Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.

  1. 15 SEPT

    ပိုးသတ်ဆေးနံ့အောက်မှာ အနာဂတ် လမ်းပျောက်သည့် — မြန်မာခြံလုပ်သားများ

    ပိုးသတ်ဆေးနံ့အောက်မှာ အနာဂတ် လမ်းပျောက်သည့် — မြန်မာခြံလုပ်သားများ ကိုယ်မြန်မာနိုင်ငံတွင်းမှာ အဆင်မပြေလို့ ထိုင်းနိုင်ငံကိုလာပြီး အလုပ်လုပ်ကိုင်ကြပေမဲ့လည်း ခွဲခြားဆက်ဆံတာ ၊ အလုပ်ကြမ်းတွေလုပ်ရတာ စတဲ့ ဒုက္ခတွေကြုံတွေ့နေကြရပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီး ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လူငယ်တွေကို ဖမ်းဆီးမှုတွေရှိလာတာကေကြာင့် လူငယ်အများစုဟာလည်း ရရာနည်းလမ်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြပါတယ်။ ဒီကြားထဲမှာလည်း သူများနိုင်ငံမှာ ဒုက္ခခံပြီ ဝမ်းရေအတွက် ဖြေရှင်းနေရပါတယ်။ဒါအပြင် ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းတွေမရှိတာကြောင့် ထိုင်းအစိုးရက သတ်မှတ်ပေးထားတဲ့ လုပ်အားခနှုန်းတွေလည်းမရရှိကြပါဘူး။ ဒီတစ်ပတ် Podcast ထဲမှာတော့ လိမ္မောခြံမှု အလုပ်လုပ်နေရတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဝမ်းစာဖြေရှင်းနေရပုံကို လာရောက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ အခုလာရောက်တင်ဆက်ပေးမဲ့ဆောင်းပါးကို စိုင်းဟန်လင်းက ရေးသားထားပြီ သျှမ်းသံတော်ဆင့်မှာ ဩဂုတ် ၂၈ ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ ။

    15 min
  2. 8 SEPT

    ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း

    ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း စစ်တပ်အာဏာသိမ်းနောက်ဆက်တွဲ ပြသာနာတွေဟာ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာ ၊ ဒေသတွင်း တာဝန်ယူမှုကင်းမဲ့လာတာ ၊ စီးပွားရေးကျဆင်းလာတာ ၊ CDM ပြုလုပ်သူတွေများလာတာကြောင့် အစိုးရယန္တရား ကောင်းကောင်းမလည်ပတ်နိုင်တော့တာ စတဲ့နည်းမျိုးစုံသောပြသာနာတွေဟာ ဖြစ်ပေါ်နေပါတယ်။ တရားဥပဒေစိုးမိုးမှုကင်းမဲ့လာခဲ့တာကြောင့် ခိုးယူလုယက်မှုတွေကလည်း ပေါများလာခဲ့ပါတယ်။ အလားတူပဲ တာဝန်ယူမှုတွေဟာလည်း ပေါ့ဆလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း တိုက်ပွဲတွေက ဖြစ်နေတာကြောင့် ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ CDM ပြုလုပ်တဲ့သူတွေလည်းများလာတာကြောင့် ကာလတိုသင်တန်းပေးပြီး ကျွမ်းကျင်မှုမရှိတဲ့သူတွေကို လိုအပ်တဲ့နေရာမှာ တာဝန်ခန့်အပ်ပေးနေတာတွေလည်း စစ်ကော်မရှင်ကပြုလုပ်ခဲ့ပါတယ်။ ဒီလို ကျွမ်းကျင်မှုမရှိတဲ့ ဝန်းထမ်တွေကြောင့်လည်း ပြည်သူတွေဟာ မသေသင့်ပဲနဲ့ သေဆုံးသွားရတာတွေရှိနေပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်ရှောင်မိခင်တစ်ဦးက ဆေးရုံမှာကလေးသွားမွေးရင် မိခင်ကော ၊ ကလေးပါ သေဆုံးသွားရတဲ့ အကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည်ကို ပြောင်းသုံးထားပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    5 min
  3. 1 SEPT

    မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့စစ်ဗုံး

    မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့စစ်ဗုံး စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ နယ်မြေပဋိပက္ခတွေကြောင့် ကြားထဲကနေ ပြည်သူတွေဟာ မြေစာပင်ဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရတာအများအပြားရှိပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစ စစ်ကောင်စီဟာ သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တီးကျေးရွာထဲက စစ်ဘေးရှောင်တွေရှိနေတဲ့ မဇ္ဈိမာရာမ အလယ်ကျောင်းတိုက်ထဲကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂၀ ကျော်သေဆုံးသွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ၄၀ နီးပါးရှိပါတယ်။ သေဆုံးသွားတဲ့အထဲမှာ အသက် ၅ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေး (၆) ဦးသေဆုံးသွားခဲ့ပါတယ်။ ဒီထဲမှာ မိဘ နဲ့အဝေးမှာနေရတဲ့ အသက် ၁၃ နှစ်အရွယ် နန်းလွမ့်ခမ်းလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ ပဋိပက္ခတွေကြောင့် ကြားထဲမှာ ပြည်သူဘယ်လောက်ထိခိုက်နစ်နာသွားရလဲဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်းဖို့အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    6 min
  4. 25 AGO

