Z-Lann

Z-Lann

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

  1. "ပွင့်ကြူ ရွက်သင်း လာဗန်ဒါပန်းခင်း"

    5D AGO

    "ပွင့်ကြူ ရွက်သင်း လာဗန်ဒါပန်းခင်း"

    ခရမ်းရောင်လှိုင်းလုံးကြီးတွေလို ဝေဆာနေတဲ့ လာဗန်ဒါ (Lavender) ပန်းလေးတွေဟာ သန့်စင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပါတယ်။ လက်တင်ဘာသာစကား "Lavare" (သန့်စင်ခြင်း) ကနေ ဆင်းသက်လာတဲ့ လာဗန်ဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ရှေးအီဂျစ်နဲ့ ရောမလူမျိုးတွေက နံ့သာဆီနဲ့ အမွှေးနံ့သာ ကုထုံးတွေမှာ အသုံးပြုခဲ့ကြပါတယ်။ သမိုင်းအထောက်အထားအရ တူတန်ခါမန်ရဲ့ ဂူသင်္ချိုင်းကို ဖွင့်လှစ်ချိန်မှာတောင် လာဗန်ဒါပန်းရဲ့ သင်းပျံ့တဲ့ရနံ့ကို ရရှိနေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။ယနေ့ခေတ်မှာလည်း လာဗန်ဒါပန်းရနံ့ကို စိတ်ဖိစီးမှုလျှော့ချဖို့နဲ့ အပန်းဖြေဖို့အတွက် ရေမွှေး၊ ဆေးဝါးနဲ့ Aromatherapy တို့မှာ အဓိက အသုံးပြုနေကြပါတယ်။ ဒီတစ်ခါ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ "ပွင့်ကြူရွက်သင်း လာဗန်ဒါပန်းခင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ လာဗန်ဒါပန်းလေးတွေရဲ့ ထူးခြားတဲ့ သမိုင်းကြောင်းနဲ့ စိတ်ဝင်စားဖွယ် ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပွင့်ကြူရွက်သင်းလာဗန်ဒါပန်းခင်း #Lavender #လာဗန်ဒါ

    6 min
  2. "ရဂုံနန်း ပန်းတောထဲက သစ်ခွ"

    6D AGO

    "ရဂုံနန်း ပန်းတောထဲက သစ်ခွ"

    ဒီနေ့ ဇာတ်လမ်း Z-Lann Page လေးကနေ ရောင်စုံလိပ်ပြာလေးတွေလို အလှကြွယ်တဲ့ သစ်ခွပန်းလေးတွေရဲ့ ထူးခြားတဲ့ သဘာဝ၊ ပုံပန်းသဏ္ဌာန်နဲ့ အဆင်အသွေးတို့အကြောင်းကို ပြောပြပေးချင်ပါတယ်။ သစ်ခွပန်းဟာ ကမ္ဘာ့ပန်းလောကမှာ တန်ဖိုးအထားရဆုံးနဲ့ ဈေးအမြင့်ဆုံး ပေးရတတ်တဲ့ ပန်းတစ်မျိုး ဖြစ်ပါတယ်။မြန်မာစာပေအဆိုအရ ရှေးမြန်မာမင်းများလက်ထက်မှာ သစ်ခွမျိုးနွယ်ဝင်ဖြစ်တဲ့ "သဇင်ပန်း" ကို “ပန်းများဘုရင်” လို့ ချီးကျူးခေါ်ဝေါ်ကြပြီး တော်ဝင်ပန်းမြတ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီတစ်ခါ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကောင်းလေးကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာလေးကတော့ “ရဂုံနန်း ပန်းတောထဲက သစ်ခွ” ဆိုတဲ့ သစ်ခွပန်းလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ရဂုံနန်းပန်းတောထဲကသစ်ခွ #သစ်ခွ #သဇင်ပန်း #ပန်းများဘုရင် #မြန်မာ့ပန်း #Orchid #MyanmarOrchids #RoyalFlower

