Doh Athan - Our Voice

Doh Athan - Our Voice

မင်္ဂလာပါ ။ Frontier Myanmar ကနေ တင်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ “ဒို့အသံ” Podcast အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ပြည်တွင်းရဲ့ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီစဉ်တစ်ခုဖြစ်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်ရေးအကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ စုံစမ်းဖော်ထုတ်ထားတဲ့တင်ပြမှုတွေ နဲ့ ကျယ်ကျယ်ပြန့်ပြန့်မေးမြန်းထားတဲ့ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် အလွယ်တကူမကြားနိုင်တဲ့ ဘက်မျှတဲ့ နိုင်ငံတွင်းက ပြည်သူ့အသံတွေကို တတ်နိုင်သမျှ ကြိုးစားတင်ပြပေးသွားမှာပါ။ ဒီအစီအစဉ်ကို Frontier Myanmarရဲ့ website နဲ့ Facebookစာမျက်နှာပေါ်မှာ အပတ်စဉ် စနေနေ့တိုင်း ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့နဲ့ အတူတူရှိနေဖို့ ဖိတ်ခေါ်ပါရစေ။ Welcome to Doh Athan (Our Voice), an exciting new podcast from Frontier Myanmar. This online audio programme, the first of its kind in Myanmar, will help shine a spotlight on human rights issues that affect people across this beautiful country. We will leave no stone unturned in our attempts to bring unheard and moderate voices into the national dialogue through in-depth reporting and far-reaching interviews.

  1. Oct 22

    မိုင်းဒဏ်သင့် ဖခင်တယောက်ရဲ့ ပူပင်သောက - Profile Vodcast

    “သူတို့ ပညာရေးက ဘယ်လို လာမလဲတော့ ကိုယ်က မမှန်းနိုင်သေးဘူး။ ဘဝ အနာဂတ်က ဘယ်လို ဖြစ်သွားမလဲဆိုတာလည်း မပြောတတ်သေးဘူးပေါ့နော်။” စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာခဲ့တဲ့ ပြည်တွင်းစစ်နဲ့အတူ အခြားပဋိပက္ခဒေသတွေလိုပဲ ကရင်နီပြည်နယ် တစ်ဝန်းမှာလည်း မြေမြှုပ်မိုင်းအန္တရာယ်က ဒေသခံတွေကို ကြီးကြီးမားမား ခြိမ်းခြောက်နေပါတယ်။ အထူးသဖြင့် အရပ်သားတွေ မိုင်းနင်းမိလို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီး နေ့စဉ် မိသားစု စားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကို ဖြည့်ဆည်းပေးဖို့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ ဒီတစ်ပတ် ပေါ့ကတ်စ် အစီအစဉ်မှာတော့ စစ်ဘေးရှောင်ဘဝနဲ့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေရင်း မိုင်းထိခဲ့ရလို့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ဖခင်တစ်ဦးရဲ့ သားသမီးတွေ ပညာရေးအတွက် စိုးရိမ်ပူပန်နေရတဲ့အကြောင်းကို တင်ဆက်ပေးသွားပါမယ်။

    မိုင်းဒဏ်သင့် ဖခင်တယောက်ရဲ့ ပူပင်သောက - Profile Vodcast
  2. Oct 16

    ရေဘေးအလွန် အညာဒေသစစ်ရှောင်တို့ဘဝ Episode :405

    “လူပြည်မှာ မနေချင်လောက်အောင်ကို အခက်အခဲတွေ ကြုံရတာ၊ ကြာလာတော့ သေသွားတဲ့သူတွေကမှ အေးတာပဲဆိုပြီး သေတဲ့လူတွေနောက်သာ လိုက်သွားချင်တော့တယ် ဆိုတဲ့ အတွေးတွေချည်းပါပဲ” “ဒါက တစ်ပူပေါ် နှစ်ပူဆင့်ရုံတင်မကဘဲ၊ နှစ်ပူ သုံးပူလောက်ကို ဆင့်သွားတဲ့ အခက်အခဲဒုက္ခမျိုးလို့ ပြောလို့ရပါတယ်။ ရေကျသွားပြီဟေ့၊ ကိုယ့်အိမ်ကိုယ် ပြန်လို့ရပြီဟေ့ ဆိုတာမျိုးက ရွာတိုင်းအတွက် မဖြစ်နိုင်တော့ဘူးလေ” ပြီးခဲ့တဲ့ ဩဂုတ်လက အထက်မြန်မာပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး စစ်အာဏာပိုင်တွေက သဖန်းဆိပ်ဆည်ကနေ ကြိုတင်အသိမပေးဘဲ ရေလွှတ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရေဘေးဒဏ် သင့်ခဲ့ရပြန်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရေဘေးကြုံပြီးနောက် အညာမြေက တောထဲနဲ့ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေရဲ့ ရုန်းကန်နေရတဲ့ ဘ၀တွေအကြောင်းကို တင်ဆက်ပေးမှာပါ။

