လူငယ်အရွယ်အတွက် Job Hunting ကခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ အဲဒီအခါ စိတ်ဓာတ်ကျ မသွားဖို့၊ လက်မလျှော့ဖို့ကိုယ့်ကိုယ်ကိုယ်အားပေးရမှာပါ။  ခက်ခဲပင်ပန်းတာနားလည်ပေမဲ့ခြေတစ်လှမ်းဆုတ် လိုက်တာနဲ့ သူများထက်အများကြီးနောက်ကျသွားနိုင်တဲ့ခေတ်မလို့ အချက်၅ချက်ကိုသိထားဖို့လိုပါတယ်။  ဘာလို့အလုပ်လိုချင်တာလဲသတိရပါ။စစချင်းအလုပ်ရှာခဲ့တုန်းက ကိုယ့်ကိုဘယ်အရာတွေက စိတ်ခွန်အားပေးခဲ့တာလဲ ပြန် စဉ်းစားပါ။ အကယ်၍ ကိုယ်က Entry Level ကိုအခုမှစလုပ်မယ့်သူဆိုရင်လည်း မိဘအပေါ်မမှီခိုချင်လို့၊ Career ကို အခုက စချင်လို့၊ နောက်ပိုင်းကျရင် ပြည်ပမှာအလုပ်ဆက်လုပ်ချင်လို့၊ Masterတန်း ဆက်တက်ဖို့အတွေ့အကြုံရှာချင်လို့ အစရှိသဖြင့် ရည်ရွယ်ချက် များစွာရှိပါတယ်။တချိန် ချိန်မှာ ကိုယ့်အတွက်အဆင်ပြေတဲ့အလုပ်က ရကိုရမှာပါ။အခုချိန်မှာလက်လျှော့လိုက်ရင် အစကတည်းက ပင်ပန်းခဲ့သမျှ သဲထဲ ရေသွန်ဖြစ်သွားမှာကိုမှတ်ထားပေးစေချင်ပါတယ်။

    3 min
  2. HACE 1 DÍA

    Adaptability Is Just A Thinking Outside The Box.

    ကိုယ့်ကိုယ်ကိုယ်အားမရဘူး။ လမ်းပျောက်နေတယ်။ခက်ခဲနေတယ်။ ဒီစကားတွေကို အခုလိုခေတ်မှာ ခဏခဏကြားဖူး ကြမှာပါ။ နားဆင်သူရောအဲဒီလိုခံစားနေရပါသလား။ လူသားအားလုံး ရှင်သန်နေထိုင်နေကြရတဲ့ခေတ်ကြီးကအရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲနေချိန်မှာ တစ်ဖက်မှာလည်းကမ္ဘာ့စီးပွားရေးအခြေအနေတွေကျပ်တည်းနေပါတယ်။ အလုပ်အကိုင် ရှားပါးမှုတွေ၊လက်ရှိဆီစျေးတွေ၊ စားသောက်ကုန်စျေးတွေက လူတန်းစားအသီးသီးအပေါ်သက်ရောက်မှုရှိပါတယ်။  အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြောင်းလဲမှုကြမ်းတဲ့ လောကကြီးကကိုယ့်ကိုပေးတဲ့အချဉ်သီးတွေကို ဖျော်ရည်လုပ်သောက် တတ်ဖို့ လိုပါပြီ။ အဲဒီ Skillကို “Adaptability” (အလိုက်သင့်ပြောင်းလဲနိုင်ခြင်း) လို့ ခေါ်ပါတယ်။ Adaptability လို့ ဆိုလိုက် တာနဲ့ ဒီဘက်ခေတ်မှာအသက်ရှင်ဖို့အတွက် သိပ်ကိုမှ အရေးကြီးတဲ့အချက်တစ်ခုဖြစ်လို့လာပါပြီ။ ဘဝမှာမပြောင်းလဲတဲ့ တစ်ခုတည်း သောအရာက ပြောင်းလဲခြင်းတရားဖြစ်ပါတယ်။အဲဒီပြောင်းလဲနေတာတွေကိုမူတည်ပြီး ကိုယ့်ဘက်ကမီးစင်ကြည့်ကတတ်ရ ပါတယ်။ အဲဒါကတော့ Adaptabilityလို့ခေါ်တဲ့ Soft Skill ပါပဲ။

    3 min
  3. HACE 2 DÍAS

    Rich People Have Only Five Unique Habits.