    7 min
  3. " ဝတ်ဆံဝါ အဖြူပွင့် သရဖီတင့်တဲ့ဂုဏ် "

    12/23/2025

    " ဝတ်ဆံဝါ အဖြူပွင့် သရဖီတင့်တဲ့ဂုဏ် "

    တပေါင်းလဟာ မြန်မာနှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်။ ဒီလို တပေါင်းလရောက်ရင် သရဖီပန်းတွေဟာ လှိုင်လှိုင်ဖူးပွင့်ကြပါတယ်။ ဒါကြောင့်လည်း ရှေးမြန်မာစာဆိုကြီးတွေရဲ့ တပေါင်းလရာသီဘွဲ့ ကဗျာ၊ ဝတ္ထု၊ လင်္ကာတွေမှာ သင်းပျံ့တဲ့ သရဖီပန်းအကြောင်းကို ထည့်သွင်းစပ်ဆိုခဲ့ကြပါတယ်။တပေါင်းလရဲ့ ရာသီပန်းဖြစ်တဲ့ ရွှေရောင်သရဖီပန်းတို့ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဗဟုသုတအကြောင်းအရာလေးတွေကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” ဆိုတဲ့ အစီအစဉ်လေးကနေ တင်ဆက်ပေးမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #တပေါင်းလ #သရဖီပန်း #မြန်မာ့ရာသီပန်း #ဗဟုသုတ #SeasonalFlowers #TharaphiFlower

    5 min
  4. "လီလီအလှ ပွင့်ဖတ်ကခို"

    12/21/2025

    "လီလီအလှ ပွင့်ဖတ်ကခို"

    ပန်းတွေဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ ဘာသာစကားတွေကို အလှပဆုံး ကိုယ်စားပြုပေးနိုင်တဲ့ သဘာဝရဲ့ လက်ဆောင်မွန်တွေပဲ ဖြစ်ပါတယ်။ ပန်းတစ်မျိုးချင်းစီမှာ သူ့ရဲ့ သမိုင်းကြောင်းတွေနဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ် ကိုယ်စီ ရှိကြပါတယ်။ဥပမာအနေနဲ့ ပြောရရင်... သိမ်မွေ့မှု၊ စင်ကြယ်မှုနဲ့ ဖြူစင်တဲ့ အချစ်တွေကို ဖော်ပြချင်တဲ့အခါမှာ လူသားတွေဟာ “လီလီပန်း (Lily)” လေးတွေကို အသုံးပြုလေ့ရှိကြပါတယ်။ အရောင်အသွေး စုံလင်ပြီး ပွင့်ဖတ်ကလေးတွေရဲ့ အလှမှာ မှီခိုနေတဲ့ လီလီပန်းလေးတွေဟာ ကမ္ဘာတစ်ဝန်းက ယဉ်ကျေးမှုတွေမှာ ကံကောင်းခြင်းနဲ့ သစ္စာရှိခြင်းရဲ့ ပြယုဂ် အဖြစ် ထင်ရှားကျော်ကြားလှပါတယ်။ ✨ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” ဆိုတဲ့ အစီအစဉ်ကနေ “လီလီအလှ ပွင့်ဖတ်ကခို” ဆိုတဲ့အတိုင်း လီလီပန်းလေးတွေရဲ့ ထူးခြားတဲ့ အလှတရားတွေနဲ့ ဒဏ္ဍာရီလာ သမိုင်းကြောင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #လီလီအလှပွင့်ဖတ်ကခို #လီလီပန်း #LilyFlower #FlowerMeaning #PodcastMyanmar #NatureBeauty

    9 min
  5. "ရွှေပိတောက် ဖြိုးမောက်တဲ့နွေ"

    12/18/2025

    "ရွှေပိတောက် ဖြိုးမောက်တဲ့နွေ"

