ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

  1. 9h ago

    အဆင့်မြင့် ကွန်ဒို ကြိုပွိုင့်တွေ ကိစ္စ လွှတ်တော်အမတ်က မေးမြန်းတာ၊ ကွန်ဒို အရောင်း ရုံးခန

    အောက်တိုဘာလ ၄ ရက်၊ တနင်္ဂနွေ ညပိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ် - အဆင့်မြင့် ကွန်ဒို ကြိုပွိုင့်တွေ ကိစ္စ လွှတ်တော်အမတ်က မေးမြန်းတာ၊ ကွန်ဒို အရောင်း ရုံးခန်း ချိပ်ပိတ်တာတွေ ဖြစ်လာ - စစ်တပ်ရဲ့ ချင်းတောင်ပိုင်း ထိုးစစ် နောက်ဆုံး အခြေအနေ - ပေါ်ဆန်း ဆန်တွေ စျေးတည်ငြိမ်ဖို့နဲ့ နိုင်ငံတကာကို ပိုတင်ပို့နိုင်ရေး မြန်မာနိုင်ငံ ဆန်စပါး ကုန်သည် အသင်းက သတ်မှတ်ချက်တွေထွက်လာ - ဂျပန်နိုင်ငံ နဂိုယာမှာ ကျင်းပနေတဲ့ အာရှ အားကစားပွဲတော် ပြီးဆုံးသွားပြီး ကမ္ဘာ့စံချိန် ၅၀ ကျော်ကို ချိုးနိုင်ခဲ့တဲ့ သတင်း - အိုကီနာဝါကျွန်းမှာ ဂျပန်အမျိုးသမီး တယောက်ကို အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တယောက်က သတ်ဖြတ်ခဲ့တဲ့ သတင်းထွက်လာပြီး ဂျပန် ဝန်ကြီးချုပ်က အမေရိကန် ဆီ ကန့်ကွက်လွှာပို့ထားတဲ့ သတင်း ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။ လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့ Satellite Thaicom 6 Orbital position 78.5° East Frequency 12687MHz Polarisation Vertical Symbol rate 30.000Msym/s FEC 5/6 Modulation DVB-S #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  2. 1d ago

    ကျောက်တော် လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာက ရှုတ်ချ နေပေမယ့် စစ်တပ်က ရခိုင်မှာ လေကြေ

    အောာက်တိုဘာလ ၃ ရက်၊ စနေနေ့ ညပိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ် - ကျောက်တော် လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာက ရှုတ်ချ နေပေ မယ့်လည်း စစ်တပ်က ရခိုင်မှာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်နေဆဲဖြစ် - ကုန်စျေးနှုန်းကျစေရမယ်လို့ ကတိပေးခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီအနေနဲ့ အခုလို ကုန်စျေးနှုန်းက တရိပ်ရိပ်တက်နေတာကို လွှတ်တော်မှာ ဘာတွေ တင်ပြ လုပ်ဆောင် နေပါလဲ - ယူကရိန်းမြို့တော် ကိယက်ဗ်က အရေးကြီး အခြေခံအဆောက်အအုံတွေကို ရုရှားက ပိုတိုးပြီး တိုက်ခိုက်လာ - စပိန်မှာ အိမ်ရာ အကျပ်အတည်းအရေးကို ဥပဒေပြု ကူညီဖို့ ဝန်ကြီးချုပ်က တင်ပေမယ့် လွှတ်တော်က ပယ်ချတဲ့ သတင်း - Flydubai လေကြောင်းလိုင်းမှာ အရန် လေယာဥ်မှူးက လေယာဥ်မှူးကို တိုက်ခိုက်ရာမှာ သုံးတဲ့လက်နက်က ဘာလက်နက်လဲ၊ ဘယ်က ရတာလဲ - အီသီယိုးပီးယားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရေးအတွက် တိုက်နေတဲ့ တီဂရေး သူပုန်တွေ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် သူတို့ပြည်နယ် မြို့တော်ကနေ ဆုတ်ခွာရတယ် ဆိုတဲ့အကြောင်း ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။ လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့ Satellite Thaicom 6 Orbital position 78.5° East Frequency 12687MHz Polarisation Vertical Symbol rate 30.000Msym/s FEC 5/6 Modulation DVB-S #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  3. 2d ago