    ရေဘေးအလွန် အညာဒေသစစ်ရှောင်တို့ဘဝ Episode :405
  3. Sep 23

    စစ်ဘေးဒဏ်သင့် တောင်တန်းတွေပေါ်က ကရင်နီဧည့်သည် ခရီးစဉ်

    ကရင်နီပြည်နယ်ရဲ့ ဝေးလံတဲ့တောင်ပေါ်ဒေသတွေမှာ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကရင်နီဧည့်သည် ဆေးခန်းဆိုတဲ့ ဆေးပေးခန်းလေးရှိပါတယ်။ ဒီဆေးခန်းကို CDM သူနာပြု ကိုနွေဦးမာန်နဲ့ သူ့ရဲ့ပါတနာဖြစ်သူက စတင်တည်ထောင်ခဲ့တာပါ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ၊ လေကြောင်းအန္တရာယ်တွေကြားကနေ ပြည်သူတွေကိုဆေးကုသမှု လက်လှမ်းမှီစေဖို့ ကြိုးစားနေတဲ့ သူနာပြု ကိုနွေဦးမာန်ရဲ့ ငါးနှစ်တာ ဘဝဖြတ်သန်းရမှုတွေနဲ့ ကရင်နီတောတွင်းဆေးခန်း အကြောင်းကို ဒီတပတ်မှာ တင်ဆက်ပေးသွားမှာပါ။

    စစ်ဘေးဒဏ်သင့် တောင်တန်းတွေပေါ်က ကရင်နီဧည့်သည် ခရီးစဉ်
  4. Sep 23

    သီပေါတံတားပိတ်ထားခြင်းနောက် မြစ်ကူးခရီးသည်တို့ကြုံရတဲ့ ဘေးဒုက္ခ Episode: 403

    ရှမ်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ကုန်သွယ်ရေး အတွက်အဓိကကျတဲ့ တံတားတစ်စင်းဖြစ်တဲ့ သီပေါတံတားကို စစ်တပ်ဘက်က ပိတ်ထားတာ အခုဆို ၁ နှစ်နီးပါး ရှိလာပါပြီ။ တံတားပိတ်ထားတာကြောင့် ခရီးသွားတွေဟာ တံတားအောက်နေ လှေတွေ ဖောင်တွေနဲ့ ဒုဋ္ဌဝတီမြစ်ကို ဖြတ်ပြီး နေ့စဉ်သွားလာနေရပါတယ်။ မိုးတွင်းကာလ မြစ်ဖြတ်ကူး ခရီးသွားရင်း အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီတံတားကို ပိတ်ထားတာကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ခရီးသွားလာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို ထိခိုက်လာနေပါတယ်။ ဒီတစ်ပတ်မှာတော့ သီပေါတံတားပိတ်ထားတာကြောင့် ကြုံတွေ့နေရတဲ့ ရှမ်းမြောက်ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။ ဒီဆောင်းပါးကိုတော့ ဒို့အသံ​နဲ့ မိတ်ဖက်မီဒီယာဖြစ်တဲ့ ရွှေဖီမြေတို့ ပူးပေါင်းတင်ဆက်ပေးထားပါတယ်။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ရှမ်းမြောက် #သီပေါတံတား

    သီပေါတံတားပိတ်ထားခြင်းနောက် မြစ်ကူးခရီးသည်တို့ကြုံရတဲ့ ဘေးဒုက္ခ Episode: 403

Ratings & Reviews

4.2
out of 5
17 Ratings

About

မင်္ဂလာပါ ။ Frontier Myanmar ကနေ တင်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ “ဒို့အသံ” Podcast အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ပြည်တွင်းရဲ့ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီစဉ်တစ်ခုဖြစ်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်ရေးအကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ စုံစမ်းဖော်ထုတ်ထားတဲ့တင်ပြမှုတွေ နဲ့ ကျယ်ကျယ်ပြန့်ပြန့်မေးမြန်းထားတဲ့ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် အလွယ်တကူမကြားနိုင်တဲ့ ဘက်မျှတဲ့ နိုင်ငံတွင်းက ပြည်သူ့အသံတွေကို တတ်နိုင်သမျှ ကြိုးစားတင်ပြပေးသွားမှာပါ။ ဒီအစီအစဉ်ကို Frontier Myanmarရဲ့ website နဲ့ Facebookစာမျက်နှာပေါ်မှာ အပတ်စဉ် စနေနေ့တိုင်း ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့နဲ့ အတူတူရှိနေဖို့ ဖိတ်ခေါ်ပါရစေ။ Welcome to Doh Athan (Our Voice), an exciting new podcast from Frontier Myanmar. This online audio programme, the first of its kind in Myanmar, will help shine a spotlight on human rights issues that affect people across this beautiful country. We will leave no stone unturned in our attempts to bring unheard and moderate voices into the national dialogue through in-depth reporting and far-reaching interviews.

You Might Also Like