    ကမ္ဘာပေါ်က လူဦးရေ သန်းပေါင်း သုံးထောင့်ရှစ်ရာရဲ့ပိုင်ဆိုင်မှုကို ပေါင်းလိုက်ရင် ဘီလျံနာလုပ်ငန်းရှင် (၂၅)ယောက်ရဲ့ ပိုင်ဆိုင်မှု လောက်ပဲရှိတယ်ဆိုတာ သိပါသလား။ ဒီအချက် ကျွန်တော်တို့ အများစုတွက် မညီမျှဘူးလို့ထင်ရနိုင်ပါတယ်။ တကယ်တော့ လူချမ်းသာတွေကို အခုလောက်ထိချမ်းသာအောင်အထောက်အပံ့ပေးနိုင်တဲ့ အလေ့အကျင့်တွေ ရှိနေတာ ကြောင့်ပဲ ဖြစ်ပါတယ်။ဒီအလေ့အကျင့်တွေကပဲ ဆင်းရဲချမ်းသာကို ကွာခြားသွားစေနိုင်တာပါ။    ပေးကမ်းခြင်းနဲ့ မျှဝေခြင်းက လူချမ်းသာတွေရဲ့ ခံယူချက်ဖြစ်တယ်။ အရင်ဆုံးပေးကမ်းစွန့်ကြဲပါ။ လူချမ်းသာတွေရဲ့ ၇၉ ရာခိုင် နှုန်းဟာ လူမှုရေးလုပ်ငန်းတွေ၊ပရဟိတနဲ့ အလှူအတန်းတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လေ့ရှိကြပါတယ်။ လူချမ်းသာ တွေဟာသူတို့ရဲ့ အချိန်၊ ငွေနဲ့ ကျွမ်းကျင်မှုကို အများအကျိုးအတွက်စွန့်လွှတ်အသုံးချတတ်ကြပါတယ်။ ဒီလို ပြောလို့ ပိုင်ဆိုင်သမျှ လျှောက်ပေးကမ်းပစ်ဖို့ဆိုလိုတာမဟုတ်ပါဘူး။ တတ်နိုင်သမျှ ဘောင်ထဲကနေ ပေးကမ်းလှူဒါန်းဖို့ကို ဆိုလိုပါတယ်။

    3 min
  4. HACE 4 DÍAS

    Find out how much you can earn. Spend less than you can earn. Increase revenue. Save Money to buy something, don't buy on credit. Collect an emergency fund.

    ဝင်ငွေကို တိုးမြှင့်ပါ။သင့်ရဲ့ အသုံးစရိတ်ကိုစိစစ်ချွေတာနေပေမယ့် မလောက်မငှဖြစ်နေတယ်ဆိုရင်တော့ ဝင်ငွေထပ်ရှာဖို့ လိုနေတာပါပြီ။လက်ရှိအလုပ်ထက် ဝင်ငွေပိုကောင်းတဲ့ အလုပ်ကို ပြောင်းလုပ်ပါ။ ဒါမှမဟုတ်ဘေးပေါက်အလုပ်တွေ ထပ်လုပ်ပါ။ သူဌေးသုံး သုံးဖို့ မစဉ်းစားပါနဲ့။ သင့်ပတ်ဝန်းကျင်ကလူတွေ နေထိုင်စားသောက် သလို၊ နာမည်ကျော်တွေရဲ့ နေထိုင်မှုပုံစံမျိုးကို အားကျပြီးလိုက်သုံးနေသ၍ သင့်မှာ ငွေပိုငွေလျှံ ရှိလာမှာမဟုတ်ပါဘူး။ ရှာနိုင်တာထက်လျှော့သုံးဖို့လည်း မဖြစ်နိုင်သလို အကြွေး တွေပါ တင်လာနိုင်ပါတယ်။ ချမ်းသာချင် ယောင်ဆောင်တာ၊လူအထင်ကြီးအောင် သုံးစွဲတာက နောက်ဆုံးမှာ ငွေကြေးအခက်အခဲ တွေနဲ့ပဲရင်ဆိုင်ရမှာဖြစ်ပါတယ်။ တစ်ခုခုဝယ်ဖို့ စုဆောင်းပါ အကြွေးနဲ့မဝယ်ပါနဲ့။ တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတစ်ခုခုဝယ်ချင်တယ်ဆိုရင် လိုအပ်တဲ့ ငွေပမာဏ ရသည်အထိ စုဆောင်းပြီးမှ ဝယ်သင့်ပါတယ်။ တကယ်မရှိသေးတဲ့ငွေကြေးနဲ့ အကြွေးတင်ခံပြီး ဝယ်တာက အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ လစဉ် ဝင်ငွေထဲကပမာဏတစ်ခုကို ဖယ်ထားပြီး စုဆောင်းထားပါ။ အရေးပေါ်ရန်ပုံငွေစုဆောင်းပါ။အရေးပေါ်အခြေအနေတွေ တွေ့ကြုံတဲ့အခါ သုံးစွဲစရာ ငွေကြေးရှိဖို့လိုပါတယ်။ ဒါ့ကြောင့် လစဉ်ဝင်ငွေထဲက ပမာဏ တစ်ခု အရေးပေါ်ရန်ပုံငွေအဖြစ် စုဆောင်းထားသင့်ပါတယ်။

    3 min
  5. HACE 5 DÍAS

    If you don't dare to sacrifice now, you often have to pay more. You need to believe in the ability to fly.