    စစ်တပ်ဟာ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလွိုင်ကော် ကို ရွှေ့ပြ

    - ပြင်သစ်နိုင်ငံမှာ ပညာသင်ကြားရေး အခြေအနေတွေ ညံ့ဖျင်းမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ကြောင့် ပဲရစ်မြို့မှာ မီးလောင်မှုတွေ ဖြစ်ကာ ကောလိပ်ကျောင်း သုံးကျောင်း ထိခိုက်ပျက်စီး - ဥရောပသမဂ္ဂ ဟာ လောင်စာဆီဈေး ဆက်မြင့်နေပြီး အမေရိကန် ဖိအားတွေပို တိုးလာနေချိန် လောင်စာဆီ သိုလှောင်ပမာဏတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ပြော - အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Gyanesh Kumar ဂနက်ရှ်ကူးမားဟာ အာဏာရ BJP ပါတီ အနိုင်ရအောင် မဲ စာရင်းကို ထိန်းချုပ် ပြင်ဆင်ခဲ့တယ်လို့ ဆိုကာ ရာထူးမှ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေကို ရဲကထိန်းသိမ်း - ထရမ့် သမ္မတ ပထမသက်တမ်းမှာ အတည်ပြုခဲ့သော ဒေါ်လာ ၈ ဘီလီယံ ဖိုးရှိတဲ့ F-16V တိုက်လေယာဉ် ၆၆ စင်း ဝယ်ယူရေး သဘောတူညီမှုရဲ့ ပထမအသုတ် တိုက်လေယာဉ် နှစ်စင်း ထိုင်ဝမ်ကိုရောက်ရှိ။ - OpenAI ရဲ့ အရေးကြီး အချက်အလက်တွေကို ကိုင်တွယ်ရာမှာ မလျော် ဆောင်ရွက် ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ သုတေသီ သုံးဦးကို အလုပ်က ထုတ်ပစ်။ - နည်းပြ ဂျော့ချ်ဂျီးဆပ်နဲ့ ပြဿနာတက်ပြီး ပေါ်တူဂီလူစာရင်းကနေ ရော်နယ်ဒို ထွက်ခွာသွားတဲ့နောက် အသင်းမှာ အနှစ်နှစ်ဆယ်နီးပါး သူစိုးမိုးခဲ့တဲ့ ကျောနံပါတ် ၇ ကို ရာဖေးလီယောင်းကို ပေးခဲ့ပြီး “ရော်နယ်ဒို မရှိလည်းဖြစ်တယ်” ဆိုတဲ့ ပုံစံကို ပြသခဲ့။ - တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့က Bukang-i ဘူကောင်းအိလို့ အမည်ပြောင်ပေးထားတဲ့ အရှည် သုံးမီတာခွဲရှိ ဒီငါးကြီး ရေမြောင်းထဲ ပိတ်မိနေလို့ လွတ်မြောက်ဖို့ ထပ်ကြိုးစားခဲ့ရာမှာ ပိုက်ကွန်ငြိနေလို့ ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  4. 3d ago

    ပခုက္ကူမှာ ရေနံတွင်းတွေ ဖျက်စီးခံရလို့ သက်ရောက်မှုရှိတဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ ဆုံး

