Z-Lann

Z-Lann

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

  1. နွယ်အပင် တွယ်ငင်တဲ့ ခွာညို

    2D AGO

    နွယ်အပင် တွယ်ငင်တဲ့ ခွာညို

    မြူနှင်းဝေတဲ့ ပြာသိုလမှာ ငွေနှင်းစိုစိုနဲ့ ဖူးပွင့်လာတတ်တဲ့ 'ခွာညိုပန်း' လေးတွေဟာ မြန်မာ့ဆောင်းရာသီရဲ့ အလှပဆုံးသော ရာသီပန်းလေးတွေပဲ ဖြစ်ပါတယ်။ဖိုးသူတော်ဦးမင်းရဲ့ ကဗျာစာသားတွေထဲမှာ ကျော်ကြားလှတဲ့ ခွာညိုပန်းလေးတွေဟာ အိန္ဒိယနိုင်ငံကနေ စတင် ပေါက်ရောက်ခဲ့ပြီး အခုဆိုရင်တော့ မြန်မာ့ပြာသိုလရဲ့ ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။ ရှားပါးလှတဲ့ ခရမ်းရင့်ရောင် ပွင့်ရွက်လွှာလေးတွေနဲ့အတူ စူးရှထင်ရှားတဲ့ ရနံ့ကို ပိုင်ဆိုင်ထားတာကြောင့်လည်း ရှေးစာဆိုတွေက 'ခွံညို' လို့တောင် မြတ်မြတ်နိုးနိုး ခေါ်ဝေါ်ခဲ့ကြပါတယ်။ဒီနေ့မှာတော့ တန်ဖိုးမမြင့်ပေမဲ့ အဆင်း၊ အနံ့နဲ့ ဆေးဘက်ဝင်မှုတွေကြောင့် ဘုရားမှာလည်း ကပ်လှူ၊ ပန်ဆင်သူကိုလည်း လန်းဆန်းစေတဲ့ 'ခွာညိုပန်း' တို့ရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #နွယ်အပင်တွယ်ငင်တဲ့ခွာညို #ခွာညိုပန်း #flowers #clematissmilacifolia

    5 min
  2. "မွှေးရနံ့သင်းထုံ ပင်လုံးကြိုင်စုံ"

    MAR 5

    "မွှေးရနံ့သင်းထုံ ပင်လုံးကြိုင်စုံ"

    စက်တင်ဘာရဲ့ ဆောင်းဦးလေအေးလေး တိုက်ခတ်လာပြီဆိုတာနဲ့ တရုတ်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အလွန် ချိုမြိန်လွန်းတဲ့ ပန်းရနံ့တစ်ခုက လေထဲမှာ ပျံ့လွင့်လို့လာပါတယ်။ ဒီရနံ့ဟာ ဘယ်လောက်တောင် စွဲမက်စရာ ကောင်းသလဲဆိုရင် သူ့ကို 'ဆောင်းဦးရနံ့ရဲ့ ဘုရင်' လို့တောင် အသိအမှတ်ပြုထားကြပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံရဲ့ ဂုဏ်ယူစရာ ပန်းမျိုးစိတ် (၁၀) မျိုးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ 'ပင်လုံးကြိုင်ပန်း' ဒါမှမဟုတ် 'ကွေ့ဟွား' ပဲ ဖြစ်ပါတယ်။   #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #မွှေးရနံ့သင်းထုံပင်လုံးကြိုင်စုံ #ပင်လုံးကြိုင်ပန်း #flowers #osmanthusfragrans #sweetosmanthus