    လေကြောင်းဗုံးဒဏ်ကြား အသက်လုရှင်သန်နေရသူများ

    လေကြောင်းဗုံးဒဏ်ကြား အသက်လုရှင်သန်နေရသူများ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း စစ်ရေးအသာစီရရန် နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ရယူရန် အတွက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို ပိုပြီးပြုလုပ်လာခဲ့ပါတယ်။ အလားတူပဲ သျှမ်းပြည်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး”ကို ညီနောင်မဟာမိတ်တွေနဲ့ စစ်ကောင်စီ ဟာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညီနောင်မဟာမိတ်တွေ က နယ်မြေအများပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့အချိန်မှာ ဘယ်သူမှ ထင်မှတ်မထားတဲ့ လားရှိုးမြို့ကြီးအပါ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရပါသေးတယ်။ အခုဆိုရင်လည်း စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း (၁)ဆိုပြီး ကျင်းပဖို့အတွက် ကြေညာချက်ထုတ်လာပြီး ၎င်းတို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ် သီပေါ၊ မိုးကုတ်နဲ့ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အတွက် လေကြောင်းထိုးစစ်ဆင်မှု နေ့စဉ်နဲ့အမျှပြုလုပ်လာပြီဂ အရပ်သားပြည်သူ သေဆုံးမှုကလည်း မြင့်တက်လာပါတယ်။ စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ နယ်မြေပဋိပက္ခတွေကြောင့် ပြည်သူတွေကတော့ ကြားထဲမှာ မြေစာပင်အဖြစ် ခံနေရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ လေကြောင်းဗုံးဒဏ်ကြားက အသက်လုရှင်သန်နေသူများ ဆိုတဲ့ ခေါင်းစဉ် နဲ့ လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိ နားဆင်ဖို့အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    7 min
  5. 18 AGO

    သတိချပ်ဖို့လိုအပ်တဲ့ သက်ငယ်မုဒိမ်းမှုများ

    သတိချပ်ဖို့လိုအပ်တဲ့ သက်ငယ်မုဒိမ်းမှုများ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုစရိုက်တွေပေါများလာပြီ တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေတဲ့ မြန်မာနိုင်ငံထဲမှာ သက်ငယ်မုဒိမ်းမှုတွေကလည်း ပိုများလာတဲ့အတွက် သတိချပ်ဖို့လိုအပ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဖြာယောင်းပြီးခေါ်ဆောင်သွားတာ ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်တာတွေလည်း မကြာသလိုတွေ့လာခဲ့ရပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ သျှမ်းပြည် တာချီလိတ်မြို့မှာ အသက် (၈) နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်တဲ့ဖြစ်စဉ်တစ်ခုကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Podcast ထဲမှာတော့ ကလေးကို ဘယ်လိုပုံစံမျိုးနဲ့ ဖြာယောင်းသွားတာလဲ ၊ ခေါ်သွားတဲ့သူက ဘယ်လိုလူလဲ စတဲ့အချက်တွေကို ပြောပြသွားမှာဖြစ်ပြီး စာဖတ်ပရိသတ်တွေအနေနဲ့လည်း ဘယ်လို သတိထားလို့ရမလဲဆိုတာကို သိရမယ်လို့ ယုံကြည်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။ #podcast #SHANNews #Shannewsburmese

    7 min
  6. 11 AGO

    အသက်ရှင်နေလျက် ဘဝသေနေသူများ

    အသက်ရှင်နေလျက် ဘဝသေနေသူများ နိုင်ငံတစ်ဝှမ်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်အင်အားဖြည့်ဖို့အတွက် တပ်သားစုဆောင်းမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ကျင့်သုံးလာခဲ့ပါတယ်။ လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၁၄ ကြိမ်ထိရှိလာပြီ နိုင်ငံတစ်ဝှမ်း စစ်မှုထမ်းအင်အား ၇ သောင်းလောက်စုဆောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ စစ်မှုထမ်းအပတ်စဉ်တတစ်ကြိမ်မှာ လူအင်အား ၅ ထောင်အထိ စစ်ကောင်စီက စုဆောင်းခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်မှုထမ်းဥပဒေဟာ လူငယ် ၊ လူလတ်ပိုင်းတွေအတွက်တော့ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ပြည်ပထွက်သွားတဲ့လူငယ်တွေကလည်း အများပြားရှိလာခဲ့ပါတယ်။ Spring Revolution Database ရဲ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း ပြည်ပထွက်လာသူ စုစုပေါင်း ၂ ထောင်နီးပါးရှိနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း ပြည်ပမထွက်နိုင်တဲ့သူတွေအတွက်တော့ “ ရှင်နေလျက် ဘဝသေနေသလိုခံစားနေရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာရတဲ့ သူတစ်ယောက်အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည် နဲ့ အသံကိုတော့ အစားထိုးအသုံးပြုထားပါတယ်။