    - Esports Moblie Legends (MLBB) မှာ မြန်မာကိုယ်စားပြု ဇနကအသင်း ရှုံးပွဲမရှိ အပြတ်အသတ်နိုင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူး - ပြည်တွင်းကို ပြန်လွှဲအောင် မလုပ်နိုင်လို့ဆိုပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀၀ ကျော်ကို လုပ်သားစေလွှတ်ခွင့် ပိတ်လိုက်ပြီးနောက်ထပ် အေဂျင်စီ ၁၀ ခု လိုင်စင်ကိုလည်း အလုပ်သမား ဝန်ကြီးဌာန ပိတ်သိမ်း - တန်နက်ဆီပြည်နယ်မှာ သေဒဏ်ချမှတ်ခံရထားရတဲ့ အကျဉ်းသူကို သေစေတဲ့ဆေး နှစ်ကြိမ်ထိုးပြီး ကွပ်မျက်ဖို့ လုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ ဆေးရုံကို အရေးပေါ် ပို့လိုက်ရ - အလာစကာက သဘာဝဓာတ်ငွေ့အရည် (LNG) ပိုက်လိုင်းစီမံကိန်းမှာ တောင်ကိုရီးယားက ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့ သမ္မတ Trump ကပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားက အမေရိကန်ကို ကန့်ကွက် - K-Pop အဆိုတော် Song Min-ho ဆောင်းမင်ဟိုဟာ တောင်ကိုရီးယား စစ်မှုထမ်းဥပဒေ ချိုးဖောက်မှုနဲ့ အပြစ်ရှိကြောင်း တောင်ကိုရီးယား တရားရုံးတစ်ရုံးက စီရင်ဆုံးဖြတ် ခံခဲ့ရပြီး ထောင်ဒဏ် တစ်နှစ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ချမှတ်ခံခဲ့ရ - သီရိလင်္ကာမှာ ခဝန်သီဆာ အမည်ရ အမြင့် သုံးမီတာကျော်ရှိလို့ တောရိုင်းဆင်ကြီး ခြေထောက်မှာ သေနတ်ဒဏ်ရာရရှိခဲ့လို့ ကုသမှုခံယူပြီး သက်ဆိုင်ရာဆင်အုပ်နဲ့ ပြန်ပေါင်းပေးနိုင်ခဲ့ - ဆွစ်ဇာလန်က ရေခဲတောင်တွေ အခုနှစ်မှာ စံချိန်တင်နီးပါး ရေခဲဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရပြီး ဒါဟာ နွေရာသီမှာ အပူလှိုင်း ပြင်းထန်မှုနဲ့ ပုံမှန်မဟုတ်တဲ့အရှိန်နှုန်းနဲ့ အရည်ပျော်မှုတွေ ကြောင့်လို့ အစီရင်စာမှာ ဖော်ပြထား - အမေရိကန်တပ်ထဲက ဗိုလ်ချုပ်တွေ၊ ရေတပ်ဗိုလ်ချုပ်ကြီးတွေရဲ့ ၁၀ ရာခိုင်နှုန်းကို ရာထူးက ဖယ်ရှားခဲ့ပြီး နောက်ထပ် အဆင့်မြင့် ရာထူး ၁၀ ရာခိုင်နှုန်းကိုလည်း ထပ်ဖယ်ရှားဖို့ ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ပြောတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  5. 4d ago

    စစ်မှုထမ်းဖို့ အဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုတွေ မြို့ပြမှာ ပိုဆိုးလာနေ

    - အာရှအားကစားပွဲတော် Esports ပြိုင်ပွဲ Mobile Legends ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဇနကအသင်း အနိုင်ရလို့ ဗိုလ်လုပွဲ တက် - ကိုရီးယားစစ်မဲ့ဇုန်မှာ စစ်သား သုံးယောက် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုဟာ မြောက်ကိုရီးယား လက်ချက်ဆိုတဲ့ တောင်ကိုရီးယားရဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယား ပယ်ချ - ဒူဘိုင်းကနေ တဲလ်အဗစ်မြို့ကို ပျံတဲ့ လေယာဉ်မှာ လေယာဉ်မှူးတွေကြား အခြေအတင် စကားများတဲ့ သတင်းထွက်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျမှာ လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ။ - ဂါဇာမှာ ဘတ်စ်ကားတစ်စီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ပြီး လူငါးယောက် သေဆုံးသွားတယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ပြော။ - ယူကရိန်းမှာ နိုင်ငံတစ်ဝန်း မနေ့ညက ရုရှားတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူငါးယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သမ္မတဇလန်းစကီး ပြော။ - ဥရောပသမဂ္ဂရဲ့ Copernicus Atmosphere Monitoring Service အဖွဲ့ က အခုနှစ် အတွင်း အပူလှိုင်းတွေ၊ တောမီးလောင်ကျွမ်းမှုတွေနဲ့ လူသားတွေကြောင့်ဖြစ်တဲ့ ကာဗွန် ထုတ်လွှတ်မှုတွေ ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက်ဟာ အဆိုးရွားဆုံး အိုဇုန်း လေထုညစ်ညမ်းမှုကို ခံစားကြရတယ်လို့ အစီရင်ခံစာ ထုတ်ပြန်။ -တရုတ် AI ကုမ္ပဏီ Moonshot က လုံခြုံရေးကုမ္ပဏီတစ်ခုက မော်ဒယ်တွေကို ပြန်သုံးသပ်မှု လုပ်နေတယ်လို့ ပြောပါတယ်။ -အမေရိကန် ပြည်ထောင်စု အလက်စကာပြည်နယ်Katmai အမျိုးသားဥယျာဉ်မှာ နှစ်စဉ် ကျင်းပတဲ့ "Fat Bear Week" ( ဝဖြိုးတဲ့ဝက်ဝံရွေးပွဲ) မှာ "89Backpack" ဆိုတဲ့ ဝက်ဝံက အနိုင်ရ။ - သီရိလင်္ကာမှာ အမြင့်ဆုံးတရားရုံးက ဝန်ကြီးဟောင်းတယောက်ကို ဒဏ်ငွေ အမေရိကန်ဒေါ်လာ နှစ်သောင်း နဲ့ သတင်းစာ သုံးစောင်မှာ တောင်းပန်စာ ထုတ်ပြန်ပေးဖို့ အမိန့်ချမှတ်လိုက်တဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  6. 5d ago

