Z-Lann

Z-Lann

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

  1. နွေဦးအချစ်ပန်း မက်မွန်ခင်းလမ်း

    18 MARS

    နွေဦးအချစ်ပန်း မက်မွန်ခင်းလမ်း

    နွေဦးရဲ့ သင်္ကေတ၊ အချစ်နဲ့ ကံကောင်းခြင်းတွေရဲ့ ပြယုဂ်ဖြစ်တဲ့ 'မက်မွန်ပန်း' (Peach Blossom) လေးတွေဟာ တရုတ်ရိုးရာ ယဉ်ကျေးမှုမှာတင်မကဘဲ တစ်ကမ္ဘာလုံးက မြတ်နိုးတန်ဖိုးထားရတဲ့ ဂန္ထဝင်ပန်းလေးတွေပဲ ဖြစ်ပါတယ်။ တရုတ်ဘာသာနဲ့ 'ထောင်ဟွား' လို့ ခေါ်ဆိုပြီး နွေဦးကာလ တစ်လောကလုံးကို ပန်းရောင်တိမ်တိုက်တွေ ဖုံးလွှမ်းသွားသလို ဝေဝေဆာဆာ ပွင့်လန်းတတ်ကြပါတယ်။  ဒီနေ့မှာတော့ ပန်းချီဆရာကြီး ချီပိုင်ဆွန်ရဲ့ လက်ရာတွေထဲမှာ ရှင်သန်နေတဲ့ 'မက်မွန်ပန်း' တို့ရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။" #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #နွေဦးအချစ်ပန်းမက်မွန်ခင်းလမ်း #မက်မွန်ပန်း #ထောင်ဟွား #peachblossom #taohua

    9 min
  2. မွှေးထုံသင်းပျံ့ ရင်းမာရနံ့

    16 MARS

    မွှေးထုံသင်းပျံ့ ရင်းမာရနံ့

    လေယူရာပါလာရင် တစ်တောလုံးအနှံ့ကို မွှေးကြိုင်စေပြီး တော်သလင်းလရဲ့ လှေပြိုင်ပွဲကျင်းပတဲ့ ရာသီချိန်ခါကို အလှဆင်ပေးတဲ့ 'ရင်းမာပန်း' လေးတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ သမိုင်းမှာ အလွန်တန်ဖိုးကြီးလှတဲ့ ပန်းလေးတွေပဲ ဖြစ်ပါတယ်။ ကင်းဝန်မင်းကြီးနဲ့ ဖိုးသူတော်ဦးမင်းတို့ရဲ့ ကဗျာစာသားတွေထဲမှာ 'ရွှေယင်းတဲ့ မာငုံ' လို့ တင်စားခံခဲ့ရတဲ့ ဒီပန်းလေးတွေဟာ ထူးခြားတဲ့ အဖြူစိမ်းရောင် ခရင်မ်ပုံစံ ပွင့်ချပ်လေးတွေနဲ့အတူ စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့ကို ပိုင်ဆိုင်ထားပါတယ်။ အဆင်းလှရုံတင်မကဘဲ ရင်းမာပင်ရဲ့ အခေါက်ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါကနေ အရေပြားရောဂါတွေအထိ ကုသနိုင်တဲ့ အဖိုးတန် 'ဆေးဖက်ဝင် အာယုဗ္ဗေဒ' သဘာဝဆေးတစ်လက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ခိုင်မာလှပတဲ့ အသားကြောင့် ပရိဘောဂတွေသာမက ဂီတာ၊ ပတ္တလားနဲ့ စန္ဒယားလို တူရိယာပစ္စည်းတွေအထိ အသုံးပြုရတဲ့ ကမ္ဘာ့ဈေးကွက်ဝင် အဖိုးတန်သစ်မာတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပတ်ဝန်းကျင်ကို မွှေးရနံ့နဲ့ စိမ်းလန်းစိုပြည်စေရုံတင်မက လက်မှုပညာရှင်တွေနဲ့ ဆေးပညာရှင်တွေပါ တန်ဖိုးထားရတဲ့ 'ရင်းမာပန်း' တို့ရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်လို့ ဝင်ရောက်ကြည့်ရှု့နိုင်ပါပြီ။