    6 min
  7. 29 JUL

    အိမ်တွင်းအကြမ်းဖက်မှုမှ ရုန်းထွက်ဖို့ခက်နေတဲ့ ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများ

    အိမ်တွင်းအကြမ်းဖက်မှုမှ ရုန်းထွက်ဖို့ခက်နေတဲ့ ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများ ကမ္ဘာတစ်ဝှမ်းမှာ ၁၀ မိနစ်အချိန်တိုအတွင်းမှာပဲ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံနေရတယ်လို့ ကုလသမ္မဂအမျိုးသမီးအဖွဲ့ (UN Woman) ရဲ့ ၂၀၂၄ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အမျိုးသမီး နဲ့ မိန်းကလေးငယ် ရှစ်သောင်းခွဲလောက်က သတ်ဖြတ်ခံနေရပြီ ၊ အဲဒီသတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၆၀ ရာခိုင်နှုန်းလောက်ဟာ အိမ်ထောင်ဖက် ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ လက်ချက်တွေကြောင့်ဖြစ်တယ်လို့လည်း UN Women က ဆိုပါတယ်။ ဒါတွေကြောင့်ပဲ အမျိုးသမီးပေါ် အကြမ်းဖက်ပပျောက်ဖို့ ဖဲကြိုးဖြူလှုပ်ရှားမှု လို့ဆိုပြီး နိုင်ငံတကာ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်ထိ ၁၆ ရက်သာလှုပ်ရှားမှု ကို နှစ်စဉ်ကျင်းပကြပါတယ်။ အခုလို သတ်မှတ်ပြီး လှုပ်ရှားနေပေမဲ့လည်း မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်မှာ အိမ်တွင်းအကြမ်းဖက်တွေကို နည်းမျိုးစုံဆက်ပြီး ကြုံနေရဆဲပါ။ အဲ့ထဲမှာ မြန်မာနိုင်ငံကတော့ စစ်ရေး ပဋိပက္ခတွေ ကြောင့် အိမ်တွင်းအကြမ်းဖက်မှုကို ပို ခံနေရပါတယ်။ ဒီတစ်ပတ်အတွင်း Podcast အတွင်းမှာ ထိုင်းနိုင်ငံအတွင်းကို ရွှေ့ပြောင်းအလုပ်လာလုပ်နေတဲ့ အမျိုးသမီးတွေရဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကို တင်ဆက်ပေးသွားမှာပါ။

    6 min
  8. 21 JUL

    အနာဂတ်အတွက် အသက်သွေးကြောပျက်သွားပြီ

    အနာဂတ်အတွက် အသက်သွေးကြောပျက်သွားပြီ သျှမ်းပြည် UWSA ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြေရှားသတ္တုတူးဖော်မှုတွေကြောင့် ထိုင်း - မြန်မာ နယ်စပ်ဒေသ ၂ နှစ်နိုင်ငံလုံးက မှီတင်နေတဲ့ မြစ်ချောင်းရေတွေဟာ အဆိပ်သင့်ပြီ ဒေသခံတွေ ရေအသုံးပြုဖို့အတွက် အခက်ခဲကြုံတွေ့နေကြရပါတယ်။ အခုလည်း ထိုင်းနိုင်ငံ ချင်းရိုင်းမြို့နယ်အတွင်းဖြတ်သန်းစီးဆင်နေတဲ့ နမ့်ခုတ်မြစ်ဟာ အဆိပ်သင့်ပြီ ရေနေသတ္တုဝါတွေ ရောဂါကူးစက်တာတွေဖြစ်နေရပြီ ရေအဆိပ်သင့်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းတူးဖော်နေတဲ့ မြေရှားသတ္တုဟာလည်း အိမ်နီးချင်းနိုင်ငံတွေအထိ ထိခိုက်နစ်နာမှုတွေဖြစ်စေပါတယ်။ မြေရှားသတ္တုဟာ လျှပ်စစ်ကား (EV)တွေ လေစွမ်းအင်သုံး တာဘိုင်တွေ၊ စမတ်ဖုန်း၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အလွန်အရေးပါတယ်။ ဒါ့ကြောင့် မြေရှားသတ္တုတူးဖော်မှုတွေကို သျှမ်းပြည် “UWSA” ထိန်းချုပ်ဒေသမှာ အသည်းအသန်တူးဖော်နေပြီး တရုတ်နိုင်ငံကို အဓိက တင်ပို့နေမှုနေပါတယ်။ ဒါကြောင့် ဒီမြေရှားက ပြည်သူတွေကို ဘယ်လို အခက်ခဲဖြစ်နေလဲ သဘာဝပတ်ဝန်းကျင်ဘယ်လိုပျက်စီးနေလဲ ပြည်သူတွေကရော ဒီပြဿာနာကို ဘယ်လို ရင်ဆိုင်နေရလဲဆိုတာကို ဒီတစ်ပတ် Podcast ထဲမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်အဆုံးထိနားဆင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    6 min

Información

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.