    PRF ငွေကြေးထောက်ပံ့တယ်ဆိုပြီး လူအယောက် ၂၀ ကျော်ကို စစ်တပ်ဖမ်းဆီး

    - ကျောက်တော်က အိန္ဒိယဈေးကို စစ်တပ် က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲမှုမှာ သေဆုံးသူ ၅၀ ကျော်လာပြီး ဒဏ်ရာရသူ အယောက် ၆၀ နီးပါးရှိ။ - သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာရှိတဲ့ ပါလက်စတိုင်းရွာတစ်ရွာကို အစ္စရေးအခြေချ နေထိုင်သူ တစ်ရာကျော်သည် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီးနေအိမ်ကနေ ထွက်ပြေးတိမ်းရှောင် နေရာက ပြန်ဝင်လာတဲ့ ပါလက်စတိုင်းမိသားစုကို တားဆီးပိတ်ပင်မှုတွေ လုပ်ခဲ့ကြပါတယ်။ - ပြီးခဲ့တဲ့အပတ်က ကိုရီးယားစစ်မဲ့ဇုန်မှာ စစ်သား သုံးယောက် ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုဖြစ်ရာ နေရာနားမှာ မြောက်ကိုရီးယား မြေမြှုပ်မိုင်းမှုန့်ကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပြီး ဒါဟာ မြောက်ကိုရီးယားဘက်က နှစ်ဖက် အပစ်ရပ်ရေး သဘောတူညီချက်ကို ထင်ထင်ရှားရှား ချိုးဖောက်ခဲ့တာ ဖြစ်တယ်၊ ဒီကိစ္စကို “လိုအပ်သလို အရေးယူဆောင်ရွက်” သွားမယ်လို့ တောင်ကိုရီးယား ဆိုပါတယ်။ - စင်ကာပူမှာ ဉာဏ်ရည်တုနဲ့ ဖန်တီးထားတဲ့ ရေလှောင်ကန်ထဲက မိကျောင်းပုံကို လူမှုကွန်ယက်ပေါ် တင်တယ်ဆိုပြီး မြန်မာ အမျိုးသားရဲလင်းဆိုသူကို ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။ - ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မိုးဆက်တိုက်ရက်ပေါင်း သုံးဆယ့်လေးရက်ရွာလို့ မှတ်တမ်းတင်သွားခဲ့ပြီး ဒါဟာ မှတ်တမ်းစရှိခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၄၀ အတွင်း အကြာဆုံးမိုးရွာမှု ဖြစ်ပါတယ်။ - ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီဖာ) ဟာ သူတို့အပေါ် သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေခဲ့တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စွပ်စွဲလိုက်ပြီး ဖီဖာကနေ အဆိုပြုခဲ့တဲ့ အဓိကပြိုင်ပွဲကြီးတွေရဲ့ ရှယ်ယာတွေ ရောင်းချဖို့နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြန်ပေးဖို့ ယူအီဖာက အမေရိကန်တရားရုံးတစ်ခုကတစ်ဆင့် ကြိုးပမ်းနေပြီး အဲဒီတရားရုံးမှာပဲ ဖီဖာက အဲဒီလို စွပ်စွဲတာ ဖြစ်ပါတယ်။ - OpenAI ဟာ လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် သူ့ရဲ့ဉာဏ်ရည်တု(အေအိုင်)သစ် GPT-6.1 Astra ကို ထုတ်ပြန်တော့မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပြီး ဒီအေအိုင်စနစ်ဟာ ဝက်ဘ်ဆိုက်တွေ ကြည့်ရှုတာ၊ အက်ပ်တွေအသုံးပြုတာလို ကိစ္စတွေကို သူ့ဘာသာ လုပ်နိုင်တဲ့ စွမ်းရည်ရှိပေမဲ့ ကုမ္ပဏီရဲ့စံနှုန်းသတ်မှတ်ချက်ကို မပြည့်မီခဲ့ဘူးလို့ OpenAI ရဲ့လုံခြုံရေး စနစ်များ ဌာန ခေါင်းဆောင် ဆာချီ ဂျိန်းက ပြောတဲ့အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  7. 6d ago