    5 min
  3. လေးမျိုးစံကား ရာဇဝင်များနဲ့အတူ

    14 MARS

    လေးမျိုးစံကား ရာဇဝင်များနဲ့အတူ

    ကမ္ဘာပေါ်မှာ ဖြစ်တည်နေတဲ့ အလှဆုံးအရာတွေထဲက တစ်ခုဖြစ်တဲ့ ပန်းလေးတွေဟာ အနံ့ရှိရှိ၊ မရှိရှိ ပတ်ဝန်းကျင်ကို အမြဲတမ်း လှပတင့်တယ်စေပါတယ်။ ဒီနေ့မှာတော့ ဝါ၊ ဖြူ၊ နီ၊ စိမ်း အဆင်းမျိုးစုံနဲ့ လှပလွန်းလှပြီး ရနံ့မွှေးကြိုင်ထုံသင်းတဲ့ စံကားပန်းလေးတွေရဲ့ အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စံကားပန်းတွေဟာ ပုဂံခေတ်ကတည်းက ပုပ္ပားတောင်တော်မှာ အင်မတန် ထင်ရှားခဲ့တာပါ။ စံကားပန်းတွေ ပွင့်လန်းတဲ့ရာသီရောက်ရင် တောင်တစ်ခုလုံး ဝါထိန်နေအောင် ပွင့်လန်းတတ်တာကြောင့် "တောင်တော်ရွှေပုပ္ပါး" လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပြီး နတ်တို့ပျော်စံရာမှာ ပွင့်တဲ့ပန်းမို့ "နတ်တို့ရဲ့ပန်း" လို့လည်း အမည်တွင်ခဲ့ပါတယ်။ဒီလို ထူးခြားတဲ့ စံကားပန်းလေးတွေရဲ့ ဒဏ္ဍာရီဆန်ဆန် အလှတရားတွေအကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ အတူတူ ခံစားကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #လေးမျိုးစံကားရာဇဝင်များနဲ့အတူ #စံကားပန်း #magnoliachampaca #Champac

    5 min
  4. နွယ်အပင် တွယ်ငင်တဲ့ ခွာညို

    11 MARS

    နွယ်အပင် တွယ်ငင်တဲ့ ခွာညို

    မြူနှင်းဝေတဲ့ ပြာသိုလမှာ ငွေနှင်းစိုစိုနဲ့ ဖူးပွင့်လာတတ်တဲ့ 'ခွာညိုပန်း' လေးတွေဟာ မြန်မာ့ဆောင်းရာသီရဲ့ အလှပဆုံးသော ရာသီပန်းလေးတွေပဲ ဖြစ်ပါတယ်။ဖိုးသူတော်ဦးမင်းရဲ့ ကဗျာစာသားတွေထဲမှာ ကျော်ကြားလှတဲ့ ခွာညိုပန်းလေးတွေဟာ အိန္ဒိယနိုင်ငံကနေ စတင် ပေါက်ရောက်ခဲ့ပြီး အခုဆိုရင်တော့ မြန်မာ့ပြာသိုလရဲ့ ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။ ရှားပါးလှတဲ့ ခရမ်းရင့်ရောင် ပွင့်ရွက်လွှာလေးတွေနဲ့အတူ စူးရှထင်ရှားတဲ့ ရနံ့ကို ပိုင်ဆိုင်ထားတာကြောင့်လည်း ရှေးစာဆိုတွေက 'ခွံညို' လို့တောင် မြတ်မြတ်နိုးနိုး ခေါ်ဝေါ်ခဲ့ကြပါတယ်။ဒီနေ့မှာတော့ တန်ဖိုးမမြင့်ပေမဲ့ အဆင်း၊ အနံ့နဲ့ ဆေးဘက်ဝင်မှုတွေကြောင့် ဘုရားမှာလည်း ကပ်လှူ၊ ပန်ဆင်သူကိုလည်း လန်းဆန်းစေတဲ့ 'ခွာညိုပန်း' တို့ရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #နွယ်အပင်တွယ်ငင်တဲ့ခွာညို #ခွာညိုပန်း #flowers #clematissmilacifolia