    10 min
  3. ပန်းတို့ရဲ့ဘုရင်မ ပီအိုနီအလှ

    FEB 26

    ပန်းတို့ရဲ့ဘုရင်မ ပီအိုနီအလှ

    ပန်းမျိုးစုံ အပြိုင်အဆိုင် ပွင့်လန်းကြတဲ့ နွေဦးကာလမှာ အလှချင်းပြိုင်စရာမလိုဘဲ သူ့ရဲ့အရောင်အဆင်းနဲ့ ရနံ့ကြောင့်ထင်ရှားထူးခြားတဲ့  ပန်းတစ်မျိုးရှိပါတယ်။အဲဒါကတော့ "ပန်းတို့ရဲ့ဘုရင်မ" လို့ တင်စားကြတဲ့ “ပီအိုနီပန်း (Peony)” ပဲ ဖြစ်ပါတယ်။ တရုတ်ဘာသာနဲ့ “မူသန်းဟွား” လို့ ခေါ်တဲ့ ဒီပီအိုနီပန်းလေးတွေဟာ မင်္ဂလာရှိခြင်း၊ ကြွယ်ဝချမ်းသာခြင်းနဲ့ ချမ်းမြေ့ခြင်းကို ဆောင်ယူပေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ အစီအစဉ်လေးကနေ တရုတ်နိုင်ငံရဲ့ ကျက်သရေဆောင်ဖြစ်တဲ့“ပန်းတို့ရဲ့ဘုရင်မ  ပီအိုနီအလှ” ကို တင်ဆက်ပေးသွားမှာဖြစ်လို့ ဇာတ်လမ်းပေ့ချ်လေးကို Like & Follow လုပ်ရင်း စောင့်မျှော်ကြည့်ရှုအားပေးကြနိုင်ပါပြီခင်ဗျ။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပီအိုနီအလှ #ပန်းတို့ရဲ့ဘုရင်မပီအိုနီအလှ #peony #peonyflower

    9 min
  4. ဆောင်းဦးရဲ့ ရွှေဝါရောင် နတ်သမီး

    FEB 20

    ဆောင်းဦးရဲ့ ရွှေဝါရောင် နတ်သမီး

    အေးမြတဲ့ဆောင်းဦးလေလေး တိုက်ခတ်လာချိန်၊ ခပ်ရဲရဲပင်လုံးကြိုင်တွေ မွှေးပျံ့တဲ့အချိန်ရောက်ရင် ဂန္ဓမာပန်းတွေလည်း ပွင့်လန်းလို့လာပါပြီ။ ဂန္ဓမာပန်းကို မြန်မာနိုင်ငံမှာ မသိသူမရှိလောက်ပါဘူး။ ဂန္ဓမာပန်းဟာ အမျိုးအစားစုံလင်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး၊ အရောင်အသွေးအဖုံဖုံ ရှိကြပါတယ်။ တချို့ဂန္ဓမာပန်းတွေဟာ ချည်မျှင်လိုရှည်လျားတဲ့ ပွင့်ဖတ်တွေရှိပြီး၊ တချို့အပွင့်တွေကတော့ လက်ဝါး အရွယ်လောက်ထိ စွင့်ကားကြီးမားကြတယ်။ တချို့က ရွှေရောင်လို ဝင်းလက်တောက်ပပြီး၊ တချို့က နှင်းလို ဖြူဖွေးနေကြတယ်။ ဒီလိုဂန္ဓမာပန်းအမျိုးအစားတွေအမျိုးအစားတွေအများကြီးထဲမှ ဒီနေ့မှာတော့ တရုတ်နိုင်ငံရဲ့ “မြင့်မြတ်တဲ့ ပန်းလေးမျိုး”ထဲက တစ်မျိုးဖြစ်တဲ့ “菊花”ခေါ် “ဂန္ဓမာပန်း”အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ဆောင်းဦးရဲ့ ရွှေဝါရောင်နတ်သမီး #ဂန္ဓမာပန်း #菊花 #chrysanthemumflower #chrysanthemumflowers

    10 min
  5. လှသွေးစုံသည် ကြာမျိုးဂုဏ်ညီ

    FEB 18

    လှသွေးစုံသည် ကြာမျိုးဂုဏ်ညီ

    ကြာပန်းဟာ ကျေးလက်လယ်ကွင်းပြင်ထဲမှာပဲ ဖူးပွင့်နေပါစေ၊ စေတီပုထိုးတွေမှာပဲ ကပ်လှူပူဇော်ထားပါစေ၊ မြင်သူတိုင်းကို အေးချမ်းတဲ့ အလှတရားနဲ့ ကျက်သရေရှိစေတဲ့ ပန်းမျိုးပါ။ အထူးသဖြင့် ပဒုမ္မာကြာဆိုရင်တော့ အဖူး၊ အပွင့်၊ အရိုး၊ အရွက်ကအစ အမြစ်နဲ့ အစေ့အထိ ပဉ္စာ (၅) ပါးလုံး ဆေးဖက်ဝင်သလို စားသုံးလို့လည်းရတဲ့ အဖိုးတန်အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒီလိုအသုံးဝင်ပုံများလှတဲ့ ကြာပန်းလေးတွေရဲ့ အဆင်းနဲ့ အချင်း အကြောင်းအရာတွေကို "ဇာတ်လမ်း Z-Lann" ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ အသေးစိတ် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ဇာတ်လမ်း #လှသွေးစုံသည်ကြာမျိုးဂုဏ်ညီ #ကြာပန်း #ပဒုမ္မာကြာ #ကြာဖြူ #ကြာနီ #ကြာညို  #LotusFlower #NatureBeauty