    အခုအနစ်နာမခံရဲရင် တစ်ချိန်ပိုပေးဆပ်ရတတ်တယ်။ အခုချိန်မှာခက်မှာကြောက်ပြီး အချိန်ဆွဲနေတဲ့ အလုပ်တွေက နောက် ပိုခက်လာဖို့ပဲ ရှိတယ်။ အလေ့အကျင့်ဆိုးတွေအချိန်မီမဖျက်တဲ့အခါ အမြစ်တွယ်သွားတတ်တယ်။ အဆိပ်အတောက်ဖြစ်တဲ့ ဆက်ဆံရေးတွေကမရုန်းထွက်တဲ့အခါ ပြင်မရအောင် ဆုတ်ယုတ်သွားတတ်တယ်။နေ့စဉ် သမိုင်းပေးတာဝန်မကျေပွန်တဲ့အခါ အချိန်လွန်မှ ဒုက္ခများစွာနဲ့ တိုးတက်မှု‌အကြွေး ပြန်ဆပ်ရတတ်တယ်။                                                                             အလုပ်တစ်ခုကို တစ်နေ့လုပ်မယ်လို့ ကိုယ့်ကိုယ်ကိုပြန်လိမ်နေတာ အခုချိန်မှာ နေလို့ကောင်းတယ်။ ဒါပေမယ့် အချိန်စေ့ရင် ကံကြမ္မာကကိုယ်ပျက်ကွက်ခဲ့သမျှအတွက် အတိုးချပြီး ထိုးနှက်လိမ့်မယ်။ အခု အနစ်နာမခံခဲ့တဲ့အတွက်တစ်နေ့ ဒီထက်ပို ပေးဆပ်ဖို့ လောကဓံက တောင်းဆိုလာလိမ့်မယ်။ဒါကြောင့် မကောင်းတဲ့အကျင့်တွေရှိရင် အပင်ငယ်တုန်းမှာ နှုတ်ပစ်၊ ပျော့ညံ့ တဲ့သူ မဖြစ်ခင် Comfort Zone က ရုန်းထွက်ဖို့လိုတယ်။

    3 min
  6. HACE 6 DÍAS

    You have to find a way to be calm and successful in order to get rid of discouragement. If you want to be sure of success, try daily.

    ဒီစကားကတော့ ကိုယ့်ကိုယ်ကိုယ်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့ အရမ်းနှိုင်းယှဉ်မိပြီး နောက်ကျကျန်ခဲ့သလို ခံစားနေရတဲ့သူတို့ အတွက် ရည်ရွယ်ပါတယ်။ အဲဒီလို နှိုင်းယှဉ်မိတာနဲ့ Self-Esteem လို့ခေါ်တဲ့ မိမိကိုယ်ကိုယ် တန်ဖိုးထားနှုန်းတွေ လျော့ကျသွား တတ်ပါတယ်။ဒါဆိုရင် ဘယ်လိုပြန်မြှင့်တင်ရမလဲ?         Self-Esteem ကျဆင်းမှုက ကိုယ့်ရဲ့ ဘဝတစ်ခုလုံးအပေါ်အကျိုးသက်ရောက်မှု အားများပြီး မိသားစုနဲ့ ဆက်ဆံရေး၊ ချစ်ခင်သူ တွေနဲ့ ပြောဆိုမှု၊အလုပ်အကိုင်အပြင် ကိုယ်နဲ့ စိတ်ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်ကိုယ့်မှာ Self-Esteem ကျဆင်း လာတဲ့အချိန်တိုင်း အရင်ဆုံးအနေနဲ့ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပါ။ကိုယ့်ရဲ့ အားငယ်စိတ်က ဘာလို့ဖြစ်လာတာလဲ? ဘယ်တုန်း ကတည်းက စဖြစ်ချင်နေတာလဲ အစရှိတဲ့မေးခွန်းတွေမေးပါ။ဥပမာ - ကိုယ့်မိဘတွေက သူငယ်ချင်းတွေနဲ့ အင်မတန် နှိုင်းပြောခဲ့လို့၊ ငယ်ငယ်တုန်းကအစခံရဖူးလို့၊ အစရှိသဖြင့် Trauma ရှိခဲ့လားပြန်သုံးသပ်ပါ။ အကယ်၍ ရှိခဲ့မယ်ဆိုရင် ဒီ စိတ်ထိခိုက်မှုကို ဘယ်လိုမျိုးကုသမလဲဆိုတာ ရှာလို့ရပါပြီ။

    3 min
  7. 26 SEP

    When we love a person, we don't own their whole life. We need personal freedom as well as our loved ones.