    5 min
  5. "မွှေးရနံ့သင်းထုံ ပင်လုံးကြိုင်စုံ"

    5 MARS

    "မွှေးရနံ့သင်းထုံ ပင်လုံးကြိုင်စုံ"

    စက်တင်ဘာရဲ့ ဆောင်းဦးလေအေးလေး တိုက်ခတ်လာပြီဆိုတာနဲ့ တရုတ်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အလွန် ချိုမြိန်လွန်းတဲ့ ပန်းရနံ့တစ်ခုက လေထဲမှာ ပျံ့လွင့်လို့လာပါတယ်။ ဒီရနံ့ဟာ ဘယ်လောက်တောင် စွဲမက်စရာ ကောင်းသလဲဆိုရင် သူ့ကို 'ဆောင်းဦးရနံ့ရဲ့ ဘုရင်' လို့တောင် အသိအမှတ်ပြုထားကြပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံရဲ့ ဂုဏ်ယူစရာ ပန်းမျိုးစိတ် (၁၀) မျိုးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ 'ပင်လုံးကြိုင်ပန်း' ဒါမှမဟုတ် 'ကွေ့ဟွား' ပဲ ဖြစ်ပါတယ်။   #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #မွှေးရနံ့သင်းထုံပင်လုံးကြိုင်စုံ #ပင်လုံးကြိုင်ပန်း #flowers #osmanthusfragrans #sweetosmanthus

    10 min
  6. ပန်းတို့ရဲ့ဘုရင်မ ပီအိုနီအလှ

    26 FÉVR.

    ပန်းတို့ရဲ့ဘုရင်မ ပီအိုနီအလှ

    ပန်းမျိုးစုံ အပြိုင်အဆိုင် ပွင့်လန်းကြတဲ့ နွေဦးကာလမှာ အလှချင်းပြိုင်စရာမလိုဘဲ သူ့ရဲ့အရောင်အဆင်းနဲ့ ရနံ့ကြောင့်ထင်ရှားထူးခြားတဲ့  ပန်းတစ်မျိုးရှိပါတယ်။အဲဒါကတော့ "ပန်းတို့ရဲ့ဘုရင်မ" လို့ တင်စားကြတဲ့ “ပီအိုနီပန်း (Peony)” ပဲ ဖြစ်ပါတယ်။ တရုတ်ဘာသာနဲ့ “မူသန်းဟွား” လို့ ခေါ်တဲ့ ဒီပီအိုနီပန်းလေးတွေဟာ မင်္ဂလာရှိခြင်း၊ ကြွယ်ဝချမ်းသာခြင်းနဲ့ ချမ်းမြေ့ခြင်းကို ဆောင်ယူပေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ အစီအစဉ်လေးကနေ တရုတ်နိုင်ငံရဲ့ ကျက်သရေဆောင်ဖြစ်တဲ့“ပန်းတို့ရဲ့ဘုရင်မ  ပီအိုနီအလှ” ကို တင်ဆက်ပေးသွားမှာဖြစ်လို့ ဇာတ်လမ်းပေ့ချ်လေးကို Like & Follow လုပ်ရင်း စောင့်မျှော်ကြည့်ရှုအားပေးကြနိုင်ပါပြီခင်ဗျ။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပီအိုနီအလှ #ပန်းတို့ရဲ့ဘုရင်မပီအိုနီအလှ #peony #peonyflower

