ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

  1. 3h ago

    သန္နီမှာ တအိမ်တယောက် စစ်မှုထမ်းလိုက်ရမယ်၊ မလိုက်တဲ့ အိမ်ကို အိမ်သိမ်းမယ်လို့ ကိုးကန့်တပ်

    နိုဝင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ် - သန္နီမှာ တအိမ်တယောက် စစ်မှုထမ်းလိုက်ရမယ်၊ မလိုက်တဲ့ အိမ်ကို အိမ်သိမ်းမယ်လို့ ကိုးကန့်တပ်ကပြောတဲ့ အကြောင်း သတင်းတွေထွက်နေ - ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးက ၃၅ ရာခိုင်နှုန်းသာ ရှိတာကြောင့် ရှမ်းပြည်နယ်ဆိုတဲ့ အမည်ကို ပြောင်းသင့်ကြောင်း နေပြည်တော် သမ္မတက ပြောတဲ့အပေါ် ရှမ်းပြည်နယ်နိုင်ငံရေးသမားတွေ မကျေနပ်ကြ - စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်က နေ့စဥ် လေကြောင်းတိုက်ခိုက်မှု လုပ်နေ - အိန္ဒိယမြို့တော် ဒေလီဟာ လေထု အညစ်ညမ်းဆုံး ဒီပါဝလီပွဲတော်နဲ့ ကြုံနေရ - ကိုလံဘီယာမှာ ရာဇဝတ်ဂိုဏ်းတွေက ၂၄ နာရီတိုင်း ကလေးတယောက်ကို အဖွဲ့ထဲ ဆွဲသွင်းနေတယ်၊ လက်ဝဲအဖွဲ့တွေက အဆိုးဆုံးလို့ ယူနီဆက်ဖ်က ပြော ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၃၁ ကီလိုဟာ့တ်ဇ် ၉၅၆၀ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၁၁၀ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  2. 1d ago

    နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ လစာ ၂၅% ကို မိသားစုဆီ တရားဝင်နှုန်းနဲ့ လွှဲရမယ်၊ မလွှဲရင် အ

    နိုဝင်ဘာ ၇ ရက်၊ စနေနေ့ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ် - နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေရဲ့ လစာ ၂၅% ကို မြန်မာက မိသားစုဆီ တရားဝင် နှုန်းနဲ့ လွှဲရမယ်၊ မလွှဲရင် အရေးယူမယ်လို့ နေပြည်တော် အစိုးရက ဆို - WHO ညွှန်ကြားရေးမှူးချုပ်က ထုတ်ပြောလာတဲ့ မြန်မာပြည်က ကျန်းမာရေး ဌာန တွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ - သိန်းရာနဲ့ချီအကုန်ခံပြီး တပ်ဆင်ထားရတဲ့ ဆိုလာ ကွန်ဗတ်တာတွေ မိုးကြိုး မပစ်ခံရစေဖို့ ဘာတွေ လုပ်ဆောင်ရမလဲ - ပါရာဂွေးမှာ ဘဏ်တခုကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ငွေကြေးဆုံးရှုံးမှုကို အပြည့် ပြန်လျော်ပေးမယ်လို့ သမ္မတသစ်ကပြော - တရုတ် အာကာသစခန်းကိုသွားမယ့် ပထမဆုံး နိုင်ငံခြားသား အာကာသယာဥ်မှူးက ပါကစ္စတန်နိုင်ငံက ဖြစ် ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၃၁ ကီလိုဟာ့တ်ဇ် ၉၅၆၀ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၁၁၀ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  3. 4d ago

    ရခိုင်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း မွေးကင်းစတွေနဲ့ ကိုယ်ဝန်ဆောင်တွေ သေဆုံးနေ

    - အမေရိကန် သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲ လွှတ်တော် ၂ ရပ်လုံး ဒီမိုကရက်တွေနိုင် - ဒီမိုကရက်တစ်ပါတီက အမျိုးသမီး အနည်းဆုံး အယောက် ၁၀၀ အောက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဒါဟာ အရင်က မရှိဖူးတဲ့ အရေအတွက်ဖြစ် - ပြည်သူတွေ ဟာ အမုန်းတရား၊ ရာသီဥတုပြောင်းလဲမှုကို ငြင်းပယ်တာနဲ့ အခွင့်ထူးခံ အထက်တန်းလွှာတွေ ကို ဆန့်ကျင်ပြီး မဲပေးခဲ့ကြတာလို့ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြော - ယူအေအီးမှာ အမေရိကန် သမ္မတကတော် မယ်လနီယာ ထရမ့်ကို အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ဖြစ်တဲ့ အိုလ်ဂါမင်းသမီး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့် - အင်ဒိုနီးရှားမှာ သမ္မတရဲ့ ဖုန်းပြောဆိုမှုကို ကြားဖြတ်နားထောင်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရဲအရာရှိနှစ်ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်ရက်မှာ သမ္မတ ဆူဘီယန်တိုက သူ့ရုံးအဖွဲ့မှူးကို ရာထူးကနေ ထုတ်လိုက် - ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ် အလုပ်သမား လုပ်ခလစာတိုးမြှင့်ရေး ညှိနှိုင်းဖို့ အစိုးရ ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့က အနည်းဆုံးလုပ်ခလစာ တိုးပေးဖို့ သဘောတူညီလိုက် - စပိန်မှာ လူ ၆၉ ယောက် သေဆုံးခဲ့တဲ့ အမြန်ရထားတိုက်မှု ဖြစ်ပွားပြီး ရက်ပိုင်းမှာ ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူအန်တေး ရာထူးက နုတ်ထွက်သွားပါတယ်။ - ဥရောပတလွှား ခရီးသည်တင်လေယာဉ် အနည်းဆုံး ခုနစ်စင်း ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရရှိခဲ့တာကြောင့် အီတလီ၊ စပိန်၊ ပိုလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေက လေဆိပ်တွေမှာ လုပ်ငန်းတွေ နှောက်နှေးခဲ့တဲ့အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  4. 5d ago