    7 min
  6. "ဆောင်းအလှတိုးပန်း ရေနတ်သမီး"

    FEB 13

    "ဆောင်းအလှတိုးပန်း ရေနတ်သမီး"

    အေးစက်လှတဲ့ ဆောင်းရာသီရဲ့ အလယ် ဒီဇင်ဘာကနေ ဖေဖော်ဝါရီလအတွင်းမှာ ငွေစင်ရောင် ပွင့်ဖတ် လွှာတွေကြားထဲကနေ ရွှေဝါရောင်ခွက်ငယ်လေးတစ်ခု ဝင်းပလာသလို ထူးထူးခြားခြား ပွင့်လန်းတတ်တဲ့ ပန်းလေးတစ်မျိုး ရှိပါတယ်။ အဲ့ဒီပန်းလေးဟာ ငွေရောင်ပလ္လင်ပေါ်မှာ ရွှေခွက်တင်ထားသလို အလှချင်းပြိုင် နေတာကြောင့် 'ရွှေခွက်ငွေပလ္လင်' လို့လည်း လူသိများကြတဲ့ 'ရေနတ်သမီးပန်း' ပဲ ဖြစ်ပါတယ်။ ရှေးစာဆိုတွေကတော့ ဒီပန်းလေးရဲ့ သန့်ရှင်းစင်ကြယ်တဲ့ အလှတရားကို 'လှိုင်းထဲက နတ်သမီး' လို့ တင်စား ချီးကျူးခဲ့ကြပါတယ်။ နှစ်ပေါင်း ၁၀၀၀ ကျော် သမိုင်းကြောင်းရှိခဲ့တဲ့ ဒီပန်းလေးဟာ တရုတ်နှစ်သစ်ကူး ကာလမှာ မင်္ဂလာရှိခြင်း၊ စည်ပင်သာယာခြင်းနဲ့ 'အဟောင်းကိုစွန့်လို့ အသစ်ကိုကြိုဆိုခြင်း' ဆိုတဲ့ နိမိတ်ကောင်းတွေကို ဆောင်ယူလာပေးတတ်ပါတယ်။ ဒီပန်းလေးနဲ့ပက်သတ်ပြီး ဒဏ္ဍာရီထဲမှာတော့ လူသားနဲ့ ချစ်ကြိုက်မိလို့ နတ်ပြည်ကိုစွန့်ပြီး လူ့လောကကို ဆင်းသက်လာခဲ့တဲ့ နတ်သမီးလေးတစ်ပါးအဖြစ် ယုံကြည်ခဲ့ကြသလို၊ ဆေးဘက်ဝင် ဂုဏ်သတ္တိတွေကြောင့် လည်း ယနေ့တိုင် တန်ဖိုးထားနေကြဆဲပါ။ ဒီနေ့မှာတော့ ဖူကျန့်ပြည်နယ်ရဲ့ ဂုဏ်ယူစရာ သင်္ကေတတစ်ခုဖြစ်သလို နှစ်သစ်ကူးရဲ့ ပျော်ရွှင်မှုတွေကို ရနံ့သင်းသင်းလေးနဲ့ သယ်ဆောင်လာပေးမယ့် 'ရေနတ်သမီးပန်း'လေး အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ဆောင်းအလှတိုးပန်း ရေနတ်သမီး

    6 min
  7. "ပန်းရဲ့မာန နှင်းဆီပြဆို"

    FEB 10

    "ပန်းရဲ့မာန နှင်းဆီပြဆို"

