Shan Herald Agency for News (Burmese Edition)

မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့စစ်ဗုံး

မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့စစ်ဗုံး

စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ နယ်မြေပဋိပက္ခတွေကြောင့် ကြားထဲကနေ ပြည်သူတွေဟာ မြေစာပင်ဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရတာအများအပြားရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစ စစ်ကောင်စီဟာ သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တီးကျေးရွာထဲက စစ်ဘေးရှောင်တွေရှိနေတဲ့ မဇ္ဈိမာရာမ အလယ်ကျောင်းတိုက်ထဲကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂၀ ကျော်သေဆုံးသွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ၄၀ နီးပါးရှိပါတယ်။

သေဆုံးသွားတဲ့အထဲမှာ အသက် ၅ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေး (၆) ဦးသေဆုံးသွားခဲ့ပါတယ်။

ဒီထဲမှာ မိဘ နဲ့အဝေးမှာနေရတဲ့ အသက် ၁၃ နှစ်အရွယ် နန်းလွမ့်ခမ်းလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ ပဋိပက္ခတွေကြောင့် ကြားထဲမှာ ပြည်သူဘယ်လောက်ထိခိုက်နစ်နာသွားရလဲဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် အဆုံးထိနားဆင်းဖို့အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်။

ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။