    အမေရိကန် မူဝါဒသစ်က တရုတ်ဩဇာ လွှမ်းမိုးမှုကို တန်ပြန်မယ့် အချက်တွေ ပါဝင်နေတယ်လို့ သုံးသပ်

    - အမေရိကန် သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲအတွက် မဲရုံတွေ ဖွင့်လိုက် - ယူကရိန်းက နီပရိုမြို့ကို ရုရှားက ဒရုန်းနဲ့ တိုက်လို့ လူ ၂ ယောက်သေဆုံး - ယူအေအီးမှာ ယူကရိန်းနဲ့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲကျင်းပမယ်လို့ ရုရှားပြော - ရုရှားမှာ အလုပ်ရမယ်ဆိုပြီး စစ်မှုထမ်းခိုင်းတဲ့ လူကုန်ကူးဂိုဏ်းကို အင်ဒိုရဲ ဖော်ထုတ် - အစ္စရေးက ထွက်လာတဲ့ လေယာဉ်ပေါ် ဗုံးခွဲမယ် ခြိမ်းခြောက်လို့ အရေးပေါ် ဆင်းသက်ခဲ့ရ - ဘင်္ဂလားဒေ့ရှ်မှာ လုပ်ခလစာထက် လူနေမှုစရိတ်မြင့်တက်လို့ ကန့်ကွက်ဆန္ဒပြမှုတွေ ၄ ရက် မြောက် ဆက်ဖြစ် - မက္ကဆီကိုမှာ ကျောင်းသားတွေ ဖုန်းသုံးခွင့် ပိတ်ပင် - နီပေါ် ဧဝရက်တောင်ခြေမှာ ရဟတ်ယာဉ် နှစ်စင်း တိုက်မိ - တောင်ကိုရီးယားမှာ ယူနီဖီကေးရှင်း ဘာသာရေးဂိုဏ်း ခေါင်းဆောင် အာမခံ ပယ်ခံရ - စပိန် က တန်းနားရိဖ် ဘောလုံးအသင်း တိုက်စစ်မှုး ဟေဆူး ဒေမီဂယ် ဘောလုံးကစားရင်း ဂိုးသမားနဲ့ တိုက်မိပြီး နှလုံးဖောက်သေဆုံး - အာရှ ဖလား ဘောလုံးပွဲ ကို အိမ်ရှင် ဆော်ဒီအာရေဗျ လုံခြုံရေးကြောင့် နောက်နှစ်ကုန် အထိ ရွေ့ထားရတဲ့ အကြောင်း

  5. 6d ago

    ရခိုင်မှာ စစ်တပ်ရဲ့ မနေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက် သေဆုံး

    - ဆိုက်ဘာ တိုက်ခိုက်မှု တခုနဲ့ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်း အပြန်အလှန်စွပ်စွဲ - ယူကရိန်းပိုင် ခါဆင် ဒေသကို ရုရှားက တိုက်ခိုက်မှု ပြန်စခဲ့ - တရုတ်က မောင့်တိုင်း တောင်ပေါ်မှာ စက်ရုပ်တောင်တက်ပြိုင်ပွဲ ပထမဆုံးကျင်းပ - မြောက်ကိုရီးယား နယ်စပ်မှာ တပ်သားတယောက်သေဆုံးမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားမှာ စုံစမ်းစစ်ဆေးမှု စတင် - ဘင်္ဂလားဒေ့ရှ်မှာ လုပ်ခလစာထက် လူနေမှုစရိတ်မြင့်တက်လို့ ကန့်ကွက်ဆန္ဒပြမှုတွေ ၃ရက်မြောက် ဆက်ဖြစ် - Beatles အဖွဲ့ အစပြုရာ Hamburg မြို့က ညကလပ်တည်ထူသူ Horst Fascher အသက် ၉၀ မှာ ကွယ်လွန်စတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

  6. Nov 1

    ပြည်ပရောက်မြန်မာအလုပ်သမားတွေအပေါ် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေ ဒီကနေ့ကစ အသက်ဝင်

    - အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြ - ဒေလီမြို့မှာ မီးခိုးမြူတွေကြောင့် အိမ်ကနေ အလုပ်လုပ်ကြဖို့ ညွှန်ကြားစာထုတ် -ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး အထည်ချုပ်အလုပ်သမားတွေရဲ့လစာကို ပြန်သုံးသပ်ဖို့ ဘုတ်အဖွဲ့ဖွဲ့လိုက် - ပြည်ပရောက်မြန်မာအလုပ်သမားတွေအပေါ် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေ ဒီကနေ့ကစ အသက်ဝင် - တနင်္သာရီတိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတလျှောက်က လမ်းပိုင်းတချို့မှာ တိုက်ပွဲတွေ ဖြစ်နေ - ပဋိပက္ခ တိုက်ပွဲ ဖြစ်ရာနေရာတွေက သောက်သုံးရေ အခက်အခဲ

4.3
out of 5
123 Ratings

About

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

More From BBC

You Might Also Like