    စစ်တပ် ဂျက်ဖိုက်တာ ကစ္ဆပနဒီတံတားနားက အိန္ဒိယဈေးကို လေကြောင်း ကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက

    - ယူကရိန်း ကီးယက်ဗ်မြို့လယ်မှာ ရှိတဲ့ နာမည်ကျော် သုတေသနနဲ့ သိပ္ပံဆိုင်ရာ အဆောက်အအုံ National Academy of Science ရုရှားဒရုန်းနဲ့တိုက်ခိုက်ခံရ။ - အီရန်ဟာ အင်္ဂလန် တောင်ပိုင်းက လေတပ်အခြေစိုက်စခန်းတစ်ခုမှာ သံသယရှိစရာ ဗုံးဖောက်ခွဲရေး အစီအစဉ်နဲ့ပတ်သက်တဲ့ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။ - အစ္စရေးဝန်ကြီးချုပ် မနေ့ တနင်္ဂနွေနေ့က အာရပ်စော်ဘွားများပြည်ထောင်စု သမ္မတ မိုဟာမက် ဘင် ဇာရစ်နဲ့ တွေ့ဆုံဖို့ UAE ကို လျှို့ဝှက်သွားရောက်ခဲ့တယ်လို့ အစ္စရေး မီဒီယာတွေမှာ ဖော်ပြ။ - တူရကီမှာ နိုင်ငံရေး သရော်စာတွေကြောင့် လူသိများတဲ့ မစ္စတာ ဂိုတက်စ်ဟာ သူ့ရဲ့ “Dead Sea” အမည်ရတဲ့ ဖျော်ဖြေမှုကို YouTube ကနေ ထုတ်လွှင့်ခဲ့ပြီး တစ်ပတ်အကြာ ဇူလိုင်လမှာ ဟာသဖျော်ဖြေမှုတစ်ခုအတွင်း သမ္မတ Recep Tayyip Erdogan ကို စော်ကားခဲ့တယ် ဆိုပြီး စွပ်စွဲ ဖမ်းဆီးခံခဲ့ရ။ - အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ “Lovely Professional University” တက္ကသိုလ်ဝင်းထဲက စီမံခန့်ခွဲရေး အဆောင်တစ်ခုမှာ ကျောင်းသူတစ်ဦး မုဒိမ်းကျင့်ခံခဲ့တဲ့သတင်း လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့လာပြီးနောက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် ချထား ထိန်းချုပ်ခဲ့ရ။ - ပြင်သစ်ကနေ အင်္ဂလိပ်ရေလက်ကြားကို လှေနဲ့ ဖြတ်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူ သုံးယောက် သေဆုံးသွားပြီး အဲဒီအထဲ ၁၀ နှစ်အရွယ် ကလေးတစ်ယောက် ပါဝင်တဲ့အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

4.3
out of 5
123 Ratings

About

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

More From BBC

You Might Also Like