    9 min
  7. ဆောင်းဦးရဲ့ ရွှေဝါရောင် နတ်သမီး

    20 FÉVR.

    ဆောင်းဦးရဲ့ ရွှေဝါရောင် နတ်သမီး

    အေးမြတဲ့ဆောင်းဦးလေလေး တိုက်ခတ်လာချိန်၊ ခပ်ရဲရဲပင်လုံးကြိုင်တွေ မွှေးပျံ့တဲ့အချိန်ရောက်ရင် ဂန္ဓမာပန်းတွေလည်း ပွင့်လန်းလို့လာပါပြီ။ ဂန္ဓမာပန်းကို မြန်မာနိုင်ငံမှာ မသိသူမရှိလောက်ပါဘူး။ ဂန္ဓမာပန်းဟာ အမျိုးအစားစုံလင်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး၊ အရောင်အသွေးအဖုံဖုံ ရှိကြပါတယ်။ တချို့ဂန္ဓမာပန်းတွေဟာ ချည်မျှင်လိုရှည်လျားတဲ့ ပွင့်ဖတ်တွေရှိပြီး၊ တချို့အပွင့်တွေကတော့ လက်ဝါး အရွယ်လောက်ထိ စွင့်ကားကြီးမားကြတယ်။ တချို့က ရွှေရောင်လို ဝင်းလက်တောက်ပပြီး၊ တချို့က နှင်းလို ဖြူဖွေးနေကြတယ်။ ဒီလိုဂန္ဓမာပန်းအမျိုးအစားတွေအမျိုးအစားတွေအများကြီးထဲမှ ဒီနေ့မှာတော့ တရုတ်နိုင်ငံရဲ့ “မြင့်မြတ်တဲ့ ပန်းလေးမျိုး”ထဲက တစ်မျိုးဖြစ်တဲ့ “菊花”ခေါ် “ဂန္ဓမာပန်း”အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ဆောင်းဦးရဲ့ ရွှေဝါရောင်နတ်သမီး #ဂန္ဓမာပန်း #菊花 #chrysanthemumflower #chrysanthemumflowers

    10 min
  8. လှသွေးစုံသည် ကြာမျိုးဂုဏ်ညီ

    18 FÉVR.

    လှသွေးစုံသည် ကြာမျိုးဂုဏ်ညီ

    ကြာပန်းဟာ ကျေးလက်လယ်ကွင်းပြင်ထဲမှာပဲ ဖူးပွင့်နေပါစေ၊ စေတီပုထိုးတွေမှာပဲ ကပ်လှူပူဇော်ထားပါစေ၊ မြင်သူတိုင်းကို အေးချမ်းတဲ့ အလှတရားနဲ့ ကျက်သရေရှိစေတဲ့ ပန်းမျိုးပါ။ အထူးသဖြင့် ပဒုမ္မာကြာဆိုရင်တော့ အဖူး၊ အပွင့်၊ အရိုး၊ အရွက်ကအစ အမြစ်နဲ့ အစေ့အထိ ပဉ္စာ (၅) ပါးလုံး ဆေးဖက်ဝင်သလို စားသုံးလို့လည်းရတဲ့ အဖိုးတန်အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒီလိုအသုံးဝင်ပုံများလှတဲ့ ကြာပန်းလေးတွေရဲ့ အဆင်းနဲ့ အချင်း အကြောင်းအရာတွေကို "ဇာတ်လမ်း Z-Lann" ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ အသေးစိတ် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ဇာတ်လမ်း #လှသွေးစုံသည်ကြာမျိုးဂုဏ်ညီ #ကြာပန်း #ပဒုမ္မာကြာ #ကြာဖြူ #ကြာနီ #ကြာညို  #LotusFlower #NatureBeauty

    7 min

À propos

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

Vous aimeriez peut‑être aussi