    အတာကူးတဲ့ တန်ခူးလရောက်လာတဲ့အခါမှာ ရွှေဝါရောင် ပိတောက်ပန်းတွေနဲ့အတူ ကံ့ကော်ပန်း ၊ စွယ်တော်ပန်းနဲ့ ငုဝါပန်းတို့ဟာ အလှချင်းဆိုင် အပြိုင်ပွင့်ကြပါတယ်။ဒါပေမယ့် ရှေးပညာရှိတွေက မြန်မာ လူမျိုးတို့ရဲ့ ဆယ်နှစ်လ ရာသီပန်းတွေထဲမှာ ကံ့ကော်ပန်းကို တန်ခူးလရာသီပန်းအဖြစ် သတ်မှတ်ထားခဲ့ကြတယ် ဆိုပေမယ့် သင်္ကြန်နဲ့ ပိတောက် ၊ ပိတောက်နဲ့သင်္ကြန်ဟာ ခွဲထားလို့မရဘူးဆိုတာ လက်ခံရမှာပါ။တစ်နှစ်မှာ တစ်ခါသာပွင့်တဲ့ ပန်းပိတောက်တွေဟာ မိုးစက်မိုးပြောက်တွေကျလာတဲ့အချိန်မှာ ဝေဝေဆာဆာ ပွင့်တတ်ကြပြီး ပိတောက်ဟာ မိုးကိုမျှော်သလို တန်ခူးသင်္ကြန်ဟာ ပိတောက်ကိုမျှော်ပါတယ်။ဒီနေ့မှာတော့ ဇာတ်လမ်း Z- Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ အစီအစဉ်လေးကနေ မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအထိမ်း အမှတ်ဖြစ်တဲ့ ပိတောက်ပန်းလေးတွေအကြောင်းကို စိတ်ဝင်စားဖွယ် ပြောပြပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ရွှေပိတောက်ဖြိုးမောက်တဲ့နွေ #သင်္ကြန်နှင့်ပိတောက် #တန်ခူးလရာသီပန်း #ပိတောက်ပန်းအကြောင်း #မြန်မာ့ရိုးရာနှစ်သစ်ကူး #MyanmarThingyan #PadaukFlower

    6 min
  6. "မိုးသည်းရေပါ ခတ္တာလာရာလမ်း"

    12/14/2025

    "မိုးသည်းရေပါ ခတ္တာလာရာလမ်း"

    “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ စကားလေးအတိုင်း ခတ္တာပန်းလေးတွေ ဖူးပွင့်လာကြပြီဆိုရင် ဝါခေါင်လ ရောက်လာပြီဆိုတာကို သိနိုင်ပါတယ်။ တေးရေးဆရာ ကိုနေဝင်းရဲ့ "ခတ္တာ" သီချင်းလေးထဲမှာ "ဝါဆိုပန်း မင်းလွင် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ”ဆိုပြီး ရေးဖွဲ့ခဲ့ပါတယ်။ဒီစာသားလေးဟာ ဝါဆိုလရဲ့ ရာသီပန်းလေးတွေ ကြွေပြီးနောက်မှာ သိဟ်ရာသီ ဝါခေါင်လရဲ့ ရာသီပန်းလေးတွေ ဖြစ်တဲ့ ခတ္တာပန်းများ ပွင့်လန်းရောက်ရှိလာပုံကို ဖော်ကျူးထားခြင်းဖြစ်တာကြောင့်၊ ဝါခေါင်လရောက်တိုင်း ဒီတေးသွားလေးကို ကြားယောင်လာမိစေပါတယ်။သဲသဲမဲမဲနဲ့ ရွာနေတဲ့ မိုးရေတွေရဲ့ကြား ဖူးပွင့်အားယူ ပွင့်လန်းသူ ခတ္တာပန်းလေးတွေရဲ့ အလှအကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ အစီအစဉ်ကောင်းလေးဖြစ်တဲ့ “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ အစီအစဉ်လေးကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်လို့ ဝင်ရောက်ကြည့်ရှု့ နားဆင်နိုင်ပါပြီ။#Zlann_Podcast #ဇာတ်လမ်း #ခတ္တာပန်း #ဝါခေါင်လ #ရာသီပန်း #မြန်မာ့ယဉ်ကျေးမှု #တေးသီချင်း #ကိုနေဝင်း #ပန်းနှင့်ရာသီ #အစီအစဉ်ကောင်း