    ဂီတနက်သန်ကိုစောညိန်းရဲ့ ချစ်ပြုံးနှင်းဆီ သီချင်းသံလေး ကြားလိုက်ရတိုင်း၊ ဆံနွယ်ထက်မှာ ဂုဏ်တင့် တယ်ဆိုတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို ဖတ်မိတိုင်း  ကျွန်တော်တို့ရင်ထဲကို အရင်ဆုံး ရောက်မိတာက 'နှင်းဆီ' ပါပဲ။  နှင်းဆီဟာ ဂန္တဝင်ဆန်တယ်၊ သင်းပျံ့မူးဖွယ်ကောင်းတယ်၊ ဆွဲဆောင်မှုအားပြင်းတယ်။ နှင်းဆီကို ပန်းတို့ရဲ့ဘုရင် မလို့ တင်စားခေါ်ဝေါ်ကြသလို ချစ်ခြင်းရဲ့သင်္ကေတလို့ သတ်မှတ်ကြပါတယ်။  ဒီလို ဂန္ထဝင်ဆန်လှတဲ့ နှင်းဆီပန်းတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၀ ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး၊ ကလီယိုပတ်ထရာ ဘုရင်မကြီးကနေ ရောမဧကရာဇ်တွေအထိ ခေတ်အဆက်ဆက်မှာ ချမ်းသာကြွယ်ဝမှုနဲ့ ထာဝရအချစ်ရဲ့ သင်္ကေတအဖြစ် တန်ဖိုးထားခြင်း ခံခဲ့ရပါတယ်။ ဒီနေ့မှာတော့ အချစ်နဲ့ အလှအပရေးရာတွေမှာတင်မကဘဲ ရှေးဟောင်းဒဏ္ဍာရီတွေနဲ့ အနုပညာနယ်ပယ်အထိ နာမည်ကြီးလူကြိုက်များတဲ့ နှင်းဆီပန်းအကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပန်းရဲ့မာန နှင်းဆီပြဆို

    9 min
  8. "ကျူးလစ်ရောင်စုံ အဓိပ္ပာယ် အဖုံဖုံ"

    FEB 7

    "ကျူးလစ်ရောင်စုံ အဓိပ္ပာယ် အဖုံဖုံ"

    နှင်းဆီပြီးရင် အချစ်ရဲ့ သင်္ကေတလို့ နာမည်ကြီးတာက ကျူးလစ်ပန်းလေးတွေပါ။ ကျူးလစ်ပန်းလို့ပြောလိုက်ရင် နယ်သာလန် ကျေးလက်ဒေသတစ်လျှောက်က စိမ်းလန်းစိုပြေတဲ့ ကျူလစ်ပန်းခင်းကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။  ကျူးလစ်ပန်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းအချက်အလက်တစ်ခုက မြန်မာ့သမိုင်းမှာ သဇင်ပန်းတွေဟာ တန်ဖိုးကြီးသလို ရှေးခေတ်ကမ္ဘာ့သမိုင်းမှာလည်း ကျူးလစ်ပန်းတွေက ဈေးအကြီးဆုံး ၊ တန်ဖိုးအကြီးဆုံးပန်း တွေ ဖြစ်ခဲ့ကြပါတယ်တဲ့။အဲ့ဒီခေတ်မှာ ကျူးလစ်ပန်းတွေဟာ ရွှေထက်ပိုတန်ဖိုးကြီးလာခဲ့ပြီး လူတွေဟာ မြေတွေ၊အိမ်တွေ၊ စက်ရုံတွေရောင်းချရင်း ကျူးလစ်ပန်းတွေကိုအလုအယက်ဝယ်ယူခဲ့ကြတဲ့ဖြစ်ရပ်အထိ ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။  ဘာကြောင့်များ အဲဒီခေတ်က လူတွေဟာ ကျူးလစ်ပန်းလေးတစ်ပွင့်ကို ပိုင်ဆိုင်ရဖို့အတွက် ပိုင်ဆိုင်သမျှအ ရာအားလုံးကို ပုံအောရောင်းချကြတာလဲဆိုတာကို သိချင်ကြရင်တော့ ဇာတ်လမ်း Z-Lannရဲ့ “ရာသီမ သိပန်းနဲ့ညှိ”အစီအစဉ်လေးမှာ ၀င်ရောက်နားစဥ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

    6 min

Ratings & Reviews

5
out of 5
3 Ratings

About

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

You Might Also Like