    တစ်စုံတစ်ယောက်ကို ပိုင်ဆိုင် လက်တွဲခွင့်ရတယ်ဆိုတိုင်း အဲ့ဒီလူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး၊ အချိန်တွေ အကုန်လုံးကိုပိုင်ဆိုင်သွားတယ်လို့ မဆိုလိုပါဘူး။ ချစ်သူ ရည်းစားတွေကြားမှာ အဆင်မပြေ ဖြစ်စေတဲ့အရာတစ်ခုက ဒီလူတစ်ယောက်က ကိုယ့်ကိုချစ်တယ်၊ သူ့ကို ပိုင်ဆိုင်ခွင့်ရတယ်ဆိုင်တိုင်းသူ့ရဲ့ ဘ၀တွေ၊ အချိန်တွေ၊ လွတ်လပ်ခွင့်တွေ အကုန်လုံးကို ပိုင်စိုးခြယ် လှယ်ချင်တဲ့ပြဿနာပါ။ အစပိုင်းတော့ သိပ် မသိသာပေမယ့် ရေရှည်မှာ ဘယ်လိုမှအဆင်မပြေပါဘူး။       Relationship တစ်ခု သာယာအဆင်ပြေဖို့ ဆိုတာက Personal Spaceကလည်း အရေးကြီးပါတယ်။ Relationship တွေမှာတစ်ယောက်ကို တစ်ယောက် ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ပေးတယ်ဆိုတာကတစ်ယောက်ကို တစ်ယောက် လေးစားမှု ကို ပြသရာ ရောက်သလို toxic မဆန်တဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြရာလည်းရောက်ပါတယ်။ယောက်ျားလေးဖြစ်စေ၊ မိန်းကလေး ဖြစ်စေ ဘယ်သူမဆို Personal Space ရှိဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ချင်းစီမှာ သူတို့ ကိုယ်ပိုင်လွတ်လပ်ခွင့် တွေ ရှိတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းတာ၊ ကိုယ့်ရဲ့၀ါသနာပါရာ အလုပ်တွေ လုပ်တာ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ကုန် ဆုံးတာ၊ဒါမှမဟုတ်လည်း တစ်ယောက်တည်း အနားယူချင်တာမျိုး စသဖြင့်ပေါ့။ ကိုယ့်ရဲ့ချစ်သူရည်းစားနဲ့ တပူးတွဲတွဲ မဟုတ်ဘဲ သူတို့ဘ၀လေးနဲ့သူတို့ လုပ်ချင်၊ နေချင်တဲ့အရာတွေရှိပါတယ်။

    3 min
  8. 25 SEP

    If you don't want to worry about future financial problems, you need to get rid of bad habits from now on and live with good financial habits.

    ကျွန်တော်တို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာ 40% ကအလိုအလျောက် လုပ်ဖြစ်နေတဲ့အကျင့်တွေပဲ ဖြစ်ပါတယ်။ အကျင့်တွေက ကျွန်တော်တို့ဘဝတွေကိုလွှမ်းမိုးနေတာဖြစ်တဲ့အတွက် ဒီအကျင့်တွေက မကောင်းတဲ့ အကျင့်ဆိုးတွေ ဖြစ်မနေဖို့အရေးကြီး ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင်လည်း မကောင်းတဲ့ အကျင့်ဆိုးတွေ ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ဒီအကျင့် ဆိုးတွေကို မရှောင်ရှားနိုင်ရင် ငွေရေးကြေးရေးအရအခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။                                                                     လူအများစုက မဖြစ်မနေလိုအပ်တဲ့ပစ္စည်း (အခြေခံစားဝတ်နေရေး)ထက် မဖြစ်မနေ မလိုအပ်တဲ့ပစ္စည်းတွေမှာ ငွေပိုသုံးလေ့ ရှိကြ တယ်။ မဖြစ်မနေမလိုအပ်တဲ့ ပစ္စည်းတွေမှာ ‌ငွေသုံးတယ်ဆိုတာ အခြေခံစားဝတ်နေရေးအတွက် မဟုတ်တဲ့‌နေရာတွေမှာငွေသုံး တာကို ဆိုလိုတာပဲ ဖြစ်တယ်။ မဖြစ်မနေမလိုအပ်တဲ့ ပစ္စည်းတွေမှာ ‌ငွေသုံးတာပိုများတာကPersonal Finance ကို အလေးမထား ရာရောက်ပြီး အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုမရှိတာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အနာဂတ်မှာ ငွေရေး ကြေးရေးကိုစိတ်မပူရတဲ့သူ ဖြစ်ချင်ရင်တော့ ဉာဏ်ကိုလွှာပြီး ငွေသုံးတတ်တဲ့အကျင့်ကိုမွေးမြူထားဖို့ လိုပါလိမ့်မယ်။

    3 min

Acerca de

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။