    5 min
  7. "ဖြူလွှ မွှေးမွှေး ပန်းမုလေး"

    12/11/2025

    "ဖြူလွှ မွှေးမွှေး ပန်းမုလေး"

    နွေသရုပ်ဟာ တစ်ဖန်၊ မိုးသဏ္ဌာန်မှာ အခါပြောင်း၊ နွေအနှောင်း မိုးကောင်းလို့ရွာတဲ့ကာလ၊ ဝါဆိုလမှာ မုလေးပန်းတွေ ဖူးပွင့်ကြပါတယ်။ မုလေးပန်းကို မုလေးပင်ကနေရရှိပြီး မြတ်လေးပန်းလို့လည်း ခေါ်ကြ ပါတယ်။ မုလေးပန်းရဲ့ ထူးခြားချက်က သူ့ကို ဆွတ်ခူးမယ့်သူ မရှိရင် မြေပေါ်ကိုကြွေမကျဘဲ နွမ်းခြောက်သွားတဲ့အထိ ပင်ယံထက်မှာပဲ တည်ရှိနေတတ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးတွေ ဣန္ဒြေသိက္ခာထိန်းသိမ်းကြရာမှာ “မြတ်လေးပန်းလိုကျင့်” ဆိုပြီး ခိုင်းနှိုင်းပြောဆိုကြခြင်းဖြစ်ပါတယ်။ဒီကနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ ရာသီမသိ ပန်းနဲ့ညှိ “ ဆိုတဲ့အစီအစဉ်လေးကနေ “ဖြူလွှ မွှေးမွှေး ပန်းမုလေး”ဆိုတဲ့ မုလေးပန်းလေးတွေရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမှာဖြစ်လို့ ဝင်ရောက်နားဆင်ခံစားနိုင်ပါပြီ။ ⁠#ZLann_Podcast⁠ ⁠#ရာသီမသိပန်းနဲ့ညှိ #ဖြူလွှမွှေးမွှေးပန်းမုလေး #မုလေးပန်း #မြတ်လေးပန်း

    5 min
  8. “ခုရေတွင်းတူး ခုရေကြည်သောက်”

    09/29/2025

    “ခုရေတွင်းတူး ခုရေကြည်သောက်”

    “ခုရေတွင်းတူး ခုရေကြည်သောက်” ဆိုတဲ့ စကားပုံကို သုံးပြီး လူကြီးသူမတွေ ဆုံးမစကားပြောတာကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒီစကားပုံလေးဟာ ရေတွင်းတူးပြီးပြီးချင်း ရေကြည်ကို ချက်ချင်း သောက်ချင်သလိုမျိုးပဲ လုပ်ငန်းတစ်ခုဆောင်ရွက်ပြီးတဲ့အခါ သင့်လျော်တဲ့ကာလအထိ မစောင့်ဆိုင်းနိုင်ဘဲ ချက်ချင်းအကျိုးခံစားချင်ပုံကို ဆိုလိုတာပါ။ ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “ခုရေတွင်းတူး ခုရေကြည်သောက်” ဆိုတဲ့ စကားပုံလေးဖြစ်ပေါ်လာပုံအကြောင်းကို ပရိသတ်ကြီးအတွက် စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ခုရေတွင်းတူးခုရေကြည်သောက် #Burmeseproverbs #proverbs

    5 min

Ratings & Reviews

5
out of 5
3 Ratings

About

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!